ရှော်လ်ကေးနဲ့ ၀ုဖ်ဘတ်ပွဲတွေကို စောင့်ကြည့်ရမယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၃၄)

ရှော်လ်ကေးနဲ့ ၀ုဖ်ဘတ်ပွဲတွေကို စောင့်ကြည့်ရမယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၃၄)

ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်ပွဲစဉ်တွေကိုတော့ စောင့်ကြည့်စရာမလိုတော့ပါဘူး။ ဒီတစ်ပတ်မှာ
ဘိုင်ယန်မြူးနစ်ကတော့ ရာသီအပိတ် ဂိုးပြတ်နိုင်ပွဲနဲ့ အဆုံးသတ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့
ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ရှော်လ်ကေးနဲ့ ၀ုဖ်ဘတ်ပွဲတွေကိုတော့ အသေအချာ
သတိထားပြီး စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။

ဟာသာဘာလင် - ဒေါ့မွန် ပထမအကျော့ရလဒ်
ဒေါ့မွန် ၁-၂ ဟာသာဘာလင်

ဒေါ့မွန်အနေနဲ့ အမှတ်မလိုတော့တဲ့ အနေ အထားဖြစ်လို့ အဝေးကွင်းမှာ အားစိုက်ကစား ဖို့ဆိုတာ
စဉ်းစားစရာရှိနေပါတယ်။ နောက်ပြီး ဒေါ့မွန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဟော့ဖန်ဟိမ်းကို တောင်
အသည်းအသန်ကစားထားရတာဖြစ်ပါ တယ်။ ဒေါ့မွန်နဲ့နေဖို့ မဖြစ်နိုင်ပါဘူး။

ဘိုင်ယန်မြူးနစ် - စတုဂတ် ပထမအကျော့ရလဒ်
စတုဂတ် ၁-၂ ဘိုင်ယန်
|
ဂွာဒီယိုလာရဲ့ ဘောလုံးဒဿနကို ဝေဖန်နေ ကြပေမယ့် သူကတော့ သူ့ရဲ့တီကီတာကာ ဘောလုံး
ဒဿနကို မပြောင်းလဲဘူးလို့ ပြောခဲ့ပြီး ပါပြီ။ ဂျာဂင်ကလော့ပ်ကလည်း ဘိုင်ယန်မြူးနစ် ကို
လေပင့်ပေးနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် က ဟမ်းဘတ်ကို ၁-၄ နဲ့ နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်
ကိုပဲ ရွေးချယ်အားပေးသင့်ပါတယ်။

ရှော်လ်ကေး - နုရင်ဘတ် ပထမအကျော့ရလဒ်
နုရင်ဘတ် ၀-၀ ရှော်လ်ကေး

အိမ်ရှင်ရှော်လ်ကေးအပီအပြင်သုတ်ရမယ့် ပွဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေဗာ ကူဆင်က
နောက်ကနေ ဖိအားပေးနေလို့ပါပဲ။ စောင့်ကြည့်ရမယ့် ဒီပွဲစဉ်မှာ တန်းဆင်းသွားရပြီ ဖြစ်တဲ့ နုရင်
ဘတ်ကို လက်ရှောင်ပြီး အိမ်ရှင်နဲ့ ကခုန်ရမယ့်ပွဲပါ။

မိန့်ဇ် - ဟမ်းဘတ် ပထမအကျော့ရလဒ်
ဟမ်းဘတ် ၂-၃ မိန့်ဇ်
ဟမ်းဘတ်တို့ တန်းမဆင်းရဖို့အရေး ဏူပေ သ်် တစ်နေရာကစားခွင့်ရဖို့အသည်းအသန် ရုန်းကန်
ရမယ့်ပွဲဖြစ်ပါတယ်။ ဥရောပဝင်ခွင့်ရဖို့ မသေချာတော့တဲ့ မိန့်ဇ်ကို ငြင်းပယ်တာက မိတ်ဆွေ
အတွက် ပိုကောင်းမယ်။

အော့စ်ဘတ် - ဖရန့်ဖတ် ပထမအကျော့ရလဒ်
ဖရန့်ဖတ် ၁-၁ အော့စ်ဘတ်
မှတ်တမ်းမှတ်ရာအတွက် ကစားကြရမယ့်ပွဲ ဖြစ်ပါတယ်။ အော့စ်ဘတ်က အဆင့်(၈)မှာ ရောက်
နေပြီး ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်လို့ မရတော့သလို ဖရန့်ဖတ်ကလည်း အဆင့်(၁၃)မှာ တန်းဆင်း
ဇုန်က လွတ်သွားပြီဖြစ်ပါတယ်။ သရေရလဒ်ကို ဦးတည်နေတဲ့ပွဲလို့ ဆိုချင်ပါ တယ်။

၀ုဖ်ဘတ် - မွန်ချင်ဂလက်ဘတ် ပထမအကျော့ရလဒ်
မွန်ချင် ၂-၂ ၀ုဖ်ဘတ်

၀ုဖ်ဘတ်အနေနဲ့ လေဗာကူဆင်ကို ကျော် တက်နိုင်ဖို့ ပြင်ဆင်လာမယ့်ပုံပါပဲ။ အိမ်ကွင်း လည်းဖြစ်
နေတော့ အိမ်ရှင်ပရိသတ်အားကိုးနဲ့ ၀ုဖ်ဘတ်ရုန်းလိမ့်မယ်။ နှစ်မှတ်သာကွာတဲ့ မွန်ချင်ကို အကျော
ပေးမှာမဟုတ်တဲ့ ၀ုဖ်ဘတ် ကို သတိထားပြီး အားပေးရမယ်။

လေဗာကူဆင် - ၀ါဒါဘရီမင် ပထမအကျော့ရလဒ်
၀ါဒါဘရီမင် ၁-၀ လေဗာကူဆင်
ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် လေဗာကူဆင်အိမ်ကွင်းမှာ အမှားခံမယ်လို့ မထင်မိပါဘူး။
၀ါဒါဘရီမင်ဟာ အိမ်ကွင်း ခြေစွမ်းတော့ ကောင်းမွန်တဲ့အသင်းဖြစ်ပါ တယ်။ပြီးခဲ့တဲ့အပတ်
ဟာသာဘာလင်ကိုလည်း ၂-၀ နဲ့ နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လေဗာကူဆင် ကိုပဲ အားပေးထားတာက
ပိုကောင်းပါတယ်။

ဟန်နိုဗာ - ဖရိုင်းဘတ် ပထမအကျော့ရလဒ်
ဖရိုင်းဘတ် ၂-၁ ဟန်နိုဗာ

ပထမအကျော့ရှုံးကြွေးကိုပေးနိုင်ဖို့ ဟန်နိုဗာ အားထုတ်မယ်လို့ ထင်ပါတယ်။ နှစ်သင်းစလုံး က
ဘာမှမလိုတဲ့၊ ဘယ်ဝင်ခွင့်မှ မျှော်မှန်းလို့ မရတဲ့အသင်းတွေဖြစ်ပါတယ်။ ဖရိုင်းဘတ်က အိမ်ကွင်းမှာ
ရှော်လ်ကေးကို ရှုံးနိမ့်ခဲ့ပြီး ဟန်နိုဗာက အဝေးကွင်းမှာ ၀-၂ နဲ့ အနိုင်ရခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့်
အိမ်ရှင်ဟန်နိုဗာ ကိုပဲ အကြိုက်တွေ့ပါတယ်။ ဟန်နိုဗာရှုံးကြွေး ဆပ်မှာပါ။

ဟော့ဖန်ဟိမ်း - ဘရောက်ချ် ပထမအကျော့ရလဒ်
ဘရောက်ချ် ၁-၀ ဟော့ဖန်ဟိမ်း

ဘရောက်ချ်က Play Off ကန်ခွင့်ရလိုရငြား တင်ကစားဖို့ရှိနေပါတယ်။ ဟော့ဖန်ဟိမ်းက လည်း
ဘာမှမဖြစ်တော့တာမို့ အမှတ်ခွဲပေးဖွယ် ရှိတယ်လို့ ယူဆရပါတယ်။ ခံစစ်ကစားပုံ ကောင်းမွန်တဲ့
ဘရောက်ချ်ကို ဟော့ဖန်ဟိမ်း အပြင်းအထန်ကစားရမယ်လို့ ထင်ပါတယ်။ ဘရောက်ချ်ကို
ကြိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး