ဘာစီလိုနာအသင်း နည်းပြသစ်ခန့်အပ် ဘာစီလိုနာ

ဘာစီလိုနာအသင်း နည်းပြသစ်ခန့်အပ် ဘာစီလိုနာ

ဘာစီလိုနာအသင်းသည် ယခုနှစ် ဘောလုံးရာသီကို ဆုဖလားတစ်လုံးမှ မရရှိဘဲ ဖြတ်သန်းခဲ့ပြီး
နောက် ၎င်းတို့အသင်း၏ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဆဲလ်တာ ဗီဂိုနည်းပြ လူးဝစ္စအင်း
နရစ်အား နည်းပြသစ် အဖြစ် တနင်္လာနေ့က ခန့်အပ်လိုက်သည်။ ဘာစီလိုနာအသင်းအနေဖြင့်
အင်းနရစ်ကို စာချုပ်သက်တမ်း နှစ်နှစ်ချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။

အင်းနရစ်သည် ဘာစီလိုနာအသင်းကို ၁၉၉၆ ခုနှစ်တွင် စတင်ရောက်ရှိလာခဲ့ပြီး အသင်းအတွက်
ပွဲပေါင်း ၃၀၀ ကစားကာ ၁၀၉ ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။ ဘာစီလိုနာ အသင်းသို့ စတင်
ရောက်ရှိပြီး ပထမဆုံး သုံးရာသီအတွင်း အမှတ်ပေးဖလားနှစ်ကြိမ်၊ စပိန်ဘုရင့်ဖလားနှစ်ကြိမ်၊
ဥရောပဗိုလ်များ ဖလားတစ်ကြိမ်နှင့် ဥရောပစူပါဖလားတစ်ကြိမ် ရရှိခဲ့သည်။

ထို့ပြင် ၎င်းသည်ကစားသမားဘဝ က အနားယူပြီးနောက် ဘာစီလိုနာအရန်အသင်း တွင်
သုံးရာသီကြာ နည်းပြလုပ်ခဲ့သူလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အင်းနရစ်သည် စီးရီးအေ
ကလပ် ရိုးမားအသင်းကို တစ်ရာသီကြာ ကိုင်တွယ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

၂၀၁၃ ခုနှစ်တွင် ဆဲလ်တာဗီဂိုအသင်းကို ကိုင်တွယ်ခဲ့ပြီး ယခုနှစ်ရာသီတွင် အသင်းကို လာလီဂါ၌
အဆင့်ကိုး တွင် ရပ် တည်နိုင် အောင် စွမ်းဆောင် နိုင်ခဲ့ပြီး ၎င်း ၏ အအောင်မြင် ဆုံးနှစ်လည်း
ဖြစ်သည်။

ဘာစီလိုနာအသင်းအတွက် ယခုနှစ်ရာသီ သည်ပြီးခဲ့သည့် ခြောက်ရာသီအတွင်း ဖလား
တစ်လုံးမှမရရှိသည့် ပထမဆုံးနှစ်လည်း ဖြစ်သည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး