၂၀၁၄ ခုနှစ် နွေရာသီဖိတ်ခေါ် ဘတ်စကက်ဘော ပြိုင်ပွဲကျင်းပမည်

၂၀၁၄ ခုနှစ် နွေရာသီဖိတ်ခေါ် ဘတ်စကက်ဘော ပြိုင်ပွဲကျင်းပမည်

အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပ သော
၂၀၁၄ခုနှစ်၊ နွေရာသီ ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲကိုလာမည့် မေလ ၁၇ ရက် နေ့မှ၂၃
ရက်နေ့အထိ ရန်ကုန်မြို့၊ အောင်ဆန်း မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ် သွား
မည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲနှင့် အသက် ၁၈ နှစ်နှင့် အောက်
အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့်
အောက် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်လိုသော အားကစားသမားသည်၁၉၉၆ ခုနှစ် မွေးဖွားသူ
ဖြစ်၍ အထောက်အထားအဖြစ် မှတ်ပုံတင်မူရင်းတင်ပြရမည်ဖြစ်သည်။

မြန်မာ နိုင်ငံ ဘတ်စကတ်ဘောအဖွဲ့ချုပ်က နယ်မှလာ သော ပြိုင်ပွဲဝင်အသင်းများအတွက်
အသင်း တစ်သင်းလျှင် ငွေကျပ်တစ်သိန်းနှုန်း ပံ့ပိုး၍ တည်းခိုနေထိုင်စားသောက်စရိတ် တာဝန်
ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ အသင်းဝင်ကြေးအဖြစ် အလွတ်တန်းပြိုင်ပွဲ ငွေကျပ် ၁၀,၀၀၀၊
အသက် ၁၈ နှစ်အောက် ပြိုင်ပွဲငွေကျပ် ၅,၀၀၀ နှုန်းသတ်မှတ်ထားပြီး မေလ ၁၄ ရက်နေ့ နောက်
ဆုံးထား၍ မြန်မာ နိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်သို့ စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။



ဖတ်ရှုမှုအများဆုံး