၂၀၁၄ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းရာသီ ဖွင့်ပွဲ ဩစတြေးလျ ဂရင်းပရီမှာ လက်စွမ်းပြ
မောင်းနှင်ဗိုလ်စွဲခဲ့သူ ဂျာမနီစတား နီကိုရို့စ် ဘတ်ဟာ အခုရက်သတ္တပတ်ထဲမှာ ကျင်းပသွား
ခဲ့တဲ့ မိုနာကိုဂရင်းပရီမှာလည်း ဆက်လက် အောင်ပွဲခံနိုင်ခဲ့တာကြောင့် လက်ရှိကမ္ဘာ့ ချန်ပီယံ
လေးထပ်ကွမ်း ဗက်တဲလ်လက်ထဲက သရဖူကို လက်ဆင့်ကမ်းယူနိုင််မလားဆိုတာကို F1
ပရိသတ်တွေအားလုံးက စိတ်ဝင်တစား ရှိနေကြပါတယ်။
Mercedes Team နဲ့အတူ ၂၀၁၄ ဖော်မြူလာဝမ်းရာသီမှာ အောင်လံလွှင့် နေသူ နီကိုဟာ
မိုနာကိုအောင်ပွဲနဲ့အတူ စုစုပေါင်း ရမှတ် ၁၂၂ မှတ်နဲ့ ကမ္ဘာ့ချန်ပီယံ စာရင်းကို ထိပ်ဆုံးက
ဦးဆောင်ခွင့်ရနေပြီး တစ်သင်းတည်းသား ဟမ်မီတန်က ၁၁၈ မှတ်နဲ့ ကပ်ဖိအားပေးနေပေမယ့်
လက်ရှိကမ္ဘာ့ချန်ပီယံ ဗက်တဲလ်ကတော့ ရမှတ် ၄၅ မှတ်နဲ့ ဆဋ္ဌမ နေရာမှာသာရှိနေတာကလည်း
ဒီနှစ် F1 ကမ္ဘာ ရဲ့ စိတ်ဝင်စားစရာ အပြောင်းအလဲလို့ ဆိုရဦး မှာပါပဲ။
ဂျာမနီနဲ့ ဖင်လန် နှစ်နိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်ထားသူ နီကိုရဲ့ဖခင်ဖြစ်သူ ကီကီ ရို့စ်ဘတ်
ဟာ ၁၉၈၂ F1 ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်ပြီး ဖင်လန်နိုင်ငံဂုဏ်ဆောင် အားကစား ငွေကြယ်ပွင့်
တစ်ပွင့်ပဲဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ရဲ့ ခြေရာကို အမီလိုက်နိုင်ဖို့ ကြိုးစားနေသူ နီကိုဟာ အခုပူပူနွေးနွေးပြီးစီးသွားခဲ့တဲ့
မိုနာကို ဂရင်းပရီမှာ ၁၆၂ မိုင် ခရီးကို စုစုပေါင်း မောင်းနှင်ချိန် ၁ နာရီ၊ ၄၉ မိနစ်၊ ၂၇ စက္ကန့်နဲ့
ဦးဆောင်ပန်းဝင်ဗိုလ်စွဲခဲ့ပြီး ၂၀၁၃ တုန်းက သူသရဖူဆောင်းခဲ့တဲ့မြေမှာ ဒုတိယမ္ပိဆက် လက်
အောင်ပွဲခံနိုင်ခဲ့တာကြောင့် Mercedes ပရိသတ်တွေက သဘောတွေ့နေကြပါတယ်။
ကွင်းအပတ်ပေါင်း ရ၈ ပတ်စီးနင်းယှဉ်ပြိုင်ရတဲ့ မိုနာကို ဂရင်းပရီရဲ့ ၂၀၁၄ ပြိုင်ပွဲဟာ အားပေး
သူ ပရိသတ်တွေအားလုံး အသက်ရှူမှားရ လောက်အောင် အကြိတ်အနယ်ရှိခဲ့ပြီး ဒုတိယ
နေရာနဲ့ တတိယနေရာက အသီးသီးပန်းဝင်ခဲ့သူ ဟမ်မီတန်နဲ့ ရီကာဒိုတို့ဟာ ဗိုလ်စွဲသူ နီကိုနဲ့
၁၀ စက္ကန့်ကျော်ကျော်လေးပဲ ကွာခြားတာကြောင့် အခုနှစ်မှာတော့ Red Bull တွေရဲ့ ကြီးစိုးမှု
ကို Mercedes တွေက ချေဖျက်နိုင်ဖို့ များနေပြီလို့ အကဲခတ်တွေက ဆိုနေကြခြင်းပါပဲ။
ဖော်မြူလာဝမ်းကမ္ဘာမှာ ရှူးမေကာလက်သစ် လေးပါလို့ တညီတညွတ်တည်း လက်ခံထား ရသူ
လက်ရှိကမ္ဘာ့ချန်ပီယံ ဗက်တဲလ်ကတော့ အခုနှစ်ရာသီ အဖွင့်ပွဲတွေမှာ ပါ၀င်ယှဉ်ပြိုင် ခြင်းမရှိခဲ့
တာကလည်း နီကိုအတွက် အခွင့် အရေးတစ်ရပ်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
Red Bull ကြီးစိုးခဲ့တဲ့ F1 ပြိုင်ကားကမ္ဘာမှာ အခုနှစ် Mercedes စတားတွေ အစားဝင်လာတာကို
တော့ မမြဲတဲ့လောကနိယာမတရားလို့ပဲ ဆိုရ ဦးမှာ မဟုတ်ပါလား။ F1 အဖွင့်ပွဲ ဩစတြေးလျ
ဂရင်းပရီမှာ Mercedes နဲ့ ရို့စ်ဘတ်ဗိုလ်စွဲနိုင်ခဲ့သလို နောက် ထပ် F1 ပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့
မလေးရှား၊ ဘာရိန်း၊ တရုတ်နဲ့ စပိန် ဂရင်းပရီတွေမှာလည်း Mercedes စတား ဟမ်မီတန်
အောင်ပွဲခံခဲ့ပြန် သလို အခုဆဋ္ဌမမြောက်ပွဲစဉ် မိုနာကိုမှာလည်း ရို့စ်ဘတ် တစ်ကျော့ပြန် ဗိုလ်စွဲ
ခဲ့တာကြောင့် ၂၀၁၄ဪ၁၅ F1 ပြိုင်ပွဲကတော့ Mercedes တွေရဲ့ နှစ်ပါလို့ ဆိုနေရခြင်းပါပဲ။
"မိုနာကိုမြေ ဟာ ကျွန်တော့်အတွက်တော့ အောင်မြေပါပဲ။ နှစ်နှစ်ဆက်တိုက် ပျော်ရွှင်ခွင့်ရ
ခဲ့သလို ကမ္ဘာ့ ချန်ပီယံစာရင်းကို ဦးဆောင်ခွင့်ရနေတာဟာ တကယ့်ကို မမေ့နိုင်စရာပါ။
ကျွန်တော့်ဖေဖေ ရယူခဲ့ဖူးတဲ့ ကမ္ဘာ့ချန်ပီယံသရဖူကို မာစီဒီးအဖွဲ့ သားတွေနဲ့အတူ အခုနှစ်မှာ
လှမ်းဆွတ်ရယူ နိုင်ဖို့ မျှော်လင့်ယုံကြည်ထားပါတယ်"လို့ ဂျာမနီ စတားက ESPN ကို ဖြေကြား
ခဲ့ပါတယ်။














