မျှော်လင့်ချက် ဆက်ရှိနေဆဲ ဘာစီလိုနာကိုပဲ ရွေးထားရမယ်

မျှော်လင့်ချက် ဆက်ရှိနေဆဲ ဘာစီလိုနာကိုပဲ ရွေးထားရမယ်

အယ်လ်ချီ - ဘာစီလိုနာ
ဒီရာသီကတော့ ဘာစီလိုနာအတွက် စိတ်ပျက် စရာ ရာသီတစ်ခုလိုဖြစ်နေခဲ့ပေမယ့် မျှော်လင့်ချက်
ကတော့ ဆုံးမသွားသေးပါဘူး။ ဒါဟာ သူတို့ အတွက် ကံတရားရဲ့ဖေးမမှု ရနေတာလားလို့ တောင်
ထင်မိပါတယ်။ ဂီတာဖေးကို အိမ်ကွင်း မှာ သရေသာ ကစားနိုင်ခဲ့လို့ လာလီဂါချန်ပီယံ ဆုကို
လက်လွှတ်လိုက်ရတော့မယ့် အနေ အထားမျိုး ကြံုခဲ့ရပေမယ့်လည်း နောက်တစ်နေ့ မှာ ထိပ်ဆုံးက
အလက်တီကိုက လီဗန်တေးကို မထင်မှတ်ဘဲ ရှုံးပွဲကြံုသွားခဲ့ရလို့ ဘာစီလိုနာ နဲ့ အလက်တီကိုကြား
မှာ ရမှတ် သုံးမှတ်သာကွာ တော့ပြီး ချန်ပီယံမျှော်လင့်ချက် ပြန်ရှင်သန်လာ ခဲ့ပါတယ်။

နောက်ဆုံးပွဲမှာ အလက်တီကို ကိုသာ အနိုင်ရအောင် ကစားနိုင်ခဲ့မယ်ဆိုရင်၊ ကြားထဲမှာ ရီးယဲလ်
ကလည်း အမှားလုပ်မိခဲ့မယ်ဆိုရင် ဘာစီလိုနာအတွက် ချန်ပီယံမျှော်လင့်ချက် အကောင်အထည်
ပေါ်လာနိုင်ပါတယ်။ အယ်လ်ချီကတော့ နောက်ဆုံးကစားထားတဲ့ပွဲမှာ မာလာဂါကို အဝေးကွင်းမှာ
အနိုင်ယူ နိုင်ခဲ့လို့ တန်းမဆင်းရရေး မျှော်လင့်ချက်တွေဆက်ပြီးရှင်သန်ခွင့်ရသွားခဲ့တယ်။

ဒါပေမဲ့လည်း လာလီဂါရဲ့ တန်းမဆင်းရရေး အောက်ဆုံးဇုန် ကိုကြည့်ရင် ဘက်တစ်တစ်သင်းတည်း
သာ တန်းဆင်းထားခဲ့ရပြီး ကျန်တဲ့အသင်းတွေ အတွက်တော့ ရုန်းကန်ခွင့်တွေရှိနေကြသေး ပါတယ်။
လက်ရှိရမှတ်တွေအရဆိုရင် ၄၁ မှတ်စီ ရနေတဲ့ အက်စ်ပန်ညို၊ မာလာဂါတို့လိုအသင်းတွေတောင်
တန်းမဆင်းရရေးအတွက် စိတ် မအေးကြရသေးပါဘူး။

နောက်ဆုံးကစားရမယ့် နှစ်ပွဲမှာ ရမှတ်တွေရအောင် ကစားဖို့ ကျန်နေ သေးတယ်။ အယ်လ်ချီလည်း
ဒီအတိုင်းပါပဲ။ မာလာဂါကို အနိုင်ကစားခဲ့လို့ ရမှတ် ၃၉ မှတ်အထိရသွားခဲ့ ပေမယ့်လည်း အောက်
ကအသင်းတွေရဲ့ဖိအား ကြောင့် အခုဘာစီလိုနာနဲ့ပွဲမှာလည်း အမှတ်ရ အောင်ကစားရဦးမယ့်
အခြေအနေမှာရှိနေပါ သေးတယ်။

ဒါကြောင့် အိမ်ရှင်အခွင့်အရေးနဲ့ တန်းမဆင်းရဖို့ စိတ်ဓာတ်အပြည့်နဲ့ ကစားလာ နိုင်တဲ့ အယ်လ်ချီရဲ့
အိမ်ကွင်းကစားအားဟာ အခုနောက်ပိုင်း ကစားပုံရော၊ စိတ်ဓာတ်မှာပါ နိမ့်ကျလာနေပေမယ့်
ချန်ပီယံမျှော်လင့်ခွင့် ဆက်ရှိနေသေးတဲ့ ဘာစီလိုနာကို ဘယ်လောက် အထိ ဖိအားပေးသွားနိုင်
မလဲဆိုတာ စောင့်ကြည့် ရတော့မယ့် အနေအထားမျိုးပါပဲ။ ဘာစီလိုနာရဲ့ အဝေးကွင်းကစားပုံ
ကလည်း သာမန်လောက်ထက် မပိုပါဘူး။

ဒီကြားထဲမှာ ပီကေးမကစားနိုင်သေးတဲ့ ခံစစ်က ဦးဆောင်သူ မဲ့နေသလိုတွေ့ရပြီး ပွဲတိုင်းလိုလို
ဖရိုဖရဲကစား ကာ ဂိုးတွေပေးနေရတယ်။ အထူးသဖြင့် ဘာစီ လိုနာ ညာနောက်ခံလူ အဲလ်ဗက်စ်ရဲ့
တိုက်စစ် ကို အလွန်အကျွံလိုက်ပါနေမှုဟာ သူ့ရဲ့အဓိက ခံစစ်နေရာအတွက် အားပျော့မှုတွေဖြစ်
နေခဲ့ပြီး ပြိုင်ဘက်အသင်းတွေဟာ ဒီအချက်ကို အဓိက အသုံးချကာ ဘာစီလိုနာဘက်ကို ဂိုးရဖို့
ပို ကြိုးစားလာကြတာတွေ့ရတယ်။

အဲလ်ဗက်စ်ဟာ ခံစစ်သမားဆိုပေမယ့် တိုက်စစ်သမားတစ်ဦးလို ရှေ့မှာချည်းကစားနေပြီး ခံစစ်ပိုင်း
ကို ပြန်ဆင်းရာမှာ အားနည်းမှု တွေ အခုနောက်ပိုင်းပွဲတွေမှာ ပိုမိုဖြစ်လာ တယ်။

ပြီးခဲ့တဲ့ ဂီတာဖေးနဲ့ပွဲမှာလည်း သူ့ကြောင့် ပေးခဲ့ရတဲ့ ပြစ်ဒဏ်ဘောကန်မယ့် အချိန်မှာ သူ့နေရာကို
ပြန်ဆင်းနိုင်ခြင်းမရှိခဲ့လို့ အဲဒီ နေရာလွတ်ကနေတစ်ဆင့် ဂီတာဖေးက ပွဲပြီး ခါနီး နောက်ဆုံးမိနစ်မှာ
ချေပဂိုးသွင်းပြီး ဘာစီ လိုနာရဲ့ ချန်ပီယံအိပ်မက်တွေကို အဆုံးသတ် ပေးလိုက်သလိုတောင် ဖြစ်သွား
ခဲ့ပါသေးတယ်။ အခုလည်း အယ်လ်ချီရဲ့ကစားပုံဟာ ဘာစီလိုနာအတွက် သတိထားရမယ့် ကစား
ပုံမျိုး ဖြစ်လာနိုင်တယ်။

အယ်လ်ချီဟာ တိုက်စစ်ပိုင်း မှာ အားနည်းမှုရှိနေပေမယ့် ဘာစီလိုနာလိုပဲ ဘောလုံးပိုင်ဆိုင်မှုကို
အသားပေးပြီး ဖြည်းဖြည်း မှန်မှန် ထိုးဖောက်ကစားတတ်တဲ့ အသင်းမျိုး ဖြစ်တဲ့အပြင် တန်းမဆင်း
ရရေးအတွက်လည်း ပရိသတ်ရဲ့ အားပေးမှုအောက်မှာ စိတ်ဓာတ် အပြည့်ထည့် ကစားလာနိုင်တဲ့
အနေအထားက ဖရိုဖရဲဖြစ်နေတဲ့ ဘာစီလိုနာကို ဖိအားကြီးကြီး မားမားဖြစ်သွားစေနိုင်တယ်။

ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းက ဂိုးရဖို့ မပူရ ဘူးဆိုပေမယ့် အခုနောက်ပိုင်းပွဲတွေမှာတော့ မက်ဆီရဲ့
တိုးအား၊ လှုပ်အားတွေလျော့လာသလို အလက်ဆစ်ရဲ့ ဂိုးသွင်းနှုန်းကလည်း ရာသီအလယ်လောက်
ကလို အားရစရာမရှိတော့ဘူး။

အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ပက်ဒရို၊ မက်ဆီ၊ အလက်ဆစ်အတွဲကို ပွဲထုတ်ခဲ့တဲ့ပွဲတွေမှာ
ပက်ဒရိုနဲ့ အလက်ဆစ်တို့ရဲ့ ဘောလုံးပေးပို့မှု တိကျသပ်ရပ်ခြင်းမရှိမှု အားနည်းချက်တွေက ဘာစီ
လိုနာတိုက်စစ်အရှိန်ကို လျော့ကျသွားစေသလိုဖြစ်နေတယ်။

ကွင်းလယ်မှာလည်း ဇာဗီ၊ အင်နီယေစတာနှစ်ယောက်စလုံးရဲ့ ခြေစွမ်း ဟာ ရာသီသိမ်းခါနီးလေ
ပုံမှန်အောက်ကို ရောက်လေဖြစ်နေတဲ့အတွက် ဘာစီလိုနာ ကွင်းလယ်ရဲ့ တိုက်စစ်ဖန်တီးပေးမှုတွေ
က လည်း လျော့ကျလာသလိုပါပဲ။

ဘာစီလိုနာဟာ ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု ထိန်းနိုင်ဖို့ ကိုပဲ အဓိကထားကစားနေသလို
တစ်ခါတလေ မှာ နည်းပြမာတီနိုရဲ့ နည်းဗျူဟာပိုင်းကြောင့် လားတော့မပြောတတ်ဘူး။ အဝေး
ဘောတွေကို သုံးလာတာ တွေ့ရတယ်။

ဘာစီလိုနာအသင်း ဟာ အနီးကပ်အတိုပေးကစားပုံနဲ့ အသားကျ နေတဲ့အသင်းမျိုးဖြစ်လို့ အဝေး
ဘော ကစားတဲ့ အခါမှာ တိကျမှုအားနည်းတာကိုလည်း မြင်နေရတယ်။ ဒါ့ပြင် နည်းပြမာတီနိုရဲ့
လူထုတ်ပုံနဲ့ လူစားလဲမှုတွေကလည်း ပုံမှန် မဟုတ်ဘဲ အမှားအယွင်းတွေရှိနေတတ်တဲ့ အတွက်
ဘာစီလိုနာရဲ့ကစားပုံဟာ ဒီရာသီမှာ အကျဘက်ကိုပြနေပြီလို့တောင် ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ချန်ပီယံမျှော်လင့်ချက်နဲ့ ဆက်ရှင်သန် ခွင့်ရလိုက်တဲ့အနေအထားက ဘာစီလိုနာ ရဲ့ကစား
ပုံနဲ့ စိတ်ဓာတ်ပိုင်းကိုပါ အပြောင်း အလဲဖြစ်သွားစေနိုင်မလားဆိုတာကို အခု အယ်လ်ချီနဲ့ပွဲမှာ
စောင့်ကြည့်ရပါတော့မယ်။

မျှော်လင့်ချက်ရှင်သန်နေဆဲဖြစ်လို့ နည်းပြ မာတီနိုအနေနဲ့လည်း သူ့အသင်းကို လူစုံထုတ် ပြီး
ပွဲထွက်လာနိုင်တဲ့အချက်က အယ်လ်ချီရဲ့ တန်းမဆင်းရရေးရုန်းကန်မှုကိုလည်း အခက် ပြန်တွေ့
စေဖို့ ရှိနေနိုင်ပါတယ်။

အယ်လ်ချီကတော့ ဘာပဲဖြစ်ဖြစ် တန်းမဆင်း ရရေးအတွက် အိမ်ကွင်းမှာ အစွမ်းကုန်ရုန်းကန်
တော့မှာ သေချာတယ်။ ဘာစီလိုနာလိုအသင်း ကို ဘယ်နေရာမှာမှ ယှဉ်နိုင်ဖို့မရှိပေမယ့်လည်း
တန်းမဆင်းရရေးဆိုတဲ့ မျှော်လင့်ချက်နဲ့ စိတ်ဓာတ်အပြည့်ထည့်ပြီး ကစားလာနိုင်တဲ့အနေ အထား
ဟာ ဘာစီလိုနာအတွက်တော့ ထိန်းချုပ် ရခက်နိုင်မယ့် အခြေအနေမျိုးပါပဲ။

အထူးသဖြင့် အယ်လ်ချီရဲ့တွဲလုံးတွေနဲ့ ထိုးဖောက်တတ်ပုံ၊ နည်းဗျူဟာ ကျကျကစားတတ်ပုံဟာ
ခံစစ်ပိုင်း အမှားအယွင်းတွေများနေတဲ့ ဘာစီလိုနာဘက် ကို တခြားအသင်းတွေ နည်းတူ တစ်ချိန်
မဟုတ် တစ်ချိန်မှာတော့ အခွင့်အရေးရအောင်ယူသွား နိုင်မှာသေချာတယ်။

ဒါကြောင့် ဒီပွဲမှာ အဓိက စဉ်းစားရတော့မှာက ခံစစ်က ဂိုးပေးရဖို့သေချာ သလောက်ရှိနေချိန်မှာ
ဘာစီလိုနာရဲ့တိုက်စစ် က လိုအပ်တဲ့ဂိုးတွေရအောင် ပြန်သွင်းနိုင်မယ့် အခြေအနေမျိုးရှိနိုင်မလား
ဆိုတာပါပဲ။

မထင် မှတ်ဘဲ ချန်ပီယံဆုအတွက် မျှော်လင့်ချက် ပြန်ရှိလာလို့ စိတ်ဓာတ်ပိုင်းပြန်အားကောင်း
လာနိုင်တဲ့ ဘာစီလိုနာကိုပဲ ရွေးချယ်ထားရမယ် ထင်ပါတယ်။ ဂိုးများနိုင်တယ်။

အခြားပွဲစဉ်များ
* ဘီလ်ဘာအို - ဆိုစီဒက်
* အလက်တီကို - မာလာဂါ
* ဘက်တစ် - ဗယ်လာဒိုးလစ်
* ဆယ်လ်တာ - ရီးယဲလ်
အက်စ်ပန်ညို - အိုဆာဆူနာ *
* ဗီလာရီးယဲလ် - ရာယို
* ဂီတာဖေး - ဆီဗီလာ
လီဗန်တေး - ဗလင်စီယာ *
ဂရန်နာဒါ - အယ်လ်မီရီယာ *



ဖတ်ရှုမှုအများဆုံး