တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ချီးမြှင့်မည်

တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ချီးမြှင့်မည်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ်တို့ ပူးပေါင်း
စီစဉ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး အားကစားသမားဆုချီးမြှင့်ပွဲ အခမ်းအနားကိုလာမည့်
မေလ ၁၀ ရက်နေ့ ည ရ နာရီ၌ ရန်ကုန် မြို့ Sky Star ဟိုတယ်တွင် ကျင်းပပြုလုပ် သွားမည်
ဖြစ်သည်။

အဆိုပါ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ပေးပွဲကို မြန်မာနိုင်ငံ အားကစား
ကလောင်ရှင်များ အဖွဲ့ချုပ်က ၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့သော်လည်း ၂၀၁၂
ခုနှစ်အတွက် ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းမရှိပေ။

"ကျွန်တော်တို့ ဒီအကောင်းဆုံးကစားသမား ဆုကို ၂၀၀၃ ခုနှစ်စပြီး နှစ်စဉ်ကျင်းပပြုလုပ်
လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတော့ ထူးထူးခြားခြား နိုင်ငံတကာပြိုင်ပွဲလည်းမရှိဘူး။
အကောင်းဆုံး အားကစားသမားဆု ပေးရ လောက်တဲ့ ကြီးမားတဲ့အောင်မြင်မှုမျိုးတွေ မရခဲ့
တာကြောင့် မပေးဖြစ်ခဲ့ပါဘူး။ ဒီနှစ်တော့ မြန်မာနိုင်ငံမှာ ဆီးဂိမ်းပြိုင်ပွဲကြီးလည်း ကျင်းပ
ပြုလုပ်ခဲ့တယ်။ အကောင်းဆုံးအားကစားသမား ဆုတွေကို ဆီးဂိမ်းပြိုင်ပွဲကြီးကို အခြေခံပြီး
ရွေးချယ်ချီးမြှင့်သွားမှာပါ"ဟု မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ် အလုပ် အမှု
ဆောင် ဦးလူလူမင်းက ပြောသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
များတွင် ရွှေတံဆိပ် လေးခုနှင့် အထက်၊ အာရှအဆင့်ပြိုင်ပွဲကြီးများတွင် ရွှေတံဆိပ် နှစ်ခုနှင့်
အထက် ဆွတ်ခူးနိုင်ခဲ့သော နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားကြီးများကို လည်း ဂုဏ်ပြု
သွားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး