ပဲပြားမောင်မောင်၏ မိသားစုကို ထောက်ပံ့ငွေများပေးအပ်

ပဲပြားမောင်မောင်၏ မိသားစုကို ထောက်ပံ့ငွေများပေးအပ်

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က လက်ဝှေ့ ပွဲအတွင်း မတော်တဆသေဆုံးခဲ့သော ပဲပြား
မောင်မောင်(ခ) စောလင်းထိုက်၏ ကျန်ရစ်သူ မိသားစုအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ပဲပြားမောင်မောင်သည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ရေးမြို့၊ ဟန်ဂယ်ရွာတွင် ကျင်းပ ပြုလုပ်
ခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွင် ထိုင်း လက်ဝှေ့သမားနှင့် ယှဉ်ပြိုင်ထိုးသတ်နေစဉ် ပထမအချီ
တစ်မိနစ်ကျော်အတွင်း မတော်တဆ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ပဲပြားမောင်မောင်မိသားစုအတွက်
မြန်မာ နိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ထောက်ပံ့ငွေ ကျပ် ၂,၀၁၅,၀၀၀ ကို ပေးအပ်ခဲ့သည်။

ပဲပြား မောင်မောင်သည် မြန်မာ့ရိုးရာလက်ဝှေ့ကို အသက် ၁၇ နှစ်အရွယ်တွင် စတင်ထိုးသတ်
ခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၂၇ နှစ် ရှိပြီဖြစ်သည်။ ပဲပြားမောင်မောင်တွင် ဇနီးနှင့်
ကိုးလသားအရွယ် သားငယ်လေးတစ်ဦး ရှိသည်။ ပဲပြားမောင်မောင်၏ ဇနီးဖြစ်သူ မနော်အယ်လာ
က "ဒီဖြစ်ရပ်ကြောင့် ယူကျုံးမရ အောင် ၀မ်းနည်းခံစားရကြောင်း၊ သို့သော် ပဲပြား မောင်မောင်၏
ကိုယ်ပွားသားလေးကို နောင်တစ်ချိန်မှာ ဖခင်ကဲ့သို့ ၀ါသနာပါမည်ဆိုပါက မြန်မာ့ရိုးရာလက်ဝှေ့ကို
ထိုးသတ်ခွင့်ပြုသွား မည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

ပဲပြားမောင်မောင်၏ ဖခင်ဖြစ်သူဦးအေးလွင်က မိမိကိုယ်တိုင် လက်ဝှေ့သမားတစ်ဦး ဖြစ်ခဲ့သလို
သားခြောက်ဦးတွင် သုံးဦးက လက်ဝှေ့သမားဖြစ်ခဲ့ပြီး ပဲပြားမောင်မောင် ဖြစ်ရပ်မှာ အလွန်ကံဆိုး
၍ ဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် သားငယ်တစ်ဦး မှာ မြှားထက်ကျော် လက်ဝှေ့ကလပ်တွင် မြှားထက်အောင်
အမည်ဖြင့် ရိုးရာလက်ဝှေ့ ထိုးသတ်လျက်ရှိရာ ဆက်လက်အားပေးခွင့်ပြုသွားမည်ဟု
ပြောကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး