တကယ်လို့ စပိန်သာ အုပ်စုဒုတိယရရင် ဘရာဇီးလ်နဲ့ ရှုံးထွက်အဆင့်မှာတင်တွေ့တော့ မှာဖြစ်ပါ
တယ်။ စပိန်ကို ကွန်ဖက်ဒရေးရှင်း ဖလား ဗိုလ်လုပွဲမှာတွေ့ပြီး သုံးဂိုးပြတ်နဲ့ အနိုင်ရထားလို့ စိတ်
ဓာတ်ပိုင်းမှာ ဘရာဇီးလ် အသာရနေပါတယ်။ စပိန်နဲ့ ရှုံးထွက်မှာ မတွေ့ ဘူးလို့ပြောလို့ မရပါဘူး။
၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ချန်ပီယံဖြစ်တဲ့ ပြင်သစ်ဟာ ၂၀၀၂ ကမ္ဘာ့ ဖလားမှာ အုပ်စုက ပြုတ်သွား
ပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလားမှာ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီဟာအုပ်စုကနေ ပြုတ်သွားပါတယ်။
အခုလည်းလက်ရှိချန်ပီယံစပိန်ဟာ ဟော်လန်၊ ချီလီတို့နဲ့တွေ့နေပြီး အုပ်စုဒုတိယမရဘူးလို့ ပြော
လို့မရပါဘူး။ စပိန်အုပ်စုဟာ ဘရာဇီးလ်ကို ဘယ်လိုရှောင်မလဲဆိုတာကိုပဲ ကြည့်ရမှာပါ။
ကွာတားမှာ ကိုလံဘီယာ၊ ဥရုဂွေးအုပ်စုနဲ့ တွေ့မှာပါ။ ဒီအဆင့်မှာလည်း ဘရာဇီးလ်ကျော်ဖြတ်နိုင်
မယ်လို့ ယူဆပါတယ်။ ဆီမီးဖိုင်နယ် မှာ ဂျာမနီနဲ့ တွေ့နိုင်ခြေအများဆုံးအနေအထားမှာရှိတာ
ကြောင့် ဂျာမနီအနေနဲ့ ခက်ခဲ မယ့်ပွဲ ဖြစ်လာမှာပဲဖြစ်ပါတယ်။
နောက်ဆုံး ဗိုလ်လုပွဲကတော့ တောင်အမေရိကရဲ့ မဟာ ပြိုင်ဘက် အာဂျင်တီးနားနဲ့ တွေ့လာနိုင်
ဖွယ် ရှိနေပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပအသင်းကြီးနှစ်သင်းဖြစ်တဲ့ စပိန်နဲ့ ဟော်
လန်တို့ ဗိုလ်လုပွဲမှာတွေ့သလို အခု တစ်ခါမှာ တော့ တောင်အမေရိက ရဲ့အသင်းကြီးနှစ်သင်းဖြစ်
တဲ့ ဘရာဇီးလ်နဲ့အာဂျင်တီးနားတို့တွေ့မယ့် ပြိုင်ပွဲလာနိုင်လို့ ပြဿနာများနဲ့ အိမ်ရှင်ဘရာဇီးလ်ဟာ
ချန်ပီယံ ဖြစ်နိုင်တယ်လို့ယူဆနေမိပါရဲ့...။
အာဂျင်တီးနားအသင်းလည်း ချန်ပီယံဖြစ်နိုင် နောက်ထပ် ချန်ပီယံဖြစ်နိုင်တဲ့အသင်းက တောင်
အမေရိကရဲ့ ထိပ်သီးအသင်းကြီးဖြစ်တဲ့ အာဂျင်တီးနားအသင်းပဲ ဖြစ်ပါတယ်။ အာဂျင် တီးနားဟာ
၈၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ပြီး နောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ အလှမ်းဝေးနေတဲ့အသင်းကြီးတစ်
သင်းပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲ စပြီဆိုရင် ရေပန်းစားလေ့ရှိပေမယ့် ဂျာမနီရဲ့ နောက်ကောက်ချတာကို နောက်ဆုံးကမ္ဘာ့
ဖလားပြိုင်ပွဲနှစ်ခုက သက်သေပြနေပါတယ်။ ဒီတစ်ခါ တောင်အမေရိကဒေသမှာ ကစားရမှာ
ဖြစ်တဲ့အတွက် ဘရာဇီးလ်ပြီးရင် ဒုတိယ မျှော်လင့်ခွင့်ရနေတဲ့အသင်းပဲ ဖြစ်ပါတယ်။
အုပ်စုပွဲစဉ် ချိတ်ဆက်ထားမှုအနေအထားမှာ လည်း အာဂျင်တီးနားဟာ လွယ်ကူတဲ့အနေ
အထားမှာ ရှိနေတာကိုတွေ့ရပါတယ်။ တောင်အမေရိကတိုက်မှာ ကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ
တွေမှာ ဥရောပအသင်းတွေဟာ နောက်ကောက် ကျသွားလေ့ရှိပြီး တောင်အမေရိကအသင်းတွေ
ပဲ ချန်ပီယံဖလားကို ရယူသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။
၁၉၃၀ ကမ္ဘာ့ဖလားကို ဥရုဂွေး မှာ ကျင်းပပြီး အိမ်ရှင်ဥရုဂွေးချန်ပီယံဖြစ်ခဲ့ပါ တယ်။ ၁၉၅၀
ကမ္ဘာ့ဖလား ကို ဘရာဇီးလ်မှာ ကျင်းပပြီး ဥရုဂွေးက၊ရရှိသွားပါတယ်။ ၁၉၆၂ ကမ္ဘာ့ဖလား ကို
ချီလီမှာ ကျင်းပပြီး ဘရာဇီးလ်က ရရှိခဲ့ပါ တယ်။ ၁၉၇၈ ကမ္ဘာ့ဖလားကို အာဂျင်တီးနားမှာ
ကျင်းပပြီး အိမ်ရှင်အာဂျင်တီးနားက ရရှိခဲ့ပါ တယ်။ အခုလည်း ဘရာဇီးလ်မှာ ကျင်းပတာ
ကြောင့် ဘရာဇီးလ်နဲ့အတူ တောင်အမေရိက အသင်းတွေ အိပ်မက်မက်ခွင့်ရှိနေပါတယ်။
ဒီအထဲမှာ အာဂျင်တီးနားဟာ ဘရာဇီးလ်နဲ့ အတူ ဖြစ်နိုင်ခွင့်အရှိဆုံး ဖြစ်နေပါတယ်။
အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားကို ၁၉၇၈ ကမ္ဘာ့ဖလားနဲ့ ၁၉၈၆ ကမ္ဘာ့ဖလားတို့ကို ရယူပြီး
နောက်ပိုင်းမှာ ကမ္ဘာ့ဖလားနဲ့ ဝေးနဲ့တဲ့အသင်းဖြစ်ပါတယ်။ ရ၈ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်
ကျင်းပပြီး ရခဲ့ တာပါ။ ၈၆ ကမ္ဘာ့ ဖလားကိုမက္ကဆီကိုမှာ ကျင်းပခဲ့တာ ဖြစ်ပါ တယ်။ အာဂျင်
တီးနားရထားတဲ့ နှစ်ကြိမ်စလုံးဟာ အမေရိက တိုက်မှာချည်း ရထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်
အခုဘရာဇီးလ်ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားဟာ မျှော်လင့်လို့ရနိုင်တဲ့ တောင် အမေရိက
အသင်းဖြစ်နေပါတယ်။
အုပ်စုက အရမ်းချောင်နေတယ် ၂၀၁၄ ကမ္ဘာ့ဖလားမှာ အုပ်စုအချောင်ဆုံး အသင်းတွေက
အိမ်ရှင်ဘရာဇီးလ်နဲ့ အာဂျင်တီးနားအသင်းတို့ပဲ ဖြစ်ပါတယ်။ ဥရောပထိပ်သီး အသင်းတွေဟာ
ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ အုပ်စုကျပ်တွေချည်းပဲ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံစပိန်ဟာ
ဟော်လန်၊ ချီလီတို့နဲ့တွေ့နေပြီး အသေအကျေကစားရမှာ ဖြစ်သလို ဂျာမနီကျတော့လည်း
ဂျာမနီ၊ ပေါ်တူဂီ၊ အမေရိကန်၊ ဂါနာတို့နဲ့ တွေ့နေတာကလည်း အုပ်စုကျပ်ပဲ ဖြစ်ပါတယ်။
ပြီးတော့ အီတလီနဲ့ အင်္ဂလန်တို့ ဥရုဂွေးနဲ့ တွေ့နေတာကလည်း အုပ်စုကျပ် လို့ပဲ ဆိုရမှာဖြစ်ပါ
တယ်။ အာဂျင်တီးနားကျတော့ နိုက်ဂျီးရီးယား၊ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား၊ အီရန်တဲ့။ ဘယ်
လောက်အုပ်စု ချောင်လိုက်ပါသလဲ။ ဘရာဇီးလ်တောင် သူ့လောက်မချောင်ဘူးလို့ ဆိုရမှာဖြစ်
ပါတယ်။ အာဂျင်တီးနားအနေနဲ့ အုပ်စုပထမရဖို့က ကျိန်းသေနေတာပါ။ စပိန်၊ ဟော်လန်၊ ဂျာမနီ၊
ပေါ်တူဂီတို့ဟာ အုပ်စုပထမရဖို့အသာထား အုပ်စုကကျော်နိုင်ဖို့ကိုပဲ တော်တော်သတိထား
ကစားရမယ့်အနေအထားဖြစ်ပါတယ်။ ဒီပြိုင်ပွဲ မှာ ဂိုးအများဆုံးသွင်းပြီး ရွှေဖိနပ်ဆုရမယ့် သူဟာ
အာဂျင်တီးနားနဲ့ ဘရာဇီးလ် အသင်းက တိုက်စစ်မှူးတွေပဲ ဖြစ်လာ ပါလိမ့်မယ်။ ဘရာဇီးလ်အသင်း
က နေမာ၊ ဖရက်ဒ်၊ အာဂျင်တီးနားအသင်းက မက်ဆီနဲ့ အဂွေရို ဒီ လေးဦးထဲက တစ်ဦးဟာ
ရွှေဖိနပ်ဆု ရလာနိုင်ဖွယ် ရှိနေပါတယ်။
အထူးသဖြင့် အာဂျင် တီးနား အသင်းက မက်ဆီနဲ့ အဂွေရိုတို့ ဖြစ်လာဖို့ များပါ တယ်။ အုပ်စုမှာ
အီရန်အသင်းထံကနေ ဂိုးတွေ အများအပြား ရယူ နိုင်ပါတယ်။ အာဂျင်တီးနားဟာ ရှုံး ထွက်
အဆင့်မှာ လည်း ဂျာမနီအုပ်စု နဲ့ မတွေ့ပါဘူး။ ပြင်သစ်အုပ်စုနဲ့ တွေ့မှာဖြစ်ပါတယ်။
ဒါဆိုရင်ပြင်သစ်လား၊ ဆွစ်ဇာလန်လား၊ အီကွေဒေါ လား တစ်သင်းသင်းနဲ့တွေ့မှာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်အဆင့်မှာတောင် အာဂျင်တီးနားဟာ ပွဲစဉ်ချောင်သယောင်ဖြစ်နေတာကိုတွေ့ရ
ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်ဟာအာဂျင်တီးနားအတွက် မျှော်လင့်စရာဖြစ်နေတာပဲ ဖြစ်ပါတယ်။
မက်ဆီ ခြေစွမ်းပြရတော့မယ့်အချိန် မက်ဆီဟာ ဘာစီလိုနာရောက်ရင် ခြေစွမ်းပြ နိုင်သလောက်
အာဂျင်တီးနားအသင်းရောက် ရင်တော့ သူ့ခြေစွမ်းက သာမန်သာရှိခဲ့တာအတိတ်ရလဒ်တွေက
ပြနေပါတယ်။
ဒါကြောင့် လည်း အာဂျင်တီးနားအသိုင်းအဝိုင်းဟာ သူ့ကို သိပ်ပြီးမကြည်ကြပါဘူး။ အခုဆိုရင်
မက်ဆီဟာ အသက် ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ ၈၆ ကမ္ဘာ့ဖလား မှာ အာဂျင်တီးနားချန်ပီယံဖြစ်တော့
မာရာဒိုနာ ခြေစွမ်းပြ ကစားသွားနိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါ တယ်။
အဲဒီအချိန်က မာရာဒိုနာဟာလည်းအသက် ၂၆ နှစ်ပဲဖြစ်ပါတယ်။ မာရာဒိုနာ ဖလား ရယူခဲ့တဲ့
အသက်နဲ့ မက်ဆီရောက်ရှိနေတဲ့အသက်တို့ တူညီနေခြင်းက မက်ဆီအတွက် တွန်းအားဖြစ်သလို
ဖိအားလည်း ဖြစ်နေပါတယ်။ မက်ဆီဟာ ဒီရာသီလာလီဂါမှာ အရင်နှစ်တွေကလောက် ခြေစွမ်း
မပြနိုင်ခဲ့ပါဘူး။
လာလီဂါမှာ ၂၈ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ စပိန် မှာ အခွန်ပြဿနာတက်ခဲ့သလို နည်းပြသစ်
မာတီနိုရဲ့ နည်းစနစ်အပြောင်းအလဲအောက်မှာ မက်ဆီဟာ သိသိသာသာကစားအား လျော့
သွား ခဲ့တဲ့ ရာသီဖြစ်ပါတယ်။
ဘာစီလိုနာကို အရင်နှစ် တွေကလောက် မက်ဆီဟာ ထမ်းပိုးခဲ့ရခြင်းမရှိပါဘူး။ အဲဒီအတွက် အခု
ကမ္ဘာ့ ဖလားမှာ မက်ဆီဟာ စွမ်း ဆောင်ရည်မြင့်မားလာ နိုင်ဖွယ်ရှိနေပါတယ်။















