မြန်မာ မသန်စွမ်းဘော်လီဘောအသင်း အာရှပြိုင်ပွဲ အတွက် လက်ရည်စစ်ပွဲ အောင်မြင်

မြန်မာ မသန်စွမ်းဘော်လီဘောအသင်း အာရှပြိုင်ပွဲ အတွက် လက်ရည်စစ်ပွဲ အောင်မြင်

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ အီရန်နိုင်ငံ MASHHDA မြို့တွင် ကျင်းပပြုလုပ်
ခဲ့သော အာရှမသန်စွမ်း ထိုင်လျက်ဘော်လီဘော လက်ရည်စစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့
သော မြန်မာမသန်စွမ်း ထိုင်လျက်ဘော်လီဘော အသင်းသည် လက်ရည်စစ်ပွဲအောင်မြင်ခဲ့ပြီး
တောင်ကိုရီးယားနိုင်ငံ၊ အင်ချုံတွင် ကျင်းပပြုလုပ် မည့် အာရှမသန်စွမ်းပြိုင်ပွဲတွင် ၀င်ရောက်
ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

မြန်မာမသန်စွမ်း ဘော်လီဘောအသင်း သည် အဆိုပါလက်ရည်စစ်ပြိုင်ပွဲသို့ ကစား သမား ၁၀ ဦး၊
အသင်းအုပ်ချုပ်သူ နည်းပြ အဖွဲ့ဝင်ခြောက်ဦး စုစုပေါင်း ၁၆ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

အီရတ်အသင်းကို ၃-၀ ဖြင့်လည်းကောင်း၊ တရုတ်အသင်းကို ၃-၀ လည်းကောင်း ရှုံးနိမ့် ခဲ့ပြီး
တောင်ကိုရီးယားအသင်းကို ၃-၂ ဖြင့် လည်းကောင်း၊ မွန်ဂိုလီးယားအသင်းကို ၃-၀ ဖြင့် လည်း
ကောင်း အနိုင်ရရှိခဲ့သည်။

အဆင့်(၅)နေရာလုပွဲတွင် တောင်ကိုရီးယားအသင်းကို ၃-၁ ဖြင့် ရှုံးနိမ့်ကာ အဆင့်(၆)နေရာမှ
လက်ရည်စစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ယခုပြိုင်ပွဲတွင် ပထမ အီရန်၊ ဒုတိယ ကာဂျစ် စတန်၊
တတိယ တရုတ်၊ စတုတ္ထ အီရတ်၊ ပ ဉ္စမ တောင်ကိုရီးယား၊ ဆဋ္ဌမ မြန်မာ၊ သတ္တမ ဂျပန်၊ အဋ္ဌမ
မွန်ဂိုလီးယားတို့ဖြစ်ပြီး အဆိုပါ ရှစ်သင်း သည် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ် မည့်
အာရှအဆင့် ထိုင်လျက်ဘော်လီဘောပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည်။

ပထမ၊ ဒုတိယ၊ တတိယအဆင့်ရရှိသော အသင်းများသည် ပိုလန်နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့်
ကမ္ဘာ့အဆင့် ထိုင်လျက် ဘော်လီ ဘောပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

မြန်မာမသန်စွမ်း ထိုင်လျက်ဘော်လီဘောအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလက မြန်မာ နိုင်ငံ
တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အရှေ့တောင်အာရှမသန်စွမ်း
အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး