၂၀၁၃-၁၄ ဂျာမန်ဘွန်ဒက်စ်လီဂါ ရာသီသိမ်း အနှစ်ချုပ်

၂၀၁၃-၁၄ ဂျာမန်ဘွန်ဒက်စ်လီဂါ ရာသီသိမ်း အနှစ်ချုပ်

ဂျာမန်ဘွန်ဒက်စ်လီဂါဟာ ရာသီပိတ်ပွဲစဉ်(၃၄) မှာ အိမ်ရှင်အများစု
အနိုင်ရပြီး သူ့ရဲ့ ၂၀၁၃-၁၄ရာသီကို ကန့်လန့်ကာချသွားခဲ့ပါပြီ။ အဲဒီ စနေ ညကပွဲမှာ ဟာသာ
ဘာလင် တစ်သင်းတည်း သာ ဒေါ့မွန်ကို ဂိုးပြတ်ရှုံးပြီး ကျန်အိမ်ရှင်တွေ အားလုံးအနိုင်ရခဲ့တာကို
တွေ့ရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ နာကျင်အချိန်ပိုရောက် မှ လူစားဝင်ကစားသမား ပစ်ဇာရိုရဲ့တစ်လုံး တည်း
သောသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကတည်းက
ဗိုလ်စွဲဖို့ သေချာခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ် အပါ အဝင် ဘွန်ဒက်စ်လီဂါရဲ့ ပြိုင်ပွဲသမိုင်း တစ်လျှောက်
၂၄ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ တာဖြစ်ပါတယ်။ ဒီလိုမျိုး ပွဲမပြီးခင်ချန်ပီယံဆု သေချာတဲ့အသင်း
မျိုးက အတော်ရှားပါတယ်။

ပရီမီယာလိဂ်ဆိုရင် နောက်ဆုံးပွဲစဉ်အထိ ရင်တမမကြည့်ခဲ့ရပြီး လာလီဂါဆိုရင်လည်း နောက်ဆုံး
ပွဲအထိ စောင့်ကြည့်ရဦးမှာပါ။

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် တန်းဆင်းသွားရသော အသင်းများ
နောက်လာမယ့်ရာသီ ချန်ပီယံလိဂ်ကို ဘိုင်ယန်၊ ဒေါ့မွန်၊ ရှော်လ်ကေး၊ လေဗာကူဆင် တို့
ချန်ပီယံလိဂ်ဝင်ခွင့်ရသွားပါတယ်။

လေဗာ ကူဆင်ကတော့ ချန်ပီယံလိဂ်ကို ခြေစစ်ပွဲအဆင့်ကနေ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါ
တယ်။ ယူရိုပါလိဂ်ပြိုင်ပွဲကိုတော့ ၀ုဖ်ဘတ်၊ မွန်ချင်ဂလက်ဘတ်၊ မိန့်ဇ်တို့က ရရှိသွားခဲ့ကြ တာကို
တွေ့ရပါတယ်။ ကံမကောင်း အကြောင်း မလှစွာနဲ့ တန်းဆင်းသွားရတဲ့အသင်းတွေက တော့
နုရင်ဘတ်နဲ့ ဘရောက်ချ်တို့ဖြစ်ပြီး ဟမ်းဘတ်အသင်းကတော့ ဘွန်ဒက်စ်လီဂါ ဒုတိယတန်းကနေ
အဆင့်(၃)ရတဲ့ ဂရုသာဖုချ် အသင်းနဲ့ အခုလာမယ့် မေ ၁၅ ရက်နဲ့ ၁၈ ရက်တွေမှာ အိမ်ကွင်း/
အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါသို့ တန်းတက်လာသော အသင်းများ
ဘွန်ဒက်စ်လီဂါကို နောက်ရာသီတန်းတက်လာမယ့်အသင်းတွေကတော့ ပွဲစဉ်(၃၄)ပွဲမှာ ၁၉ ပွဲနိုင်၊
၁၁ ပွဲသရေကျပြီး လေးပွဲရှုံးထားတဲ့ ကိုလုံးအသင်းဖြစ်ပါတယ်။ သူက ၆၈ မှတ်နဲ့ သူတို့အတန်းမှာ
ချန်ပီယံဖြစ်ခဲ့တာပါ။

ဒုတိယ နေရာကနေ တိုက်ရိုက်တန်းတက်ခွင့်ရခဲ့တဲ့ အသင်းကတော့ ပါဒါဘွန်အသင်းဖြစ်ပြီး
သူတို့ ကတော့ ၁၈ ပွဲနိုင်၊ ရှစ်ပွဲသရေကျပြီး ရှစ်ပွဲရှုံးကာ ရမှတ် ၆၂ မှတ်နဲ့ တန်းတက်လာခဲ့
တာပါ။

တိုက်စစ်အကောင်းဆုံးအသင်းနှင့် အားအနည်းဆုံးအသင်း
အင်မတန်သိသာထင်ရှားတဲ့အခြေအနေ တစ်ခုလို့ဆိုချင်ပါတယ်။ ချန်ပီယံဖြစ်သွားတဲ့ ဘိုင်ယန်
မြူးနစ်ဟာ ၉၄ ဂိုးသွင်းပြီး တိုက်စစ် အားအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင် ခဲ့သလို ဒုတိ
ယနေရာက ဒေါ့မွန်ကလည်းဂိုးပေါင်း ၈၀ သွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ် အားအနည်းဆုံးဖြစ်တဲ့
ဘရောက်ချ်ကတော့ ၂၉ ဂိုးသာ သွင်းယူနိုင်ပြီး တန်းဆင်းသွားခဲ့ရ တာဖြစ်ပါတယ်။

ခံစစ်အကောင်းဆုံးအသင်းနှင့် အားအနည်းဆုံးအသင်း
ခံစစ်အကောင်းဆုံး အသင်းကလည်းဘိုင်ယန်ပါပဲ။

ဘိုင်ယန်ဟာ ၃၄ ပွဲကစားခဲ့ရာမှာ ပေးဂိုး ၂၃ ဂိုးသာရှိခဲ့လို့ တစ်ပွဲတစ်ဂိုးနှုန်းတောင်
ပေးဂိုးမရှိခဲ့ပါဘူး။ ဒုတိယနေရာက ဒေါ့မွန် တောင် ၃၄ ပွဲမှာ ၃၈ ဂိုးရှိခဲ့ပါတယ်။ ခံစစ် အားအနည်း
ဆုံးအသင်းကို စစ်ထုတ်ရာမှာ တော့ ဇယားအောက်ဆုံးက ဘရောက်ချ်မဟုတ် ဘဲ Play-Off
ကစားရမယ့် ဟမ်းဘတ်ဖြစ်သွား ခဲ့ပါတယ်။

ဟမ်းဘတ်ဟာ ၃၄ ပွဲမှာ ရ၅ ဂိုး ပေးခဲ့ ရပြီး ဘရောက်ချ်က ဂိုး ၆၀ ပဲ ပေးခဲ့ရလို့ပါ။

အိမ်ကွင်းနိုင်ပွဲအများဆုံးအသင်းနှင့် အနည်းဆုံးအသင်း
ချန်ပီယံဖြစ်သွားတဲ့ ဘိုင်ယန်မြူးနစ်ဟာ အိမ်ကွင်းနိုင်ပွဲအများဆုံးအသင်းဖြစ်ပြီး ၁၅ ပွဲ အထိ
အနိုင်ရရှိထားပါတယ်။ အဲဒီမှာ အိမ်ကွင်း ၁၅ ဂိုးပဲ ပေးဂိုးရှိခဲ့တာက ဘိုင်ယန်အတွက် ထူးခြားချက်
ပါပဲ။ အိမ်ကွင်းနိုင်ပွဲအနည်းဆုံး အသင်းကတော့ တန်းဆင်းသွားရတဲ့ နုရင်ဘတ် အသင်းဖြစ်ပြီး
သုံးပွဲသာ အနိုင်ရရှိခဲ့လို့ပါ။ ဇယားအောက်ဆုံးက ဘရောက်ချ်တောင် အိမ်ကွင်းနိုင်ပွဲ ငါးပွဲရှိပါ
သေးတယ်။

အဝေးကွင်းနိုင်ပွဲ အများဆုံးအသင်းနှင့် အနည်းဆုံးအသင်း
ထူးဆန်းတာတစ်ခုရှိပါတယ်။
အဝေးကွင်း နိုင်ပွဲအများဆုံးဟာ ဘိုင်ယန်မြူးနစ်ပဲဖြစ်ပြီး ၁၄ ပွဲ အနိုင်ရခဲ့ပါတယ်။ အဲဒီအဝေးကွင်း
ပွဲစဉ်တွေ မှာ သူတို့ဟာ ရှစ်ဂိုးပဲပေးခဲ့ရတဲ့အတွက် အတော် အံ့ဩဖို့ကောင်းပြီး အဝေးကွင်းခံစစ်
အကောင်း ဆုံးလို့တောင် ဆိုနိုင်ပါတယ်။ အိမ်ကွင်းထက် အဝေးကွင်းမှာတောင် ခံစစ်က ပိုကောင်း
နေတဲ့ သဘောပေါ့။

အဝေးကွင်းနိုင်ပွဲအနည်းဆုံး အသင်းကတော့ ဇယားအောက်ဆုံးက တန်းဆင်း သွားရတဲ့
ဘရောက်ချ်အသင်းဖြစ်ပြီး နိုင်ပွဲ တစ်ပွဲသာရရှိပြီး လေးပွဲသရေ၊ ၁၂ ပွဲရှုံးခဲ့တာ ဖြစ်ပါတယ်။

ခြံုငုံသုံးသပ်ချက်များ
၃၄ ပွဲသာ ကစားရတဲ့ ဘွန်ဒက်စ်လီဂါဟာ အခုလက်ရှိအနေအထား အရကတော့ ၃၄ မှတ်
လောက်ရရင် တင်ကျန်ခဲ့မယ့်သဘောရှိပါ တယ်။

ဘာဖြစ်လို့လဲဆိုတော့ တင်ကျန်ခဲ့တဲ့ စတုဂတ်ဟာ ရမှတ် ၃၂ မှတ်ပဲရှိလို့ပါ။ Play-Off ကစား
ရမယ့်ဟမ်းဘတ်က ၂၇ မှတ်နဲ့ အောက် အသင်းတွေအားလုံးက ကွာခြားချက် တစ်မှတ်စီ သာ
ရှိလို့ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ဂွာဒီ ယိုလာရောက်ရှိလာခဲ့ပြီးတဲ့နောက် ဘာစီလိုနာ ကစားဟန် တီကီတာ
ကာ ကစားဟန်ကို ဘယ်လောက်အထိ သွတ်သွင်းနိုင်မလဲ၊ နောက် ပြီးတော့ အဲဒီကစားဟန်
အတိုင်း ကစားသမား တွေကရော လိုက်နာနိုင်ကြပါ့မလား။ ပိုကယ် ဖလားလုပွဲရှိနေတဲ့ ဘိုင်ယန်
အနေနဲ့ အဲဒီဖလား ကို အရယူနိုင်ဦးမှာလားဆိုတာကတော့ ပြဇာတ် ရဲ့ နောက်ဆက်တွဲ
စာမျက်နှာတွေပါပဲ။



ဖတ်ရှုမှုအများဆုံး