မြန်မာနေရှင်နယ်လိဂ် ပွဲကျန်များ ဆက်လက် ယှဉ်ပြိုင်ကစား

မြန်မာနေရှင်နယ်လိဂ် ပွဲကျန်များ ဆက်လက် ယှဉ်ပြိုင်ကစား

၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၀) ပွဲကျန်နှစ်ပွဲကို ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က
ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်နှင့် ဇွဲကပင်တို့၏ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး မကွေး
အသင်းနှင့် နေပြည်တော်အသင်းတို့၏ ပွဲစဉ်တွင် မကွေးအသင်းက တစ်ဂိုးဪဂိုးမရှိဖြင့်အနိုင်
ရရှိခဲ့သည်။

အဆိုပါပွဲကျန်များကို ၂၀၁၄ အေအက်ဖ်စီ ဖလားပြိုင်ပွဲဝင်နေရခြင်းကြောင့် ရန်ကုန် ယူနိုက်တက်အသင်းနှင့် နေပြည်တော်အသင်းတို့က ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့ပွဲစဉ်ကို ရန်ကုန်ယူနိုက်တက်အသင်း၏
အိမ်ကွင်း YUSC ၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ရန်ကုန်အသင်းသည် ပွဲအစ နှစ်မိနစ်မှာ
ပင် ဦးဆောင်ဂိုးရရှိခဲ့သည်။

သို့သော်မိနစ် ၈၀ တွင် ဇွဲကပင်အသင်းအတွက် ဇွန်မိုးအောင်က အဖိုးတန်ချေပဂိုး သွင်းယူပေး
နိုင်ခဲ့ပြီး သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။ နေပြည်တော်အသင်းနှင့် မကွေးအသင်းတို့၏ ပွဲစဉ်
ကို သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မျိုးဇော်ဦး၏ ၅၂ မိနစ်တွင် သွင်းယူခဲ့သော တစ်လုံး
တည်းသောဂိုးဖြင့် မကွေးအသင်းက အနိုင်ရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး