(၁၁)ကြိမ်မြောက်အိုလံပစ်ကော်မတီ ဥက္ကဋ္ဌဖလားဟော်ကီပြိုင်ပွဲ ကျင်းပမည်

(၁၁)ကြိမ်မြောက်အိုလံပစ်ကော်မတီ ဥက္ကဋ္ဌဖလားဟော်ကီပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်က စီစဉ်ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အိုလံပစ်ကော်မတီ
ဥက္ကဋ္ဌဖလား ဟော်ကီပြိုင်ပွဲကိုလာမည့် မတ်လ ၃ ရက်နေ့မှစတင်၍ တစ်နေ့နှစ်ပွဲနှုန်းဖြင့် ရန်ကုန်
မြို့၊ သိမ်ဖြူဟော်ကီကွင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အသင်း ၁၂ သင်း
၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၁၂ သင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲအပြီး (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ပဏာမ
လက်ရွေးစင်ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်သည်။

"ကျွန်တော်တို့အဖွဲ့ချုပ်က ဒီပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြည်တွင်း
ပြိုင်ပွဲတွေ မကြာခဏပြုလုပ်ပေးတာဟာ လူငယ်ဟော်ကီကစားသမားတွေ ပေါ်ထွက်လာစေချင်
လို့ပါ။ လူငယ် ဟော်ကီကစားသမားတွေ များများ ပေါ်ထွက်လာအောင် တစ်နှစ်ကို ပြိုင်ပွဲငါးခု
လောက် ကျင်းပပေးသွားမှာပါ။ ပြည်တွင်း ပြိုင်ပွဲတွေ များပြားလာခြင်းက မြန်မာဟော်ကီ
လက်ရွေးစင်အသင်းအတွက်လည်း အထောက် အကူဖြစ်စေပါတယ်။ ဒီပြိုင်ပွဲပြီးရင် ပဏာမ
လက်ရွေးစင် ကစားသမားတွေ ရွေးချယ်ပြီး ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်
ပေးသွားမှာပါ"ဟု မြန်မာနိုင်ငံဟော်ကီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစောလုလုထော်က
မြန်မာတိုင်း(မ်)ကို ပြောသည်။



ဖတ်ရှုမှုအများဆုံး