ဂေါက်သီးအားကစားကမ္ဘာမှာတော့ ကမ္ဘာကျော် ကျားလေးတိုက်ဂါးဝုဒ်စ်ဟာ ပြိုင်ဘက်ကင်းတဲ့
ဂန္ထဝင်တစ်ဦးဆိုတာ ဘယ်သူမှငြင်းမရတဲ့ အချက်ပဲဖြစ်ပါတယ်လို့ ဒေးလီးမေးလ်က စာဖွဲ့ လာတာ
အကြောင်းမဲ့တော့မဟုတ်ပါဘူး။
အခု ရက်သတ္တပတ်ထဲမှာ ကမ္ဘာ့အဆင့်(၁)ဂေါက်သီး ငွေကြယ်ပွင့်အဖြစ် ၁၄ လတိုင်တိုင် ရပ်တည်
နိုင်ခဲ့သူတိုက်ဂါးဝုဒ်စ်ရဲ့ သရဖူကို ဩစတြေးလျ ဂေါက်သီးချန်ပီယံ အဒမ်စကော့ (၃၃ နှစ်)
လက်လွှဲရယူနိုင်ခဲ့တာကို အသိပေးလာခြင်း ဖြစ်သလို ၁၉၈၃ ကမ္ဘာ့အဆင့် သတ်မှတ်ချက်
စံတွေ ထုတ်ပြန်ခဲ့ပြီးနောက်မှာ ကမ္ဘာ့နံပါတ်(၁) ဖြစ်လာတဲ့ ၁၇ ဦးမြောက် ဂေါက်သီးစတား
တစ်ဦးဖြစ်တယ်ဆိုတာကိုပါ အသိပေးလာခြင်း ပဲဖြစ်ပါတယ်။
ကမ္ဘာ့နံပါတ်(၂)အဖြစ်နဲ့ ရက် သတ္တပတ်ပေါင်း ၃၈ ပတ်တိတိရပ်တည်နေခဲ့သူ စကော့ဟာ
ကျောဒဏ်ရာကြောင့် ပြိုင်ပွဲကြီး တွေနဲ့ လွဲချော်နေရတဲ့ တိုက်ဂါးဝုဒ်စ်ရဲ့နေရာကို အခုနှစ်
မေလလယ်မှာ တက်လှမ်းလာခွင့်ရခဲ့ ခြင်းဖြစ်ပြီး ဩစတြေးလျဂေါက်သီးစတားတွေ ထဲမှာတော့
ကမ္ဘာ့အဆင့်(၁)ဖြစ်လာတဲ့ ဒုတိယ မြောက် ဂုဏ်ထူးဆောင်ငွေကြယ်ပွင့်အဖြစ်နဲ့ မှတ်တမ်းသစ်
ရေးထိုးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
PGA Tour တွေမှာပဲ အဓိကဝင်ရောက် ယှဉ်ပြိုင်လေ့ရှိသူ လက်ရှိကမ္ဘာ့နံပါတ်(၁) အဒမ် စကော့
ဟာ ဂေါက်သီးပရိသတ်တွေကြားမှာ ှခသအအပ အမည်ပြောင်နဲ့ ထင်ရှားသူတစ်ဦးပါပဲ။ ဩစတြေး
လျတောင်ပိုင်း ဗိနူငေိန မြို့မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုဖြစ်
တဲ့ နီဗားဒါးတက္ကသိုလ် လက်ရွေးစင်တစ်ဦးပဲဖြစ်ပါတယ်။
ပရော်ဖက် ရှင်နယ်ကမ္ဘာကို ၂၀၀၀ပြည့်နှစ်မှာ စတင် ခြေချလာခဲ့ပြီး ဏွဗ ွှသကမ။ PGA Tour/
PGA Tour of Australasia နဲ့ European Tour တို့မှာ ၀င်ရောက် လက်စွမ်းပြခွင့်ရခဲ့ပြီး ချန်ပီယံ
ဆု ၂၆ ဆုရရှိထားသူ အထင်ကရဂေါက်သီး ငွေကြယ်ပွင့် တစ်ပွင့်ပဲဖြစ်ပါတယ်။
အခုနှစ် ဧပြီလမှာ ဆွီဒင်ဗိသုကာပညာရှင် တစ်ဦးဖြစ်သူ မာရီကိုဇာနဲ့ လက်ထပ် ခဲ့သူ အဒမ်စကော့
အတွက်တော့ ၂၀၁၄ ဟာ စုတ်ရော၊ လာဘ်ပါ တွဲဝင်တဲ့ မင်္ဂလာ နှစ်လို့ ဆိုနိုင်ပြီပဲလို့ ဆစ်ဒ်နီမော
နင်းစာစောင် က ကောင်းချီးပေးထားပါတယ်။ တင်းနစ် နတ်မိမယ်တစ်ဦးဖြစ်သူ အန်နာအိုင်ဗန်နို
ဗစ်နဲ့ နှစ်နှစ်နီးပါးတွဲခဲ့ဖူးသူဖြစ်တာကြောင့် မီဒီယာ ထက်မှာ ထင်ရှားခဲ့ရသူ အဒမ်စကော့ဟာ
ဘဝ လက်တွဲဖော်ကိုတော့ အားကစားနယ်ပယ်ထဲ က ဘဝတူကို မရွေးဖြစ်ခဲ့တာကိုလည်း ဖွချင်
တဲ့ ပါပါရာဇီတချို့အတွက် ဖွစရာဖြစ်ခဲ့ရပါတယ်။
ဟောလိ၀ုဒ်မင်းသားချော လီယိုနာဒိုရဲ့ ရောင်းရင်းတစ်ဦး ဖြစ်သလို လီဗာပူးဘောလုံး အသင်း
ခေါင်းဆောင် စတီဗင်ဂျရတ်နဲ့လည်း ရင်းနှီးသူ အဒမ်စကော့ဟာ ဩစတြေးလျ လက်ရွေးစင်
အဖြစ်နဲ့လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။
တောင်အာဖရိက မြို့တော် ဂျိုဟန်နက်စဘာ့ဂ်မြေက တော့ အဒမ်ရဲ့ အောင်မြေလို့ ဆိုရမှာပါပဲ။
ဒန်ဟေးချန်ပီယံ ရှစ်ဖလားဟာ အဒမ်စကော့ရဲ့ ပွဲဦးထွက် ပရော်ဖက်ရှင် နယ် ချန်ပီယံဖလားဖြစ်ပြီး
ဂျိုဟန်နက်စဘာ့ဂ် ပရိသတ်ရှေ့မှောက်မှာ သရဖူရယူနိုင်ခဲ့ခြင်း ပဲ ဖြစ်ပါတယ်။
ဂေါက် သီး ပင်လယ်ပြင်မှာ ဆယ်စုနှစ်တစ်ခုကို မဆုတ်မနစ် ဇွဲ့ လုံ့လနဲ့ အားစိုက်ကြိုးစားခဲ့ခြင်းရဲ့
ရလဒ်ကတော့ အခုနှစ် မေလမှာ ရုပ်လုံးပေါ်လာခဲ့ပြီပဲလို့ ဆိုနိုင်သလို တိုက်ဂါးဝုဒ်စ် မကစားနိုင်တဲ့
အတွက် ကံကြမ္မာ ကိုက အဒမ်ကို မျက်နှာပန်းလှစေဖို့ အကြောင်း ဖန်လာတာပါလို့ ကောက်ချက်
ချရင်လည်း မမှားနိုင်တာ သေချာပါတယ်။ ၁၉၈၃ နောက်ပိုင်း ကမ္ဘာ့အဆင့်(၁)ဖြစ်ခဲ့ ကြတဲ့ ဂေါက်
သီးစတား ၁၇ ဦးထဲမှာ တိုက်ဂါး ၀ုဒ်စ်ဟာ သရဖူကို ၆၈၃ ပတ်ကြာအောင် ဆင်မြန်းနိုင်ခဲ့သူဖြစ်ပြီး
ဩစတြေးလျစတား ဂရက်နော်မန်က ရက်သတ္တပတ် ၃၃၁ ပတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့
သလို အခုဒုတိယ မြောက် ဩဇီစတားကရော စံချိန်သစ်တစ်ခု ရေးထိုးနိုင်ဦးမလားဆိုတာကလည်း
စိတ်ဝင်စား စရာပါပဲ။
၂၀၁၃ မာစတာပြိုင်ပွဲကြီးမှာ Green Jacket ၀တ်ဆင်ခွင့်ရခဲ့တဲ့ ပထမဆုံးသော ဩဇီဂေါက်သီး
စတား စကော့ဟာ ကံကြမ္မာ အလှည့်အပြောင်းတစ်ရပ် ကြောင့် ကမ္ဘာ့နံပါတ် (၁)ဖြစ်လာ
တာပါလို့ ကျားလေးပရိသတ် တွေက ဆိုကြတာကို လက် တွေ့သက်သေပြ ချေဖျက် နိုင်ဖို့
ကြိုးစားပြရတော့မှာပဲ ဖြစ်ပါတယ်။
လာမယ့်ရက်သတ္တပတ်မှာ ကျင်းပမယ့် Crowne Plaza ဖိတ်ခေါ် ပြိုင်ပွဲမှာ ပူပူနွေးနွေး
ကမ္ဘာ့နံပါတ်(၁) အဒမ်စကော့ ပါ၀င်ယှဉ်ပြိုင်မှာဖြစ်ပြီး တိုက်ဂါးဝုဒ်စ်ကတော့ ကျောဒဏ်ရာ
ကြောင့် မျက်ခင်းစိမ်းစိမ်းတွေနဲ့ ကာလ အတန်ကြာ ဝေးကွာရဖွယ်ရှိတယ်လို့ သိရပါတယ်။
ဂေါက်သီးနယ်ပယ်မှာ ဂန္ထဝင်တစ်ဦးဖြစ်တယ်ဆိုတာကို ဘယ်သူ မှ မငြင်းနိုင်တဲ့ ကျားလေးရဲ့
အနာဂတ် ဟာလည်း ဒဏ်ရာမသက်သာရင် မှုန်ဝါး သွားနိုင်ဖွယ်ရှိတာကြောင့် တိုက်ဂါးဝုဒ်စ်
ပရိသတ်တွေကတော့ ကျားလေး အမြန်ဆုံး ပြန်ကစားနိုင်ဖို့ ဆန္ဒပြုနေကြပါတယ်။ အဒမ်စကော့
တစ်ယောက် ကမ္ဘာ့နံပါတ် (၁)ထိုင်ခုံမှာ ဘယ်လောက်ကြာကြာ ထိုင်ခွင့်ရမလဲဆိုတာ...။















