စိုးလင်းဦးကို အသာစီးထိုးနိုင်ခဲ့တဲ့ တူးတူး

စိုးလင်းဦးကို အသာစီးထိုးနိုင်ခဲ့တဲ့ တူးတူး

မြန်မာနိုင်ငံ ရိုးရာအားကစားအဖွဲ့ချုပ် ရန်ပုံငွေပွဲ အဖြစ် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နဲ့
မြန်မာနိုင်ငံ ရိုးရာအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပတဲ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ပြီးခဲ့တဲ့
ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူ လက်ဝှေ့ရုံကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီစိန်ခေါ်ပွဲကြီးမှာ မျိုးဆက်သစ် သုံးချီ စိန်ခေါ်ပွဲ လေးပွဲ၊ လေးချီ စိန်ခေါ်ပွဲနှစ်ပွဲနဲ့ ငါးချီစိန်ခေါ်ပွဲ
ခုနစ်ပွဲ၊ စုစုပေါင်း ပွဲစဉ် ၁၃ ပွဲ အထိ ပါ၀င်ခဲ့ပါတယ်။ မျိုးဆက်သစ် သုံးချီစိန်ခေါ်ပွဲစဉ်များအဖြစ်
စောမြင့်ထွန်း(ရွှေတောင်)နဲ့ စန်းထိုက်အောင်(ငှက်အော်စမ်း)၊ အောင်စည်သူ(ရွှေတောင်)နဲ့
သိန်းစိုး(ငှက်အော်စမ်း)၊ အောင်စည်ဟိန်း (ရွှေတောင်)နဲ့ သန်းဇော်ဌေး(ငှက်အော်စမ်း)၊
ဆလိုင်းချမ်းမြေ့(ရွှေတောင်)နဲ့ ကျော်ဝင်းအောင် (ငှက်အော်စမ်း) တို့ ရင်ဆိုင်ထိုးသတ်ခဲ့ကြပြီး
ငှက်အော်စမ်း ရိုးရာလက်ဝှေ့ကလပ်ကိုယ်စား ပြု မျိုးဆက်သစ်လက်ဝှေ့သမားများက အနိုင်
ရရှိခဲ့ကြပါတယ်။ လေးချီ စိန်ခေါ်ပွဲတွေမှာတော့ ပုည(ရွှေဖူး) နဲ့ ဇင်ကိုဖူး(၀ါဆို)၊ စောဖြိုးဝေ
(အဖြူရောင် သွေးသစ်)နဲ့မိုက်မိုက် (ွှရွှ)တို့ ရင်ဆိုင် ထိုးသတ်ခဲ့ကြပြီး ပုည(ရွှေဖူး)က ဇင်ကိုဖူး
(၀ါဆို) ကို ဒုတိယအချီ ၂ မိနစ်နဲ့ ၃၉ စက္ကန့်မှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ စောဖြိုးဝေ
(အဖြူရောင်သွေးသစ်) နဲ့ မိုက်မိုက် (T&T)တို့ ပွဲစဉ်ကတော့ အလူးအလဲနဲ့ ပူးတွဲသရေရလဒ်
သာ ထွက်ပေါ်ခဲ့ပါတယ်။ ငါးချီစိန်ခေါ်ပွဲတွေမှာတော့ ကညောဖိုး (ရွှေကုက္ကို)နဲ့ ရှမ်းလေး(၀ါဆို)၊
စောရွှေကျော် (ရွှေဖူး)နဲ့ စောသဲမင်း(ပွင့်ဖြူဒိန်ချဉ်)၊ ၀မ်းစတား(ရွှေဖူး)နဲ့ နေရူဘီ(ွှရွှ)တို့ရဲ့ ပွဲစဉ်
တွေက တစ်ဦးနဲ့တစ်ဦး သိသိသာသာ အသာရခဲ့ခြင်းမရှိ ဘဲ သရေရလဒ်များသာ ထွက်ပေါ်ခဲ့
ပါတယ်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းရွှေတံဆိပ် ချန်ပီယံ မိုက်ရိုင်း(ရွှေဖူး)နဲ့ အားမာန် (ွှရွှ) တို့ရဲ့ ငါးချီ
စိန်ခေါ်ပွဲစဉ်မှာတော့ မိုက်ရိုင်း(ရွှေဖူး)က ဒုတိယအချီ ၂ မိနစ်နဲ့ ၂၅ စက္ကန့်မှာ အနိုင်ရရှိခဲ့သလို
ဖိုးလပြည့်(ရွှေဖူး)နဲ့ အောင်နိုင်ထူး (ရွှေကုက္ကို)တို့ရဲ့ ပွဲစဉ်မှာလည်း ဖိုးလပြည့်(ရွှေဖူး) က ဒုတိယ
အချီမှာ အနိုင်ရရှိခဲ့ပါတယ်။

ဆဋ္ဌမမြောက် ငါးချီစိန်ခေါ်ပွဲအဖြစ် MMA ရွှေခါးပတ်ချန်ပီယံဖိုးသားကြီး (မန္တလေး)နဲ့ တနင်္သာရီ
တိုင်း လက်ရွေးစင် ရဲရင့်အောင် (နဂါးမာန်)တို့ ရင်ဆိုင်ထိုးသတ်ခဲ့ကြပြီး သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

နောက်ဆုံးပွဲစဉ်အဖြစ် ရွှေခါးပတ်ချန်ပီယံ၊ထပ်ဆင့်ဒဂုံရွှေအောင်လံဆုရှင်စိုးလင်းဦး(ရွှေဖူး)နဲ့ (၂၇)
ကြိမ်မြောက် ဆီးဂိမ်းရွှေတံဆိပ် ချန်ပီယံ တူးတူး(နဂါးမာန်)တို့ ရင်ဆိုင်ထိုးသတ် ခဲ့ကြပါတယ်။
ဒီပွဲစဉ်ဟာ ပြိုင်ဘက်နှစ်ဦးစလုံး အတွက် ပထမဆုံးတွေ့ဆုံမှုဖြစ်တာကြောင့် ပရိသတ်တွေ
စိတ်ဝင်စားခဲ့ကြပါတယ်။

နှစ်ဦး စလုံးကလည်း အသက်အရွယ် မတိမ်းမယိမ်း၊ လက်ဝှေ့ပညာချင်းလည်းတူညီပြီး သမ္ဘာပိုင်း
မှာ တော့ စိုးလင်းဦးက ပိုသာပါတယ်။ တကယ်တမ်း ရင်ဆိုင်ထိုးသတ်တဲ့အခါမှာတော့ တူးတူးက
စိုးလင်းဦးကို အသာစီးက ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ စိုးလင်းဦးရဲ့ ခံနိုင်ရည်အားနဲ့ စိတ်ဓာတ်
ရေးရာ ကြံ့ခိုင်မှုကို မြင်တွေ့ခဲ့ရသလို တူးတူးရဲ့ ပညာကုန်ထုတ်သုံးခဲ့တာ တွေ့မြင်ရပါတယ်။
ပထမအချီကတည်းက တူးတူးရဲ့ ဘယ်ဖြောင့် လက်သီး၊ ခြေအမြင့် ကန်ချက်တွေက စိုးလင်းဦး
ကို အထိနာစေခဲ့ပါတယ်။ တတိယအချီမှာ ပြိုင်ပွဲ ရဲ့ အရှိန်အမြင့်ဆုံးဖြစ်ခဲ့ပြီး တူးတူးရဲ့ ကြောက်
မက်ဖွယ် တရစပ် တိုက်စစ်ဆင်မှုတွေကို စိုးလင်းဦး ခံစားခဲ့ရပါတယ်။ တူးတူးရဲ့ တိုက်စစ် တွေကို
ခုခံနေရတဲ့ စိုးလင်းဦးဟာ ခံစစ်ကိုသာ လုံအောင်ထိန်းသိမ်းခဲ့ရပြီး တစ်ချက်တစ်ချက် မှ ပြန်လည်
ထိုးသတ်နိုင်ခဲ့ပါတယ်။

၀ါရင့်သမ္ဘာ့ရင့်များနဲ့ ထိုးသတ်ခဲ့တဲ့ စိုးလင်းဦးရဲ့တန်ပြန်တိုက်စစ် တစ်ချက်တစ်ချက်ကလည်း
တူးတူးရဲ့မျက်နှာတစ်ဝိုက် ညိုမည်းရောင်ကိုင်း စေခဲ့ပါတယ်။ လူချင်းအပူးမှာ တူးတူးက ပင့်
လက်သီးကို အသုံးပြုပြီး စိုးလင်းဦးကို ပွဲသိမ်း ဖို့ ကြိုးစားသလို စိုးလင်းဦးကလည်း ခေါင်းတိုက်
ချက်တွေနဲ့ တူးတူးကို လဲကျအောင် ကြိုးစားခဲ့ပါ တယ်။ တူးတူးဟာ ပါးပါးနပ်နပ်နဲ့ စိုးလင်းဦးကို
ကြိုးဝိုင်းထောင့်မှာ ချောင်ပိတ်ထိုးနှက်ပေမယ့် ခံနိုင်ရည်မြင့်မားတဲ့ စိုးလင်းဦးကို လဲကျသွား
အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီတွဲဆိုင်းဟာ ပရိသတ်တွေ ထင်ထားတဲ့အတိုင်း သရေကျခဲ့
ပေမယ့် ပြိုင်ဘက်နှစ်ဦးစလုံးက ငါးချီလုံးလုံး အလူးအလဲ ရင်ဆိုင်ထိုးသတ်ခဲ့တာကြောင့်
ပရိသတ် ကျေနပ်စေခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။



ဖတ်ရှုမှုအများဆုံး