ပရီးမီးယားစကေးလ်သင်တန်းမြန်မာနိုင်ငံတွင် လာရောက်ပို့ချ

ပရီးမီးယားစကေးလ်သင်တန်းမြန်မာနိုင်ငံတွင် လာရောက်ပို့ချ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဗြိတိသျှကောင်စီနှင့် ပရီးမီးယားလိဂ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့်
ပရီးမီးယား စကေးလ်သင်တန်းကိုမြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် မေလ
၂၀ရက်နေ့မှ ၂၆ရက် နေ့အထိသုဝဏ္ဏလူငယ်အားကစား လေ့ကျင့်ရေး စခန်းတွင်တစ်ပတ်ကြာ
သင်တန်းပို့ချခဲ့သည်။

အဆိုပါသင်တန်းကို ပရီးမီးယားစကေးလ် နည်းပြချုပ်ဂျရမီဝိခ်မှ ဦးဆောင်ကာ အင်ဒရူးဖိုစတား
(နယူး ကာဆယ်ဘောလုံးအသင်း)၊ မက်သူး ဟေးလ်(စတုတ် စီးတီး ဘောလုံး အသင်း) နှင့်
စတိဗ် အက်ဒန် (အာဆင်နယ်ဘောလုံးအသင်း)တို့က မြန်မာနိုင်ငံမှ အခြေခံအဆင့်ဘောလုံး
နည်းပြနှင့်ဒိုင်လူကြီး (၄၈)ဦး တို့ကိုသင်ကြားပို့ချပေးခဲ့သည်။

ပရီးမီးယားစကေးလ်သင်တန်းအစီအစဉ်သည် ကမ္ဘာပေါ်ရှိလူများနှစ်ခြိုက်သည့် ပရီးမီးယား
လိဂ်ပြိုင်ပွဲ၏ လူမှုဖွံ့ဖြိုးရေးစီမံကိန်းတစ်ရပ်လည်းဖြစ်ပြီး၊ကမ္ဘာတစ်လွှားရှိလူငယ်များအား
ဘောလုံးဖြင့်တောက်ပသည့် အနာဂတ်တစ်ခုတည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်သည်။

ပရီးမီးယာစကေးလ်အစီအစဉ်အရ ၂၀၁၄ ခုနှစ်အထိ အာရှ၊ အာဖရိကနှင့် အမေရိကတိုက်ရှိ
နိုင်ငံပေါင်း (၂၃) နိုင်ငံမှ နည်းပြနှင့် ဒိုင်လူကြီး (၂၃၀၀)ခန့်အား သင်တန်းပို့ချပေးခဲ့ပြီးဖြစ်သည်။

အစီအစဉ်များမှတဆင့် လူငယ်လူရွယ်ပေါင်း ၅၀၀၀၀၀ ခန့် အကျိုးခံစားခဲ့ရပြီး ပရီးမီးယားစကေး
လ်၏ဦးတည်ချက်မှာ ၂၀၁၆ ခုနှစ် တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် သင်တန်းပို့ချပြီး ရန်ဖြစ်ကြောင်း
သိရသည်။

 



ဖတ်ရှုမှုအများဆုံး