၂၀၁၄ အော်ရီဒူးဖလား ဒုတိယအဆင့် ပွဲစဉ်များ ထွက်ပေါ်

၂၀၁၄ အော်ရီဒူးဖလား ဒုတိယအဆင့် ပွဲစဉ်များ ထွက်ပေါ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဥသမနိသသ ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်ကျင်းပသော MFF
Ooredoo Cup 2014 ပြိုင်ပွဲ၏ ဒုတိယအဆင့် ပွဲစဉ်များမဲခွဲပွဲကို ပြီးခဲ့သည့် မေလ ၂ ရက်နေ့က
ရန်ကုန်မြို့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယအဆင့်ပွဲစဉ်များကို လာမည့်မေလ ရ၊ ၈၊ ၉ ရက်နေ့များတွင် ပဒုမ္မာကွင်းနှင့် စလင်းကွင်း
တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဟံသာ ၀တီအသင်းနှင့် မောရဝတီအသင်း၊ မြဝတီအသင်း
နှင့် GFA အသင်း၊ ရခိုင်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်း၊ ဒဂုံအသင်းနှင့်
ချင်းယူနိုက်တက်အသင်း၊ ံသမင ဖသည အသင်းနှင့် ယူ-၁၉အသင်းတို့ ထိပ်တိုက် တွေ့ဆုံကြ
မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း သည် အေအက်ဖ်စီ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် အကြိုပြင်ဆင်မှုများ
ပြုလုပ်နေသဖြင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ယူ-၁၉ အသင်း နှင့်ယှဉ်ပြိုင်ရမည့် Horizon
အသင်းသည် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး