၂၀၁၄ ခုနှစ် Asia Champions Trophy U-16 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်အဖြစ် မြန်မာဘောလုံး
အကယ်ဒမီ(မန္တလေး)နှင့် ချောင်ဘူရီအသင်းတို့ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ရန်ကုန် မြို့၊
အောင်ဆန်းအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ ချောင်ဘူရီ ယူ-၁၆ အသင်းက ၅-၁ ဂိုးဖြင့်
အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ-၁၆ အသင်းသည် အဆိုပါပွဲစဉ် တွင် ထိုင်းကလပ်ချောင်ဘူရီအသင်းကို ယှဉ်ပြိုင်
ကစားနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ ဂိုးပြတ်အရှုံးဖြင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
မြန်မာအသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် မျိုးမင်းဇော်က
သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းသည် အုပ်စုအဖွင့် ပွဲစဉ်တွင် လာအို တိုယိုတာ ယူ-၁၆ အသင်းနှင့်
ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီဖြင့် သရေ ကျခဲ့သည်။ လာမည့် ဇွန်လ ရ ရက်နေ့တွင်
အုပ်စု တတိယမြောက်ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၆ အသင်းသည် ကမ္ဘောဒီးယားကလပ်
ဖနွမ်းပင်ခရောင်း ယူ-၁၆ အသင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။














