ပရိသတ်တွေကျေနပ်ခဲ့သည့် မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲ

ပရိသတ်တွေကျေနပ်ခဲ့သည့် မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲ

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် H&S Group တို့ ပူးပေါင်းစီစဉ်ကျင်းပသော မြန်မာ နှင့်
ထိုင်း နှစ်နိုင်ငံရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ကို ပြီးခဲ့သည့် မေ ၁၈ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူ
မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် မြန်မာ-ထိုင်းစိန်ခေါ်ပွဲ အဓိကတွဲဆိုင်း သုံးဆိုင်း ပါ၀င်ခဲ့ပြီး
အခြားပြည်တွင်းပွဲ ခုနစ်ပွဲနှင့် စုစုပေါင်း ပွဲစဉ် ၁၀ ပွဲအထိပါ၀င်ခဲ့သည်။ ပြည်တွင်းပွဲစဉ်များသည်
လူငယ်မျိုးဆက်သစ် တွဲဆိုင်းများကို ပွဲထုတ်ထားခြင်းဖြစ်ပြီး သရေ ပွဲစဉ်များသာ များပြားခဲ့သည်။

လူငယ်တွဲဆိုင်း များသည် အကြိတ်အနယ် ရင်ဆိုင်ထိုးသတ်ကြ သော်လည်း တစ်ယောက်
အားနည်းချက်ကို တစ်ယောက် အခွင့်ကောင်းမယူနိုင်ခဲ့ကြ၍ သရေရလဒ်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်
သည်။

မိုက်မိုက်(ွှရွှ)နှင့် ခွန်းရှိုင်းထက်(အဖြူရောင် သွေးသစ်)၊ ဇင်ကိုဖူး(၀ါဆို)နှင့် ထွန်းဝင်းကျော်
(ရွှေကျားမင်း)၊ ကျော်ဝင်းအောင်(ငှက်အော် စမ်း)နှင့် မောင်ကောင်း(ွှရွှ)၊ စောဖြိုးဝေ (အဖြူရောင်
သွေးသစ်)နှင့် ဖြူလေး(မုဒုံသား)၊ စောလယ်ဘွယ်ထူး(ွှရွှ)နှင့် ထွန်းနိုင်ဦး (အဖြူ ရောင်သွေးသစ်)
တို့၏ ပွဲစဉ်များသည် ပူးတွဲ သရေရလဒ်ဖြင့်သာပြီးဆုံးခဲ့သည်။

သားအောင် ပွဲမောင်(အဖြူရောင်သွေးသစ်)နှင့် သိန်းစိုး (ငှက်အော်စမ်း) တွဲဆိုင်းတွင် သိန်းစိုးက
တတိယ အချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းလေး (၀ါဆို)နှင့် သန်းဇော်ဌေး (ငှက်အော်စမ်း)
တို့၏ပွဲစဉ်တွင် လက်ရည်မမျှသောကြောင့် ကြိုးဝိုင်း ဒိုင်က ရှမ်းလေး(၀ါဆို)ကို အနိုင်ပေးခဲ့သည်။

မြန်မာနှင့်ထိုင်း ပထမစိန်ခေါ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်ကြယ်စင်ဖြိုးနှင့် ဂွန်ချန်ပဲ (ထိုင်း)တို့
ရင်ဆိုင်ထိုးသတ်ခဲ့ပြီး သရေဖြင့် သာ ပွဲပြီးဆုံးခဲ့သည်။ ဒုတိယမြောက် စိန်ခေါ် ပွဲစဉ်ဖြစ်သည့်
စောဂေါ်မူတို(သတ္တိ)နှင့် ဖုထိုင်း (ထိုင်း)တို့၏ပွဲစဉ်တွင် စောဂေါ်မူတိုက အပြတ် အသတ် အနိုင်
ရရှိခဲ့သည်။

ပထမအချီကတည်း က စောဂေါ်မူတိုရဲ့ တရစပ် တိုက်စစ်တွေကိုသာ ခုခံနေခဲ့ရသည့် ဖုထိုင်း
အတွက် တိုက်စစ်ဆင် ချိန်မရခဲ့ဘဲ ဒုတိယအချီ တစ်မိနစ်နှင့် ၅၃ စက္ကန့်တွင် စောဂေါ်မူတိုကို
အရှုံးပေးခဲ့ရသည်။

နောက်ဆုံးပွဲစဉ်အဖြစ် ပရိသတ်စိတ်အဝင် စားဆုံးတွဲဆိုင်းဖြစ်သည့် ထွန်းထွန်းမင်း (မုဒုံ သား)နှင့်
ခရွမ်(ထိုင်း) တို့ ရင်ဆိုင်ထိုးသတ်ခဲ့ ကြသည်။ ထွန်းထွန်းမင်းသည် လက်ရှိတွင် ရိုးရာလက်ဝှေ့ပရိ
သတ်အသည်းစွဲ ပထမတန်း လက်ဝှေ့ကျော်တစ်ဦးဖြစ်ပြီး ထွန်းထွန်းမင်းနှင့် ယှဉ်ပြိုင်ထိုးသတ်
မည့် ခရွမ်ကလည်း တွေ့ မရှောင်၊ စောငမန်းအစရှိသော မြန်မာ့လက်ဝှေ့ ကျော်များဖြင့် ထိုးသတ်
ခဲ့သော ၀ါရင့်လက်ဝှေ့ သမားတစ်ဦး ဖြစ်တာကြောင့် ယင်းတွဲဆိုင်း ကို ပရိသတ်များ စိတ်ဝင်စား
ခဲ့ကြသည်။

ခရွမ် သည် တွေ့မရှောင်နှင့်ထိုးသတ်ခဲ့ချိန်က ရှုံးနိမ့် ခဲ့သော်လည်း အကောင်းဆုံးရင်ဆိုင်ထိုးသတ်
နိုင်ခဲ့သူဖြစ်သလို စောငမန်းကိုလည်း နှစ်ချီ အတွင်း အလဲထိုးဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။

ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသူဖြစ်ပြီး လက်သီးတွဲလုံးများ၊ တံတောင်ရိုက်ချက်များ နှင့်
ခြေအမြင့်ကန်ချက်များကို အသုံးပြုတတ် သော ခရွမ်သည် သွေးကောင်းသည့် လက်ဝှေ့
သမားဖြစ်ခြင်းကြောင့် ထွန်းထွန်းမင်းအတွက် ခက်ခဲသော ပြိုင်ဘက်တစ်ဦးဖြစ်ခဲ့သည်။

ထွန်းထွန်းမင်းသည် ပွဲအစကတည်းက တရစပ် တိုက်စစ်ဆင်ထိုးသတ်ခဲ့၍ ခရွမ်က ခံစစ်ဖြင့်သာ
ရင်ဆိုင်ခဲ့ရသည်။ ထွန်းထွန်းမင်း၏ ခြေကန် ချက်များနှင့် ခေါင်းတိုက်ချက်များက ခရွမ်ကို အထိ
နာစေခဲ့ပြီး အမှတ်စဉ် အကြိမ်ကြိမ် ရေတွက်စေခဲ့သည်။ သို့သော် ထွန်းထွန်းမင်း သည် အနိုင်မခံ၊
အရှုံးမပေးစိတ်ဓာတ်ရှိသော ခရွမ်ကို အလွယ်တကူအနိုင်မရခဲ့ပေ။

သို့သော် စတုတ္ထအချီတွင်ထွန်းထွန်းမင်း အကောင်း ဆုံးပုံစံဖြင့် ပြန်လာနိုင်ခဲ့ပြီး ခရွမ်ကို အသာစီး
က ထိုးသတ်နိုင်ခဲ့သည်။ လက်သီးတွဲလုံးများနှင့် ခေါင်းတိုက်ချက်များကို ခံစားခဲ့ရသော ထိုင်း
လက်ဝှေ့ကျော် ခရွမ် ပ ဉ္စမအချီ ၁ မိနစ်၊ ၅၃ စက္ကန့်တွင် ဆီးဂိမ်းရွှေတံဆိပ်ချန်ပီယံကို အရှုံးပေးခဲ့
ရသည်။



ဖတ်ရှုမှုအများဆုံး