မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် ံရှ ွမသကစ တို့ ပူးပေါင်းစီစဉ်ကျင်းပသော မြန်မာ နှင့်
ထိုင်း နှစ်နိုင်ငံရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ကို လာမည့် မတ် ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီမှ စတင်၍
ရန်ကုန်မြို့၊ ဥိမ်ဖြူမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် မြန်မာနှင့် ထိုင်းအထူး စိန်ခေါ်ပွဲစဉ် သုံးပွဲပါ၀င် ပြီး အခြား
ပြည်တွင်း စိန်ခေါ်ပွဲစဉ် ခုနစ်ပွဲနျင့် စုစုပေါင်း စိန်ခေါ်ပွဲ ၁၀ ပွဲပါ၀င်မည်ဖြစ်သည်။ အဓိကတွဲဆိုင်းများ
အဖြစ် (၂၇)ကြိမ်မြောက် ဆီးဂိမ်းရွှေတံဆိပ်ချန်ပီယံ ထွန်းထွန်းမင်း(မုဒုံသား)နှင့် ထိုင်းလက်ဝှေ့
ကျော် ခရွမ်၊ စောဂေါ် မူတို(သတ္တိ)နျင့် ဖုထိုင်း၊ ရဲတံခွန်(အလင်းရောင်) နှင့် ဂွန်ချန်ပဲ(ထိုင်း) တို့
ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်သည်။
ထွန်းထွန်းမင်း(မုဒုံသား)သည် လက်ရှိတွင် ရိုးရာလက်ဝှေ့ပရိသတ်အသည်းစွဲ ပထမတန်း
လက်ဝှေ့ကျော်တစ်ဦးဖြစ်ပြီး ထွန်းထွန်းမင်းနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ခရွမ်သည်လည်း တွေ့
မရှောင်၊ ဗစာငမန်း အစရှိသော မြန်မာ လက်ဝှေ့ကျော်များဖြင့် ထိုးသတ်ခဲ့သော ၀ါရင့် လက်ဝှေ့
သမားတစ်ဦးဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ထိုးသတ်ခဲ့သော ခရွမ်နျင့် စောငမန်းတို့
ပွဲစဉ်တွင် ခရွမ်က စောငမန်းကို နှစ်ချီအတွင်း အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထွန်းထွန်းမင်းနှင့် ခရွမ်တို့ တွဲဆိုင်းသည် ရိုးရာ လက်ဝှေ့ပရိသတ်များ မျှော်လင့်နေသော
အကြိတ်အနယ်ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်သည်။ အခြားပြည်တွင်းပွဲစဉ်များအဖြစ် ရဲရင့်ထွန်း
(မုဒုံသား)နှင့် ထွန်းနိုင်ဦး(အဖြူရောင်သွေးသစ်)၊ ရှမ်းလေး(၀ါဆို) နှင့်စောလယ်ဘွယ်ထူး(T&T)၊
ဗစာဖြိုးဝေ(အဖြူရောင်သွေးသစ်)နှင့် ဖြူလေး (မုဒုံသား)၊ ဥန်းဇော်ဌေး(ငှက်အော်စမ်း)နှင့်
မောင်ကောင်း(T&T)၊ ့လောသား (၀ါဆို) နှင့်ကျော်ဝင်းအောင်(ငှက်အော်စမ်း)၊ မိုက်မိုက်(T&T)
နှင့် ခွန်းရှိုင်းထက် (အဖြူရောင်သွေးသစ်)၊ ဉားအောင် ပွဲမောင်(အဖြူရောင်သွေးသစ်) နှင့် သိန်းစိုး
(ငှက်အော်စမ်း) တို့ ယှဉ်ပြိုင်ထိုးသတ်သွား ကြမည်ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို
ကျပ် ၈,၀၀၀၊ ့ျပ် ၁၂,၀၀၀ နျင့် ကျပ် ၁၅,၀၀၀ သတ်မှတ်ထားသည်။














