ဂျာမနီလူစာရင်းကို ထုတ်ပြန်ခြင်း ဂျိုအာချင်လိုဟာ မေ ၉ ရက်နေ့မှာ ခီဒီယာ၊ ကလိုဆေးတို့
ပါ၀င်တဲ့ ပဏာမလူ ၃၀ စာရင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီမှာသူက ကလိုဆေးကို ဒီလိုပြော
ခဲ့ပါတယ်။
"မီရိုဟာ ပြိုင်ပွဲတစ်ခုမှာ အမြဲတမ်း အမြင့်ဆုံးရှိနေတဲ့ကစားသမားတစ်ဦး ပါပဲ။ ကလိုဆေးဟာ
၂၀၀၂၊ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတွေမှာ ပါ၀င်ဖူးတဲ့ ၀ါရင့်ကစား သမားတစ်ယောက်ဖြစ်ပါ
တယ်။ လာဇီယို တိုက်စစ်မှူးဟာ ဂျာမနီလက်ရွေးစင်အသင်း အတွက် ၁၃၁ ပွဲကစားပေးထားပြီး
၆၈ ဂိုး သွင်းယူ ပေးထားနိုင်ပါတယ်။ သူက ဟမ်းဘတ်၊ ကိုင်ဇာ စလော့တန်၊ ၀ါဒါဘရီမင်၊
ဘိုင်ယန်မြူးနစ်တို့မှာ ကစားခဲ့ဖူးလို့ ဂျာမနီဘောလုံးလောကအထာ ကို ကောင်းကောင်း
သိသူတစ်ယောက်ပါ။ သူ့ အသက်က ၃၅ နှစ်ရှိနေပြီဆိုပေမယ့် သမ္ဘာနဲ့ ထိန်းပြီး ဂျာမနီလက်ရွေးစင်အသင်းကို ကောင်း ကောင်းအကျိုးပြုနိုင်ပါသေးတယ်" နောက်ဆုံးခြေစမ်းပွဲ
အနေအထားများ ဂျာမနီဟာ နောက်ဆုံးမေလ ၁၃ ရက်နေ့မှာ ပိုလန်နဲ့ ခြေစမ်းပွဲကစားခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့တဲ့အတွက် ပရိသတ်တွေ အားမလိုအားမရဖြစ်ပြီး ဂျာမနီအသင်းကို
လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီခြေစမ်းပွဲဟာ ဂျာမနီအသင်းအနေနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ
မတိုင်ခင် ပထမဆုံးခြေစမ်းပွဲလည်းဖြစ်နေပါ တယ်။ နည်းပြ ဂျိုအာချင်လိုဟာ လူငယ်ကစား
သမားအမြောက်အမြားကို ပွဲထုတ်ကစားစေခဲ့ ပါတယ်။ အဲဒီပွဲမှာ နိုင်ငံတကာပွဲမကစားဖူးတဲ့
ကစားသမားရှစ်ယောက်အထိ ပါ၀င်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပထမပွဲထွက်ကစား သမား၁၁ ဦးရဲ့အသက်ဟာ ပျမ်းမျှ ၂၂ နှစ်သာ ရှိလို့ နှစ်ပေါင်း
၁၀၀ ကျော်အတွင်းမှာ အသက် အငယ်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ ဂျိုအာချင်လိုကတော့ သူ့အသင်းကို ကာကွယ်ပြီး လူငယ်တွေရဲ့ခြေစွမ်းကို အားရ
တယ်လို့ ပြောခဲ့တာတွေ့ရပါတယ်။
ဒါ့ပြင် ဂျိုအာချင်လိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု မရယူနိုင်ခဲ့ရင်တောင်မှ ရာထူးကနေ
နုတ်ထွက် သွားဖို့ အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ သူက ဂျာမနီနဲ့
၂၀၁၆ ခုနှစ်အထိ စာချုပ်ထားသူတစ်ဦးပါ။ သူက ကစားသမား ဘဝတုန်းက ကွင်းလယ်
တိုက်စစ်ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၄-၂၀၀၆ ကာလအတွင်းမှာ ဂျာမနီလက်ရွေးစင်
အသင်းမှာ လက်ထောက် နည်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၆ ခုနှစ်ကစပြီး
နည်းပြအဖြစ် တာဝန်ယူခဲ့ ပါတယ်။
ဒါကြောင့် သူဟာ ဂျာမနီလက်ရွေးစင် အသင်းနဲ့ အသားကျနေတာ ရှစ်နှစ်လောက် ရှိနေပြီဖြစ်လို့
အောင်မြင်မှုတစ်ခုကို ဂျာမနီ အသင်းအတွက် ရယူပေးနိုင်မယ်လို့ ထင်ရပါ တယ်။ သူဟာ ဂျာမနီ
လက်ရွေးစင်အသင်းကို ၁၀၃ ပွဲ ကိုင်တွယ်ထားပြီး အနိုင် ၆၇ ဒသမ ၉၆ ရာခိုင်နှုန်း ရယူပေးထားနိုင်
တဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။
ထပ်မံပြင်ဆင်ခဲ့သော လူစာရင်းများ ဂျိုအာချင်လိုဟာ မေလ ၁၄ ရက်နေ့မှာ သူ့ရဲ့ ကမ္ဘာ့ဖလား
လူစာရင်းကို ၂၇ ဦးအထိ လျှော့ချ ပြီး ရှော်လ်ကေးလူငယ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ မက်စ်မေယာ
ရယ်၊ နောက်ပြီး လီယွန်ဂျော့ကာနဲ့ နောက် ဘယ်နောက်ခံအစွန်လူအဖြစ် သတ်မှတ် ထားတဲ့
ဟမ်းဘတ်က မာဆယ်လ်ဂျန်ဆင်တို့ကို အရန်သင့်အနေအထားမှာ ထားလိုက်ပါတယ်။
မေ ၁၆ မှာ ထွက်ပေါ်ခဲ့တဲ့သတင်းကတော့ သတင်းဆိုးပါပဲ။ အဲဒါကတော့ ီင်္ြ ပိုကယ် ဖလားပွဲမှာ
ပါ၀င်ဆင်နွှဲခဲ့တဲ့ ရှဝိန်းစတိုင်ဂါဟာ ဒူးဒဏ်ရာရရှိသွားခဲ့တဲ့အတွက် ဂျာမနီ လက် ရွေးစင်အသင်း
အတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒါကို ဂျိုအာချင်လို ဘယ်လို အကောင်းဆုံးဖန်
တီးနိုင်မလဲဆိုတာက တွေးစရာ တစ်ရပ်ဖြစ်လာခဲ့ပါပြီ။ ဂျာမနီအသင်းအနေနဲ့ ဇွန် ၁ ရက်မှာ
ကင်မရွန်း၊ ဇွန် ၆ ရက်မှာ အာမေး နီးယားတို့နဲ့ ခြေစမ်းဦးမှာ ဖြစ်ပါတယ်။
ဂျာမနီရဲ့ အစဉ်အလာအနေအထား ဂျာမနီလက်ရွေးစင်အသင်းဟာ ယူရိုဖလား လို့ခေါ်တဲ့
ဥရောပဖလားကို ၁၉၇၂၊ ၁၉၈၀ နဲ့ ၁၉၉၆ တို့မှာ ကိုင်မြှောက်ဖူးခဲ့သလို ကမ္ဘာ့ဖလား ကိုလည်း
ဆွစ်ဇာလန်မှာကျင်းပတဲ့ ၁၉၅၄၊ အနောက်ဂျာမနီမှာကျင်းပတဲ့ ၁၉၇၄ နဲ့ အီတလီ မှာကျင်းပတဲ့
၁၉၉၀ ပြည့်နှစ်တွေမှာ ကိုင်မြှောက် ခွင့်ရခဲ့တဲ့ ဥရောပရဲ့ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်ပါ
တယ်။
ဒါပေမဲ့ ဂျာမနီအသင်းဟာ ၁၉၅၀ မှာ ကျင်းပ တဲ့ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ ပိတ်ပင်ခြင်းခံခဲ့ ရဖူး
ပါတယ်။ အဲဒီတုန်းက ဥရုဂွေးကို အိမ်ရှင် ဘရာဇီးလ်ဟာ ၂-၁ နဲ့ အရေးနိမ့်ပြီး အိမ်ရှင် အခွင့်
အရေးကို အပြည့်အဝအသုံးမချနိုင်ဖြစ်ခဲ့ ရပါတယ်။















