ရိုးမား-ဂျူဗင်တပ်
ပြီးခဲ့သောပွဲစဉ်တွင် ရိုးမားသည် တန်းမဆင်း ရရေး ရုန်းကန်နေရရှာသော ကာတာနီးယား
ကို ၄- ၁ ဖြင့် အရေးနိမ့်သွားခြင်းကြောင့် ကိုးပွဲဆက်တိုက်နိုင်စံချိန် တစ်ခန်းရပ်သွားသည်။
တစ်ဖက် တွင် ထိပ်ဆုံးမှ ဂျူဗင်တပ်နှင့် ရှစ်မှတ် ပြတ်သွား သောကြောင့် လက်ကျန်နှစ်ပွဲ
သာ ကစားရန် ကျန်တော့ချိန်တွင် အမှတ်မမီနိုင်တော့၍ ဂျူဗင်တပ် ဗိုလ်စွဲသွားသည်။
သို့ကလိုကြောင့် ယခုပွဲစဉ်သည် ယေဘုယျအားဖြင့် အသက်မဲ့သွားသည်ဟု ဆိုနိုင်သည်။ ရိုးမား
သည် ကာတာနီးယားကို မရှုံးမီ ကိုးပွဲ ဆက်တိုက် နိုင်ခဲ့ရာတွင် ပွဲတိုင်းလိုလို ကစား ကွက် စီးစီးပိုင်
ပိုင်ရှိပြီး အချိတ်အဆက်မိသည်။
တစ်ဖန် ဘောလုံးပိုင်ဆိုင်မှုနှင့် ကစားကွက်ဖော်ဆောင်နိုင်မှုတို့တွင် ပြိုင်ဘက်များထက် သာလွန်
ကောင်းမွန်သည်။ ဘောလုံးကို အချိန် များများ 'ကိုင်'ထားနိုင်သောကြောင့် ရိုးမားတို့ တိုက်စစ်ဆင်
လျှင် ပြိုင်ဘက်များသည် ကြာကြာတောင့်မခံနိုင်ဘဲ ပြိုဆင်းသွားတတ်ကြသည်။
ကိုးပွဲဆက်တိုက်နိုင်ခဲ့ရာတွင် ရိုးမားတိုက်စစ် ထက်မြက်ခဲ့ပြီး တစ်ပွဲပျမ်းမျှ ဂိုးသွင်းနှုန်းသည် နှစ်ဂိုး
အထက်တွင် ရှိသည်။ တိုက်စစ်တွင် ၀ါရင့် ကစားသမား တော့တီ ပြန်ကစားနိုင်သောကြောင့် ပွဲချိန်
တစ်ဝက်ထည့်သွင်းကာ လူလဲလှယ်ပေး သောကြောင့် စွမ်းဆောင်ရည်ပိုင်း ကျဆင်းသွား ခြင်းမရှိ
တာကို တွေ့ရသည်။
တော့တီသည် အသက်အရွယ်ပိုင်းအရ အကျပိုင်းသို့ ရောက်နေသော်လည်း သမ္ဘာနှင့်ထိန်းထားနိုင်
သည်။ တစ်ဖန် ရိုးမားတိုက်စစ်တွင် ဖလိုရန်ဇီ (၂၂ နှစ်)၊ ဒက်စထရို (၂၂ နှစ်)၊ အဒမ်လာဂျစ် (၂၂
နှစ်) တို့နှင့်အတူ ကစားအားကောင်းသော ဂျာဗင်ဟို (၂၆ နှစ်)တို့ကို ထည့်သွင်းသုံးစွဲသောကြောင့်
'မြိုင်'သည်။ ပြေးအား၊ တွန်းအား၊ ရွေ့လျားအား ကောင်းမွန်သည်။ ကွင်းလယ်မှ ဘောလုံးများ
ဖြန့်ထုတ်သောအခါတွင် တောင်ပံတိုက်စစ် သမားများ ပြေးလွှားနေရာယူ လှုပ်ရှားမှုတို့ ချိန်သား
ကိုက်ကာ အချိတ်အဆက်မိနေသော ကြောင့် ရိုးမားတိုက်စစ်သည် ထိရောက် ထက်မြက်သည်။
ရိုးမားတွင် ကွင်းလယ်ဗဟိုချက် ကစားသမား သုံးယောက်၏ လှုပ်ရှားမှုသည် အရေးပါသည်။
ယင်းကစားသမားသုံးယောက် တစ်သင်းလုံး၏ ရွေ့လျားမှုနှင့် ကစားရှိန်အတင်အချကို 'ကျားကန်'
ပေးထားသည်။
တစ်ဖန် တောင်ပံခံစစ်ကစား သမား (တငညါဘခေု) များ၏ တောင်ပံ ပြေးလမ်း တစ်လျှောက်
အတက်အဆင်း လိုက်ပါပံ့ပိုးမှု များ သည် ရိုးမား၏ တိုက်စစ်သာမက ခံစစ်ကိုပါ အားပြု ပေးနိုင်
သည်။ သို့ရာတွင် ရိုးမားတွင် ကွင်းလယ်ဗဟိုချက် ကစားသမားသုံးယောက် ခြေစွမ်းပျောက်၍
အချိတ်အဆက်မမိသောအခါ ကစားကွက်ပျက် ကာ နောက်တန်းပါ 'ပေါက်' သွားတတ်ကြောင်း
ကို ပြီးခဲ့သော ကာတာနီးယားနှင့်ပွဲ၌ တွေ့မြင် ရသည်။
တစ်ဖက်တွင် ဂျူဗင်တပ်သည် အမှတ်ပေး ချန်ပီယံ ဖြစ်သွားသောကြောင့် ယခုပွဲကို ထိန်း ကစား
သွားဖို့သာ အလားအလာများပြီး အရန် ကစားသမားများ၊ လူငယ်လူသစ်များကို ပွဲထုတ် လာဖွယ်
ရှိသည်။
လတ်တလော စီးရီးအေတွင် ဂျူဗင်တပ်သည် ခြေစွမ်းအားဖြင့် အတည်ငြိမ်ဆုံးဖြစ်သကဲ့သို့ ပွဲကို
အာရုံစိုက်ကာ 'ညှစ်'ကစားမည်ဆိုလျှင် ကြောက်စရာကောင်းသော ပြိုင်ဘက် ဖြစ်သည်။
၃-၅-၂ ကစားကွက်ကို ယခုရာသီတွင် အောင်မြင် စွာ ကစားပြနိုင်ခဲ့သော ဂျူဗင်တပ်နည်းပြ
ကွန်တီ သည် နောက်ပိုင်းပွဲစဉ်များတွင် ရှေ့လယ်နောက် နေရာစုံတွင် ကစားသမားများ လှည့်လည်
သုံးစွဲလာသည်ကို တွေ့ရသည်။
နောက်တန်း တွင် အီတလီလက်ရွေးစင် အော့ဘွန်နာ၊ ကွင်းလယ်တွင် မော်ရီစီယိုအစ္စလာနှင့် ပါဒို
အင်၊ တိုက်စစ်တွင် ဂျီယိုဗင်ကိုတို့ကို ထည့်သွင်း ကစားလာသော်လည်း ပြိုင်ဘက်အနေအထား
နှင့် ပွဲစဉ်အရေးပါမှုတို့ပေါ်တွင် မူတည်ကာ လူအခင်းအကျင်းများကို ပြောင်းလဲသည်။
၃-၅-၂ စနစ်အရ ဂျူဗင်တပ်တွင် ခံစစ်သမား သုံးယောက်သည် နားလည်မှုကောင်းမွန်ကာ ပိတ်ဆို့့
ဖြတ်တောက်မှု ပိရိသေသပ်လာသည်နှင့်အမျှ ကွင်းလယ်ကစား သမားများ၏ ခံစစ်ပေါ်တွင် အာရုံ
စိုက်ရခြင်းနှင့် ကာကွယ်ပေးရ ခြင်းတို့ လျော့နည်းသွားသည်။
ယင်း၏ အကျိုး ဆက်မှာ ကွင်းလယ်တွင် ဖိဖိစီးစီး အာရုံစိုက်နိုင် သောကြောင့် ကစားသမား
တစ်ယောက် အပို ထွက်လာသည်။ သို့ကလို အားသာမှုကို အမိအရ ဆုပ်ကိုင်ကာ ကွင်းလယ်
ဖန်တီးရှင် ပီယာလို သည် သက်သောင့်သက်သာ အနေအထားမှ ကစားဖော်များကို ဘောလုံးများ
စိတ်ကြိုက် 'ခင်း'ပေးခွင့်ရသောကြောင့် ပြိုင်ဘက်နောက်တန်းများ အလဲထိုးခံရတတ်သည်။
ခြံုကြည့်လျှင် ဂျူဗင်တပ်သည် ခြေစွမ်း တည်ငြိမ်ပြီး ရလဒ်များကောင်းမွန်သော်လည်း ယခုပွဲကို
သာမန်အာရုံစိုက်မှုလောက်သာထား နိုင်ဖွယ်ရှိသည်။ သို့ရာတွင် ရိုးမားမှာမူ သိက္ခာ ဆယ်ရမည့်
အနေအထားတွင်ရှိသောကြောင့် အားစိုက်ကစားဖွယ်ရှိသည်။ သို့ကလိုကြောင့် ရိုးမားကို ပိုကြိုက်
ပြီး ဂိုးများသောပွဲ ဖြစ်လာ နိုင်သည်။















