လစ္စဘွန်းမှာ အားပြိုင်မယ့် မက်ဒရစ်ဒါဘီ

လစ္စဘွန်းမှာ အားပြိုင်မယ့် မက်ဒရစ်ဒါဘီ

ဒီရာသီမှာတော့ ဥရောပကလပ်အသင်းတွေ အားပြိုင်ပွဲက စပိန်လာလီဂါကလပ်တွေပဲ အနိုင်ရ
ဗိုလ်စွဲတဲ့ ပြိုင်ပွဲဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယူရိုပါ လိဂ်ဖလားဗိုလ်လုပွဲမှာ လာလီဂါကလပ် ဆီဗီ
လာဗိုလ်စွဲသွားအပြီးမှာ ဒီတစ်ခါတော့ မက်ဒရစ်မြို့တော်ရဲ့ မဟာအသင်းကြီးနှစ်သင်း အားပြိုင်
ကြတော့မှာဖြစ်လို့ လာလီဂါအောင်ပွဲ ဆင်တဲ့ ရာသီလို့ဆိုရတာပဲ ဖြစ်ပါတယ်။

ဆီဗီလာပြီးရင် မက်ဒရစ်နှစ်သင်းထဲက တစ်သင်းဗိုလ်စွဲအောင်ပွဲခံတော့မှာ ဖြစ်ပါ တယ်။ ဆီဗီလာ
က အီတလီ တူရင်မြို့မှာ အောင်ပွဲခံတယ်။ အခုမက်ဒရစ်နှစ်သင်းထဲက တစ်သင်းက လစ္စဘွန်းမြို့
တော်မှာ အောင်ပွဲခံ မယ်။ မေ ၂၄ ရဲ့ ညချမ်းမှာ လစ္စဘွန်းမြို့တော် နဲ့အပြိုင် မက်ဒရစ်မြို့တော်ရဲ့
ရင်ပြင်တွေမှာ နှစ်ဖက်အသင်း အားပေးတဲ့ပရိသတ်တွေ အောင်ပွဲခံကြမယ့်၊ ကြေကွဲကြမယ့်အချိန်
ဖြစ် နေပါတယ်။

မက်ဒရစ်နှစ်သင်းရဲ့ လစ္စဘွန်း အားပြိုင်ပွဲက ဘယ်အသင်းအောင်ပွဲခံမလဲ၊ ရီးယဲလ်မက်ဒရစ်လား၊
အလက်တီကိုမက်ဒရစ် လား စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ တကယ် လို့သာ အလက်တီကို
မက်ဒရစ် အောင်ပွဲခံ သွားရင်တော့ အလက်တီကို သမိုင်းဟာ ထူးခြား သွားမှာဖြစ်သလို အာဂျင်
တီးနားနည်းပြ ဆီမြွန်နီရဲ့ဘဝဟာလည်း ထူးခြားသွားမှာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အောင်ပွဲခံ
သွားရင်လည်း ၂၀၀၂ နောက်ပိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလားကိုရယူတဲ့ ရီးယဲလ် အသင်းဖြစ်
သွားမှာ ဖြစ်သလို အီတလီနည်းပြအန်ဆယ် လော့တီဘဝဟာလည်း ချန်ပီယံလိဂ်ဖလားကို
သုံးကြိမ်မြောက်ရယူ သွားနိုင်သူဖြစ်သွား မှာပဲ ဖြစ်ပါတယ်။

မက်ဒရစ် နှစ်သင်းကိုကိုယ်စားပြုထားတဲ့ အာဂျင်တိုင်းမန်နေ ဂျာနဲ့ အီတာ လျံ မန်နေဂျာတို့
အားပြိုင်မှု ကတော့ စိတ်ဝင်စား စရာပြည့်လို့ နေပြီဖြစ်ပါ တယ်။ ချန်ပီယံတွေကို ဆီမြွန်နီနိုင်ခဲ့
တယ် ချန်ပီယံလိဂ်မှာ အလက်တီကိုအသင်း ဗိုလ်လုပွဲတက်မယ်လို့ ဘယ်သူကမှ ထင်မထား
ခဲ့ပါဘူး။ ယုတ်စွအဆုံး နည်းပြဆီမြွန်နီ ကိုယ်တိုင်သည်ပင်လျှင် ထင်မှတ်ထားမယ်မထင်ခဲ့ပါဘူး။

အုပ်စုအဆင့်တွေထားလိုက်လို့ ရှုံးထွက်အဆင့်မှာ ချန်ပီယံလိဂ်အောင်မြင်မှုတွေရထားတဲ့ အေစီ
မီလန်ကို ကျော်လွှားလိုက် ပါတယ်။ ဒီအထိတော့ အားလုံးက လက်ခံနိုင်ခဲ့ ပါတယ်။ ဒီနှစ်မှာ
အေစီမီလန်က ထိပ် တန်းအဆင့် မရောက်ခဲ့လို့ ပါ။ ဒါပြီးတော့ ဘာစီလိုနာနဲ့ ကွာတားဖိုင်နယ်ပွဲ
ကစားရတယ်။ ဘာစီလိုနာ ပွဲချောင်တယ်လို့ ထင်ထားခဲ့ကြတယ်။ အလက်တီကိုက ချန်ပီယံ
လိဂ်မှာ အစဉ်အလာမရှိတဲ့အသင်း ဖြစ်နေတာကိုး။ ဘာစီလိုနာကလည်း ချန်ပီယံလိဂ်မှာ
အစဉ်အလာကောင်း နဲ့ဆိုတော့ ဆီမြွန်နီမတတ်နိုင်ဘူးလို့ ထင်ထားခဲ့ ကြပါတယ်။

ဒါပေမဲ့ ဆီမြွန်နီတတ်နိုင်သွားခဲ့ ပါတယ်။ ချန်ပီယံလိဂ်မှာ ဆရာတွေဖြစ်ခဲ့တဲ့ အေစီမီလန်၊
ဘာစီလိုနာတို့ကို နောက်ကောက်ချ အပြီးမှာ နောက်ထပ်ချန်ပီယံ ချယ်လ်ဆီးနဲ့ ထပ်တွေ့ပြန်
တော့ မော်ရင်ညိုအရှိန်အဝါကိုဆီမြွန်နီမကျော်နိုင်ခဲ့ပါဘူး။ ပထမအကျော့ အိမ်ကွင်းမှာ သရေ
ကျလိုက်လို့ ဒုတိယပွဲမှာတော့ ဆီမြွန်နီ နောက်ကောက်ချခံရပြီလို့ပဲ ထင်ထားခဲ့ကြပါတယ်။

ဒါပေမဲ့ ပြောင်းပြန်ဖြစ် သွားပါတယ်။ အိမ်ကွင်းမှာ မော်ရင်ညို နောက်ကောက်ချခံလိုက်ရပါတယ်။
ဒါဟာ ဆီမြွန်နီရဲ့ မဟာအောင်မြင်မှုပဲ ဖြစ်ပါတယ်။ ချန်ပီယံသုံးသင်းကို တစ်ဆင့်စီနောက်ကောက်
ချနိုင်လို့ အခုလစ္စဘွန်းကို ရောက်တဲ့ခရီးက ဆီမြွန်နီအနေနဲ့ ကျေနပ် စရာပဲ ဖြစ်ပါတယ်။ လာလီ
ဂါမှာလည်း၊အရင် ဆုံး အခုယှဉ်ပြိုင်ရမယ့် ရီးယဲလ်မက်ဒရစ်ကို ပွဲစဉ်(၃၇)အပြီးမှာတင် ချန်
ထားလိုက်ပြီး နောက်ဆုံးပွဲစဉ် မှာ ဘာစီလိုနာ အိမ်ကွင်းမှာ အောင် ပွဲခံသွားတဲ့အလက်တီကိုဟာ
ဒီရာသီမှာတော့ အထူးခြား ဆုံးအသင်းပဲဖြစ်ပါတယ်။

အသင်းလိုက် ကစားအားကောင်း ခြင်းနဲ့ ၂၀၁၃-၁၄ ဘောလုံးရာသီကို ဖြတ်သန်းခဲ့တဲ့ ဆီမြွန် နီ
ဟာ ဒီရာသီ နောက် ဆုံးပွဲစဉ်ကိုလည်း ခပ်မာမာကစား ပုံနဲ့ ဖြတ် သန်းလာ တော့မှာ သေချာနေ
ပါတယ်။ ဒါပေမဲ့ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကိုကျော်ဖြတ်နိုင်ပါ့မလား။ ရော်နယ်ဒိုရဲ့နေရာ
ဟောင်း လစ္စဘွန်းမြို့က စပို့တင်းလစ္စဘွန်းကလပ် ဟာ ရီးယဲလ်မက်ဒရစ်ရဲ့ အဓိကကစားသမား
စီရော်နယ်ဒိုရဲ့ မွေးဖွားရာနေရာဟောင်းဖြစ်နေ ပါတယ်။

စပို့တင်းမှာ မွေးဖွားလာခဲ့ပြီး မထင်မရှားချာတိတ်ဘဝမှာ မန်ယူရဲ့အမေရိကားတိုး ခရီးကအပြန်
အခုဗိုလ်လုပွဲကစားမယ့် စပို့တင်း ကွင်းသစ်ကြီးရဲ့ ကွင်းဖွင့်ပွဲအဖြစ် မန်ယူကို ဖိတ်ခေါ်ခဲ့ပြီး စပို့တင်း
လစ္စဘွန်းနဲ့ မန်ယူတို့ ခြေစမ်းကစားရာက ဖာဂူဆန်တွေ့သွားပြီး လစ္စဘွန်းကအပြန် လေယာဉ်ပေါ်
မှာ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်တို့ ၀ိုင်းပြီးတောင်းဆိုကြရာ က မန်ယူရောက်ရောက်ချင်းပဲ ဖာဂူဆန်
ဟာ ကမ္ဘာ့ထိပ်တန်း ကစားသမားဖြစ်လာမယ့် စီရော်နယ်ဒိုဆိုတဲ့ ချာတိတ်လေးကို စာချုပ် လိုက်
ပါတယ်။


 

မန်ယူရောက်ပြီးချိန်ကစလို့ စီရော်နယ်ဒိုဆိုတာ ကမ္ဘာကျော်သွားခဲ့သလို သန်းကြွယ်ဘောလုံးသမား
ဖြစ်လာခဲ့တာက အခုဗိုလ်လုပွဲကစားမယ့်အချိန်မှာ စီရော်နယ်ဒိုအတွက် ပြန်လည်သတိရစရာပဲ
ဖြစ်ပါတယ်။

ဒီကွင်းထဲမှာ မန်ယူနဲ့ကစား ပြီး ထိပ်တန်းဘောလုံး သမားဖြစ်လာသလို ဒီကွင်းထဲမှာပဲ ရီးယဲလ်
မက်ဒရစ် ပရိသတ် ဆာလောင် တမ်းတနေတဲ့ ချန်ပီယံလိဂ် ဖလားကို၊ရယူ နိုင်ဖို့ စီရော် နယ်ဒို
အိပ်မက် မက်နေဦးမှာပါ။ လစ္စဘွန်းပရိသတ်တွေဟာ စီရော်နယ်ဒိုကြောင့် ရီးယဲလ်မက် ဒရစ်ကိုပဲ
အားပေး လာနိုင်တဲ့ ပွဲဖြစ်နေပါတယ်။ ဒဏ်ရာကိုယ်စီရှိကြသည် မက်ဒရစ်နှစ်သင်းစလုံးကို ကြည့်
လိုက်ရင် အဓိက ကစားသမားတွေ ဒဏ်ရာကိုယ်စီရှိနေ ခဲ့ကြတာကိုတွေ့ရပါတယ်။ အရင်ဆုံး
ရီးယဲလ် မက်ဒရစ်ကိုကြည့်လိုက်ရင် ရော်နယ်ဒိုနဲ့အတူ ပီပီ၊ ဘန်ဇီမာတို့ ဒဏ်ရာရနေကြပါတယ်။

စီရော်နယ်ဒိုရဲ့ ဒဏ်ရာဟာ ဗိုလ်လုပွဲအမီ ကောင်းလာမယ့်အနေအထားမှာ ရှိနေပါတယ်။
ဒါကြောင့်လည်း အန်ဆယ်လော့တီဟာ ဆဲလ်တာ ဗီဂိုပွဲ၊ အက်စ်ပန်ညိုပွဲတွေမှာ ရော်နယ်ဒိုကို
မသုံးဘဲ ချန်ထားခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာ လည်း ဒီပွဲအမီ ကောင်းလာနိုင်ပါတယ်။ ပီပီကတော့
မသေချာတဲ့အနေအထားမှာ ရှိနေပါ တယ်။ ပီပီမကစားနိုင်ရင် ရာမို့စ်နဲ့ဗရုန်းကို ပွဲထုတ် ကစား
လာနိုင်ပါတယ်။ အလက်တီကိုမှာက အဓိကတိုက်စစ်မှူး ဒီယေဂိုကော်စတာနဲ့ အာဒါတူရန်တို့
ပါ၀င်နိုင်မယ့်အနေအထားမှာ မရှိပါ ဘူး။ ဒီနှစ်ဦးဟာ အလက်တီကိုတိုက်စစ်မှာအဓိကကျသူ
တွေဖြစ်ပါတယ်။ သူတို့မပါနိုင်ရင် အလက်တီကိုတိုက်စစ်အားနည်းသွားမှာ သေချာ နေပါတယ်။
အလက်တီကိုအနေနဲ့ ဂါဘီ၊ ရာအူးလ် ဂါစီယာ၊ ဒေးဗစ်ဗီလာတို့ကိုပဲ အားကိုးရတော့ မှာဖြစ်ပါ
တယ်။

ခံစစ်ကိုအားပြုလာမယ့် ဗိုလ်လုပွဲ အလက်တီကိုဟာ ခံစစ်ကောင်းတဲ့အသင်းဖြစ်ပါတယ်။
လာလီဂါမှာ ခံစစ်အကောင်းဆုံး အသင်းဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ခံစစ် ကောင်းတဲ့
အသင်းဖြစ်ပါတယ်။ အေစီမီလန်၊ဘာစီလိုနာ၊ ချယ်လ်ဆီးတို့ကို အကောင်းဆုံး ခံစစ်နဲ့ကစားနိုင်ခြင်း
က အခုလို ဗိုလ်လုပွဲတက်ဖို့ ဖြစ်လာခဲ့ တာပဲဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ် ကတော့ တိုက်စစ်ပို
ကောင်းတဲ့အသင်း ဖြစ်ပါ တယ်။

ဂျာမန်ထိပ်သီးသုံးသင်းကို နောက်ကောက် ချကစားနိုင်ခဲ့တာက ရီးယဲလ်မက်ဒရစ်တိုက်စစ်
အကောင်းဆုံးပုံစံဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ဆီမီးဖိုင်နယ် မှာ
အကောင်းဆုံးကစားနိုင်မယ််လို့ ထင်မထား ခဲ့ကြပါဘူး။ ဒါပေမဲ့ မြူးနစ်ကွင်းမှာ ရီးယဲလ်မက်ဒရစ်ရဲ့
အကောင်းဆုံးတိုက်စစ်ဦးစားပေး ကစားသွားခဲ့တာ ဆီမြွန်နီအနေနဲ့ သတိထား စရာဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်အတွဲကို ထိန်းဖို့လို အလက်တီကိုအနေနဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ဘယ်ခြမ်းကို
ထိန်းနိုင်ဖို့ အဓိကပြင်ဆင်ထားပါ လိမ့်မယ်။ ရီးယဲလ် ဘယ်ခြမ်းမှာ ပေါ်တူဂီအတွဲ ဖြစ်တဲ့
ကွန်ထရာအို၊ ရော်နယ်ဒိုတိုက်စစ် အတွဲက အလက်တီကိုရဲ့ ညာခြမ်းကနေ အဓိက ထိုးဖောက်
လာနိုင်ဖွယ်ရှိနေပါတယ်။

ဒါကြောင့် အလက်တီကိုရဲ့ ညာအစွန်နောက်တန်းသမား ဂျူရန်ဖရန်ဟာ တိုက်စစ်ကို
လိုက်ထောက် ကစားနိုင်ဖွယ် မရှိပါဘူး။ အလက်တီကိုအနေနဲ့ ကွင်းလယ်က ဂါဘီ၊ ရာအူးလ်
ဂါစီယာတို့ရဲ့ အဝေးကန်ချက်တွေကိုပဲ အားကိုးကစားလာရနိုင်ပါတယ်။ အလက်တီကို ဘယ်
တောင်ပံက ကိုကီနဲ့ ဂါရတ်ဘေးလ် ဘယ်သူအကောင်း ဆုံးကစားနိုင်မလဲ ဆိုတာကိုတော့
စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရီးယဲလ် မက်ဒရစ်ဟာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်မှာ အလက်တီကို ကို အနိုင်ရပြီး ဗိုလ်လုပွဲ
တက်လာခဲ့တာဖြစ်ပါ တယ်။ ပြောချင် တာက ရီးယဲလ်ဟာ အလက်တီကို ကို အနိုင် ကစား
ထားနိုင်တယ်လို့ ဆိုလိုချင်တာပါ။

ဒီအချက်က ရီးယဲလ်မက်ဒရစ်အတွက် စိတ်ဓာတ်အားသာချက် ဖြစ်နေပါတယ်။ အလက်တီကို
ဟာ လာလီဂါ နောက်ဆုံး ပွဲစဉ်မှာလည်း အားတင် ကစားခဲ့ရလို့ ရီးယဲလ် ထက်စာရင် ပွဲပိုပန်းနေ
တဲ့ပုံမှာ ရှိနေပါတယ်။ ဒါကြောင့် ကစားသမားတွေ ကြံ့ခိုင်မှုအပိုင်းမှာ အားနည်းမှု ရှိနေနိုင်ပါတယ်။
ရီးယဲလ်ကတော့ လာလီဂါကို မနိုင်တော့မှန်းသိတဲ့နောက် မှာ ကစားအားကို ချလိုက်ပြီး ချန်ပီယံ
လိဂ်ကို အာရုံပိုစိုက်ထားတယ်လို့ ယူဆနေတာကြောင့် ဒီပွဲဟာ အလက်တီကို ရုန်းကန်ရမယ့်ပွဲဖြစ်
လာနိုင်ပါတယ်။ ၂၀၀၂ နောက်ပိုင်းကစပြီး ချန်ပီယံလိဂ် ဖလားနဲ့ဝေးနေ တဲ့ ရီးယဲလ်မက်ဒရစ်
အသင်း လစ္စဘွန်းမှာ အောင် ပွဲခံသွား မယ်ထင် ပါရဲ့။



ဖတ်ရှုမှုအများဆုံး