ဟိုနိုလူလူ အလှပန်း မီရှဲလ်ဝီ ပြန်လာပြီ

ဟိုနိုလူလူ အလှပန်း မီရှဲလ်ဝီ ပြန်လာပြီ

ကမ္ဘာကျော် ဟာဝိုင်ယီမြေက Ko. Olina Golf Club မှာ ကျင်းပသွားခဲ့တဲ့ Lotte Championship
အမျိုးသမီး ဂေါက်သီးရိုက် ပြိုင်ပွဲဟာ ၂၀၁၂ ခုနှစ်ကမှ စတင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပေမယ့်
 LPGA Tour ပြိုင်ပွဲ တစ်ရပ်ဖြစ်တာကြောင့် ထိပ်တန်းဂေါက်သီး မယ်တွေ စုံစုံညီညီ ပါ၀င်ယှဉ်ပြိုင်
ကြတဲ့ ပြိုင်ပွဲ ကြီးတစ်ရပ်ဖြစ်ခဲ့ရပါတယ်။

၇၂ ကျင်း အမျိုး အစားပြိုင်ပွဲဖြစ်ပြီး စုစုပေါင်း ဆုကြေးဒေါ်လာ နှစ်သန်းချီးမြှင့်တာကြောင့်လည်း
မက်မောဖွယ် ရာ ချန်ပီယံဆုဖလားတစ်လုံးလို့ ဆိုရဦးမှာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားအခြေစိုက်
ကုမ္ပဏီကြီး LPGA က စပွန်ဆာကျခံကျင်းပ ပေးတဲ့ ဒီပြိုင်ပွဲမှာ ၂၀၁၄ ချန်ပီယံဆုရှင်က ဟိုနိုလူလူ
သူချောလေး မီရှဲလ်ဝီဖြစ်တာကြောင့် ဟာဝိုင်ယီပရိသတ်တွေအားလုံး ပျော်ရွှင်ခဲ့ရတဲ့ ပြိုင်ပွဲတစ်ရပ်
ဖြစ်ခဲ့ရပါတယ်။

အောင်မြင်မှုတွေ နဲ့ သုံးနှစ်ကြာ ဝေးကွာနေခဲ့ရသူ မီရှဲလ်ဝီရဲ့ ၂၀၁၄ LPGA ပွဲဦးထွက်ဆုဖလားဖြစ်
သလို ဇာတိမြေမှာ ပရိသတ်တွေကျေနပ်အောင် လက်စွမ်းပြနိုင်ခဲ့တာကြောင့်လည်း ဟာဝိုင်ယီ
မီဒီယာတွေက မီရှဲလ်ပြန်လာပြီဆိုတဲ့ ခေါင်းစဉ် နဲ့ ကောင်းချီးပေးနေကြခြင်းပါပဲ။

LPGA Tour ပြိုင်ပွဲစဉ်မှာ အသက်အငယ်ဆုံး ဂေါက်သီးငွေကြယ်ပွင့်အဖြစ်နဲ့ ပါ၀င်ယှဉ်ပြိုင် ခွင့်ရခဲ့
သူ ကိုရီးယားဪအမေရိကန် ကပြားမလေး မီရှဲလ်ဝီဟာ ဟိုနိုလူလူမြေမှာ မွေးဖွားကြီးပြင်း ခဲ့
သူဖြစ်ပြီး အသက် ၁၀ နှစ်သမီးအရွယ်မှာပင် အမေရိကန်ပြည်တွင်းအပျော်တမ်းဂေါက်သီး ပြိုင်ပွဲမှာ
၀င်ရောက်ဆင်နွှဲနေခဲ့သူဖြစ်သလို ပရော်ဖက်ရှင်နယ်ဘဝကို အသက် ၁၆ နှစ်ပြည့် တဲ့နေ့မှာ ထူးထူး
ခြားခြား စတင်ခဲ့သူ အနာဂတ် ဂေါက်သီးမျိုးဆက်သစ်တစ်ဦးပဲဖြစ်ပါတယ်။

ဟာဝိုင်ယီတက္ကသိုလ်က ပရော်ဖက်ဆာ ကိုရီးယားဖခင်နဲ့ ဂေါက်သီးဝါသနာရှင် မိခင် တို့ကနေ
မွေးဖွားလာခဲ့သူ မီရှဲလ်ဟာ ၂၀၀၄ ူကေမနကျ ျွှသမိူ နြတခသာနမ သ် အ့န ့နမေ ဆုရှင်ဖြစ်ပြီး
၂၀၁၃ မှာ အမေရိကန်နိုင်ငံသား ခံယူခဲ့တာကိုလည်း ဝေဖန်မှုတော်တော်များများ ရှိခဲ့ပေမယ့်
မီရှဲလ်ကတော့ တည်တည်ငြိမ်ငြိမ် နဲ့ပဲ နားလည်မှုပေးခဲ့တာတွေ့ရပါတယ်။

ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ စတန်းဖို့ဒ် တက္ကသိုလ်မှာ ဆက်လက်ပညာဆည်းပူး
ခွင့် ရသူ အရပ်အမောင်းမြင့်မြင့်မားမား၊ သွယ်သွယ် လျလျနဲ့ ဂေါက်သီးမယ် မီရှဲလ်ဟာ စတန်းဖို့ဒ်
တက္ကသိုလ်လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်း မခံရပေမယ့် သူ့ရည်မှန်းချက်ပန်းတိုင် ပရော် ဖက်ရှင်
နယ်ကမ္ဘာမှာတော့ ငွေကြယ်ပွင့်သစ် တစ်ပွင့်အဖြစ် အများက အသိအမှတ်ပြုအောင် စွမ်းဆောင်နိုင်
ခဲ့တာကလည်း ချီးကျူးအတုယူ စရာပါပဲ။

LPGA Qualifying School  ကို ၂၀၀၈ မှာ အောင်မြင်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ကမ္ဘာကို
၂၀၀၉ မှာ ခြေလှမ်းလာခဲ့သူ ချာတိတ် မလေး မီရှဲလ်ရဲ့ ပွဲဦးထွက် LPGA ပြိုင်ပွဲကတော့ SBS
Openပြိုင်ပွဲပဲဖြစ်ပါတယ်။ ပွဲဦးထွက် ပြိုင်ပွဲမှာ ဗွေဆော်ဦးချန်ပီယံဆုဖလားပိုင်ဆိုင်
ခွင့်မရခဲ့ပေမယ့် အကောင်းဆုံးရိုက်ချက်ပိုင်ရှင် တစ်ယောက်ဖြစ်ခဲ့တာကြောင့်  IMG Agencyက
ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။

Lorena Ochoa ဆုဖလားကတော့ မီရှဲလ်ဘဝ မှာ ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ ပရော်
ဖက်ရှင်နယ်ဘဝရဲ့ ပွဲဦးထွက်ချန်ပီယံဆုဖလား ပါပဲ။ CNC Women's
Open  ဆုဖလားက မီရှဲလ်ရဲ့ ဒုတိယမြောက် LPGA ဖလား ဖြစ်ပြီး ၂၀၁၀ ဩဂုတ် ၂၉ မှာ
သူနောက်ဆုံး အောင်ပွဲခံနိုင်ခဲ့တဲ့ ပြိုင်ပွဲစဉ်ပဲဖြစ်ပါတယ်။ လောကဓံ အတက်အကျလှိုင်းကြားမှာ
သုံးနှစ် တာ ဆုဖလားတွေနဲ့ ဝေးကွာခဲ့ပေမယ့် ဖြစ်ချင်တဲ့ ကမ္ဘာကျော် ဂေါက်သီးမယ်အိပ်မက်ကို
မဖြစ်ဖြစ် အောင် အကောင်အထည်ဖော်နေသူ မီရှဲလ်ဟာ အခု နှစ်သစ်မှာ တတိယမြောက်LPGA
ဆုဖလား တစ်လုံး ထပ်မံရယူသွားခဲ့ပြီပဲဖြစ်ပါတယ်။

NO Woman is an Island ဆိုတဲ့ ခေါင်းစဉ်နဲ့ ESPN မဂ္ဂဇင်းကြီးက ဟိုနိုလူလူကျွန်းသူ ပျိုဖြူလေး
တစ်ယောက်ရဲ့ ဂေါက်သီးအောင်ပွဲခရီးတွေကို အပြည့်အစုံ တင်ဆက်ပေးခဲ့ရအောင်လည်း မီရှဲလ်
ဟာ ဂေါက်သီးကောင်းကင်ယံထက်မှာ ၀င်းပခဲ့တာကလည်း အားလုံးအသိပါပဲ။ အသက် ၁၇ နှစ်
သမီးအရွယ်မှာပင် မီရှဲလ်ရဲ့ ဆုကြေးငွေစုစုပေါင်းက ဒေါ်လာ သန်း ၂၀ နီးပါး ရှိခဲ့တာကို ကြည့်
မယ်ဆိုရင်လည်း ဟာဝိုင်ယီ ပျိုဖြူရဲ့ လက်စွမ်းထက်မှုကို မှန်းဆမိနိုင်ကြ မှာပါ။

"Top 10 စာရင်းထဲဝင်ဖို့က ကျွန်မရဲ့ လတ်တလော အိပ်မက်ပါပဲ။ လာမယ့်ပြိုင်ပွဲတွေ မှာ
အကောင်းဆုံးကြိုးစားဖို့ ရည်ရွယ်ထားပါ တယ်။ ဇာတိမြေပရိသတ်တွေကို ပျော်ရွှင်စေ ခွင့်ရတဲ့
အတွက် ကြည်နူးပီတိဖြစ်ရပါတယ်"လို့ ဆိုထားပါကြောင်း တင်ပြရင်း...။



ဖတ်ရှုမှုအများဆုံး