စပိန်၊ နယ်သာလန်တို့နဲ့ အုပ်စု(ခ) အခြေအနေ

စပိန်၊ နယ်သာလန်တို့နဲ့ အုပ်စု(ခ) အခြေအနေ

သမိုင်းစံချိန်သစ်တင်ဖို့ကြိုးစားမယ့် စပိန်
စပိန်အသင်းဟာ အဓိက ပြိုင်ပွဲကြီးနှစ်ခု ဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ နှစ်ကြိမ် ဆက်
ချန်ပီယံဖြစ်ဖို့ ကြိုးစားရမယ့်အသင်းပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို ယူရို
၂၀၀၈နဲ့ ၂၀၁၂ တွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းပါ။ ဒါကြောင့် ယခုနှစ် ပြိုင်ပွဲမှာသာ ဗိုလ်စွဲနိုင်
ခဲ့မယ်ဆိုရင် စပိန်အသင်းဟာ သမိုင်းစံချိန်သစ်ကို ရေးထိုးနိုင်မှာပါ။ စပိန်အသင်းဟာ ကမ္ဘာ့ဖ
လားပြိုင်ပွဲ ဥရောပဇုန်ခြေစစ်ပွဲတုန်းက အုပ်စု(ဈ)မှာ ပါ၀င်ခဲ့ပြီး အုပ်စုပထမနဲ့ ခြေစစ်ပွဲအောင်
မြင်ခဲ့တာပါ။ စပိန်အသင်းပါ၀င်တဲ့ အဲဒီအုပ်စုမှာ အသင်း ငါးသင်းသာ ယှဉ်ပြိုင်ရတာဖြစ်ပြီး
တူတူတန်တန် အသင်းဆိုလို့ ပြင်သစ်အသင်းတစ်သင်းသာ ပါ၀င်ပါတယ်။ ကျန်တဲ့အသင်းတွေ
ကတော့ ဖင်လန်၊ ဂျော်ဂျီယာ၊ ဘီလာရုစ်စတဲ့ အသင်းငယ် လေးတွေပဲ ဖြစ်ပါတယ်။ စပိန်ဟာ
ခြေစစ်ပွဲ ရှစ်ပွဲ ကစားရာမှာ ခြောက်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ရှုံးပွဲ မရှိခဲ့ပါဘူး။ ဒီအခြေအနေကိုကြည့်ရင်
စပိန် အသင်းဟာ အကောင်းဆုံးအနေအထားမှာ ရှိနေဆဲဆိုတာ သိသာပါတယ်။ ၂၀၁၄ ကမ္ဘာ့
ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီး အတွက် ပဏာမရွေးချယ်ထားတဲ့ အသင်းလူစာရင်း
ကိုကြည့်ရင် ဘာစီလိုနာ၊ ရီးယဲလ်၊ အလက်တီကို အသင်းသုံးသင်းက ကစားသမားတွေကို
အခြေခံပြီး ရွေးချယ်ထားတာဖြစ်တာကြောင့် ပွဲထွက် ၁၁ ယောက်စာရင်းအတွက် နည်းပြ
ဒဲလ်ဘော့စကေး တော်တော်ခေါင်းစား ခံ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အိပ်မက်ဆိုးတွေကြားက ရုန်းထွက်ရမယ့် နယ်သာလန်
ဥရောပအသင်းကြီးတစ်သင်းအဖြစ် သတ်မှတ်ခံထားရတဲ့ နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလား
ပြိုင်ပွဲ ဆုဖလားကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိဖူးတဲ့ အသင်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၀
ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဗိုလ်လုပွဲ ထိ တက်ရောက်နိုင်ခဲ့ပေမယ့် စပိန်ကို ရှုံးနိမ့်ခဲ့တာကြောင့်
ကမ္ဘာ့ဖလားကြီးကို လက်တစ်ကမ်းအလိုမှာ လက်လွှတ်ခဲ့ရတာပါ။ ဒီနှစ်မှာ တော့ သူတို့ရဲ့
အောင်မြင်မှုအိပ်မက်တွေ အမှန်တကယ်ဖြစ်ပေါ်လာဖို့ ကြိုးစားရမယ့်အချိန် ဖြစ်နေပါပြီ။ နယ်
သာလန်အသင်းအနေနဲ့ အခု ပြိုင်ပွဲအတွက် ခြေစစ်ပွဲကစားခဲ့ရာမှာ အုပ်စု ပထမနဲ့ ခြေစစ်ပွဲ
အောင်လာတာလည်း ဖြစ်ပါ တယ်။ နယ်သာလန်အသင်းဟာ ခြေစစ်ပွဲ ၁၀ ပွဲ ကစားခဲ့ရာမှာ
ကိုးပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိဘဲ ရဂိုး ၃၅ ဂိုး၊ ပေးဂိုး ငါးဂိုးသာရှိခဲ့တာကြောင့် တိုက်စစ်၊ ခံစစ်
အကောင်းဆုံးအနေအထားကို ပြသနိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်း လူစာရင်းကိုကြည့်ရင်
လည်း ပြည်တွင်းကလပ် အသင်းတွေက ကစားသမား ထက်ဝက်ကျော် လောက်ပါနေပြီး
အဲဒီကစားသမားတွေရဲ့အသက်ဟာ ၂၀ နဲ့ ၂၅ ကြားမှာရှိတာကြောင့် နုပျိုတဲ့အသင်းလို့
ဆိုနိုင်ပါတယ်။ အဲဒီကစားသမားတွေကို ဗန်ဒါဗတ်၊ စနိုက်တာ၊ ရော်ဘင်၊ ဗန်ပါစီ၊ ဒီဂျောင်၊
ဟန်တယ်လာစတဲ့ ဥရောပတစ်ခွင်မှာ ခြေစွမ်းပြနေတဲ့ ကစားသမား တွေနဲ့ ပေါင်းစုထားတာ
ကြောင့် အတောင့်တင်း ဆုံးဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

ဖျက်မြင်းဖြစ်လာနိုင်တဲ့ ချီလီ
တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ အဆင့်သုံး နေရာကနေ ခြေစစ်ပွဲအောင်ခဲ့တဲ့ ချီလီအသင်း ဟာ
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ယခုအကြိမ်အပါ အဝင် ရှစ်ကြိမ်တိုင်တိုင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရဖူး
တဲ့ အသင်းဖြစ်တာကြောင့် ပြိုင်ပွဲအတွေ့ အကြံုက ရှိပြီးသားပါ။ အခုနှစ်ပြိုင်ပွဲအတွက် ခြေစစ်
ပွဲတွေကစားရာမှာ ၁၆ ပွဲကစား ကိုးပွဲနိုင်၊ တစ်ပွဲသရေ၊ ခြောက်ပွဲ ရှုံးနဲ့ အဆင့်သုံးနေရာက
အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ချီလီအသင်းရွေးချယ်ထားတဲ့
လူစာရင်းဟာဆိုရင် ဥရောပတစ်ဝန်းမှာ ကစား နေတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။
ဒါ့ပြင် အစ္စလာ၊ ဗားဂက်စ်၊ အဲလက်စ်ဆန်းချက်စတဲ့ ကစားသမားကောင်းတွေလည်း ပါ၀င်
နေတာ ကြောင့် အုပ်စု(ခ)မှာ အသင်းကြီးတွေလို့ ပြောလို့ ရတဲ့ စပိန်နဲ့ နယ်သာလန်အသင်းတွေ
ကို အတိုင်းအတာတစ်ခုလောက်ထိ ယှဉ်နိုင်မယ် ထင်ပါတယ်။ ချီလီကို လျှော့တွက်တဲ့အသင်း
ကတော့ ကံကောင်းနိုင်မယ် မထင်ပါဘူး။

မျက်နှာသစ်တွေနဲ့ ဩစတြေးလျ
ဗီဒူကာ၊ ရှဝါဇာ၊ ကာဟေးလ် နောက်ပိုင်း ဩစတြေးလျအသင်းက ကစားသမားတွေဟာ နာမည်
ကြီး ကလပ်အသင်းတွေမှာ နေရာရတာ နည်းလာခဲ့ပါတယ်။ ဒါကြောင့် ဩစတြေးလျ အသင်းရဲ့
နောက်ပိုင်းမျိုးဆက်တွေဟာ ခြေစွမ်း ပိုင်း အနည်းငယ်နိမ့်ကျလာတယ်လို့ ဆိုနိုင်ပါ တယ်။ အာရှ
ဇုန်နောက်ဆုံးအဆင့် ခြေစစ်ပွဲမှာ ဂျပန်၊ ဂျော်ဒန်၊ အိုမန်၊ အီရတ်တို့နဲ့ တစ်အုပ်စု တည်းကျခဲ့ပြီး
ဂျပန်ရဲ့ နောက် အုပ်စု ဒုတိယ နေရာကနေ ခြေစစ်ပွဲအောင်ခဲ့တာပါ။ ခြေစစ်ပွဲ ရှစ်ပွဲကစားရာမှာ
သုံးပွဲနိုင်၊ လေးပွဲသရေ၊ တစ်ပွဲရှုံးဆိုတဲ့ ရလဒ်သာရရှိခဲ့ပါတယ်။ အခု ကမ္ဘာ့ဖလား နောက်ဆုံး
အဆင့်ပြိုင်ပွဲကြီးမှာ တစ်အုပ်စုတည်းကျရောက်နေတဲ့ အသင်းတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့
ဩစတြေးလျကို အုပ်စု(ခ)မှာ အားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ထားရမှာပါ။



ဖတ်ရှုမှုအများဆုံး