၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုအားပေးဖို့ မြန်မာနိုင်ငံက ဘောလုံးပရိသတ်တွေ အခက်အခဲတွေ့နေရ

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုအားပေးဖို့ မြန်မာနိုင်ငံက ဘောလုံးပရိသတ်တွေ အခက်အခဲတွေ့နေရ

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို လာမယ့် ဇွန်လ၁၂ရက်နေ့ကစပြီး ဘရာဇီးလ်နိုင်ငံမှာ
ကျင်းပပြု လုပ်သွားတော့မှာ ပါ။၄နှစ်တစ်ကြိမ်ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံး
ပြိုင်ပွဲကြီးဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေ ရင်ခုန်နေကြသလို မြန်မာနိုင်ငံ
က ဘောလုံးအားကစားကို ချစ်မြတ် နိုးကြတဲ့ပရိသတ်တွေကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို
အားပေးဖို့အတွက် ရင်ခုန်နေကြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ ဘရာဇီးလ် နိုင်ငံဟာလဲ ဆန့်ကျင်
ဆန္ဒ ပြမှု တွေနဲ့အခက်အခဲ များစွာကြံု တွေနေရသလိုကမ္ဘာ့ဖလားပြိုင်ပွဲကို အားပေးချင်တဲ့ မြန်မာ
နိုင်ငံက ပရိသတ် တွေအတွက်လဲ အခက်အခဲတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်က ကမ္ဘာ့
ဖလားပြိုင်ပွဲကြီး တောင်အာဖရိကနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့စဉ်က အချိန်နဲ့အခု ဘရာဇီးလ်နိုင်ငံမှာ ကျင်းပမယ့်အချိန်ကွာခြားချက်ကလဲမြန်မာပရိသတ်တွေအတွက် အခက်အခဲတစ်ခုဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားကျင်းပပြုလုပ်ခဲ့တဲ့ တောင်အာဖရိက နိုင်ငံနဲ့မြန်မာစံတော်ချိန်ကွာခြားမှုက
၄နာ ရီခွဲသာရှိတာကြောင့် အချိန်အခက်အခဲ ကြီးကြီးမားမားမရှိခဲ့ပါ ဘူး။ဒီနှစ်ကျင်းပပြုလုပ်မယ့်
ဘရာဇီးလ် နိုင်ငံရဲ့စံတော်ချိန် မြန်မာစံတော်ချိန်နဲ့ က ၉နာရီခွဲ ကွာခြားပါတယ်။

ဒီအချက်ကြောင့် ကမ္ဘာ့ဖလားကို အားပေးချင်တဲ့ မြန်မာဘောလုံးပရိသတ်တွေအတွက် အခက်
အခဲပါပဲ။ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲကြီးရဲ့ အစောဆုံးပွဲစဉ်အချိန်မှာ မြန်မာစံတော်ချိန်နဲ့တွက်ရင်
ည၁၀နာရီခွဲဖြစ်ပြီး နောက်အကျဆုံး ပွဲစဉ်အချိန် ကတော့ နံနက် ၄နာရီခွဲဖြစ်ပါ တယ်။မနက်ရနာရီ
ခွဲပွဲစဉ်တွေလဲရှိပါသေးတယ်။

နောက်တစ်ချက်က ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲကြီးကိုလူတိုင်းကြည့်နိုင်တဲ့ မြန်မာအသံ၊မြဝတီ၊
MRTV-4 အစရှိတဲ့ အခမဲ့ရုပ်သံလိုင်း တွေက မပြသပဲ အခပေးရုပ်သံလိုင်း ဖြစ်တဲ့ Sky Net
ရုပ်သံလိုင်းက ပြသမှာ ဖြစ်တဲ့ အချက်ကလဲ မြန်မာပြည် သူတွေအတွက် အခက်အခဲတစ်ခု
ဖြစ်ပါတယ်။

မြန်မာဘောလုံးဝါသနာရှင်ပရိသတ်အများစုကတော့ Sky Net ရုပ်သံလိုင်းရှိတဲ့ ရပ်ကွက်
လက်ဘက်ရည်ဆိုင်တွေမှာ ကမ္ဘာ့ဖလားကို အားပေးဖို့ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့်
သက်ကြီးရွယ်အိုတွေ အတွက်ကတော့ညသန်းခေါင်မှာ လမ်းထိပ် လက်ဘက်ရည်ဆိုင်ထွက်ဖို့
မလွယ်ကူနိုင်ပါဘူး။ပြီးတော့ တစ်ချို့ရပ်ကွက်တွေမှာ လက်ဘက်ရည်ဆိုင်တွေကို ၁၁နာရီနောက်
ပိုင်း ပိတ်ခိုင်းထားတဲ့ အတွက် လက် ဘက်ရည်ဆိုင်ကို အားကိုးပြီး ကမ္ဘာ့ဖလားဘောလုံးပွဲကြည့်
ရမယ့် ပရိသတ်တွေ အတွက် ခက်ခဲစေပါတယ်။

ယခင်ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို မြန်မာ့အသံ၊မြဝတီ အစရှိတဲ့ အခမဲ့ရုပ်သံလိုင်းက ပြသခဲ့တာ
ကြောင့် မြို့၊ရွာ မရွေးအကုန်ကြည့်ှရှု အားပေးနိုင်ခဲ့ပါတယ်။အခုတော့ MRTV-4 Sky Net ဆိုတဲ့ ရုပ်သံလိုင်း တွေအများကြီးပေါ်လာတော့မှာလူတိုင်းမကြည့်နိုင်ကြတော့ပါဘူး။

"ကျွန်တော်ကတော့ လူတိုင်းကြည့်နိုင်တဲ့ အခမဲ့ရုပ်သံလိုင်းကနေ မပြသတာကို လုံးဝသဘော
မကျပါဘူး။ Sky Net ရုပ်သံလိုင်းတပ်ဆင်ဖို့ဆိုတာ ပိုက်ဆံတစ်သိန်းဝန်းကျင် ကုန်ကျပါတယ်။
ဒါကို လူတိုင်းဘယ်လို လုပ်တတ်နိုင်မှာလဲ။ကျွန်တော်တို့အရင် ကမ္ဘာ့ဖလားတွေတုန်းက မြန်မာ့
အသံ၊ မြဝတီ အစရှိတဲ့ လိုင်းတွေက ကြည့်ရှုနိုင်ခဲ့ပါတယ်။အခုတော့ မြန်မာ့အသံ၊မြဝတီရုပ်သံလိုင်း
တွေကကိုရီးယားကားကို ပဲတစ်ချိန်လုံးပြနေ တယ်။ပြည်သူတွေအတွက် လုံးဝအဆင်မပြေပါဘူး"
ဟုမြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ ကိုအောင်ကိုက ပြောပါတယ်။

"လက်ဘက်ရည်ဆိုင်ကို ကမ္ဘာ့ဖလားပြိုင်ပွဲတလျောက်ကြည့်ရမှာ ဆိုတော့ကုန်ကျ စရိတ်ကလဲ
ရှိသေးတယ် လေ။ဒါပေမယ့် ၀ါသနာပါတော့လဲ ကြည့်ရမှာပေါ့ဗျာ။အခုက မိုးတွင်းဆိုတော့ အပြင်
ထွက်ရင် အခက်အခဲက ရှိသေးတယ်"ဟုသူကပြောပါတယ်။ ဘောလုံးအားကစားကို အလွန်ချစ်
မြတ်နိုးကြတဲ့ မြန်မာပြည်သူတွေက တော့ ဘောလုံးပွဲကြီး ဘယ်လိုနည်း နဲ့မဆို ကြည့်ရှုသွားဖို့
အားသန်နေပြီး အခမဲ့ရုပ်သံလိုင်းတွေက ပြသပေးသွားမယ် ဆိုရင်တော့ ပြည်သူ အားလုံးကိုယ့်
အိမ်မှာ ကိုယ်သက်တောင့် သက်သာ အားပေးနိုင်ကြမှာပါ။ဒါမှမဟုတ်ရင်တော့ လက်ဘက်
ရည်ဆိုင်တွေမှာ ဘောလုံးပရိသတ်အများစု ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

"ကျွန်တော်အနေနဲ့ကတော့ အခမဲ့ရုပ်သံလိုင်းတွေက ကမ္ဘာ့ဖလားပြိုင်ပွဲအားလုံးကို မပြနိုင်ဘူး
ဆိုရင်တောင် ကွာတားဖိုင်နယ်၊ဆီးမီးဖိုင်နယ်ပွဲစဉ်တွေလောက်က စပြီး ပြမယ်ဆိုရင်တောင်
ကျေနပ်ပါတယ်။အခုထိတော့ အခမဲ့ရုပ်သံလိုင်းတွေက ကမ္ဘာ့ဖလားကို ဘယ်လိုပြသမယ်ဆိုတာ
မကြေငြာသေးပါဘူး။ကျွန်တော်က လူငယ် ဆိုတော့ ကိစ္စမရှိပေမယ့် အိမ်က မိဘတွေက အသက်
ကြီးပြီး ဆိုတော့ အပြင်ထွက်ကြည့်ဖို့အဆင်မပြေဘူး လေ။ကျွန်တော်ကတော့ လက်ဘက်ရည်
ဆိုင်မှာ ပဲကြည့်မယ်လို့ဆုံးဖြတ်ထားပါတယ်။ပွဲအားလုံးတော့ မကြည့်နိုင်တော့ဘူးပေါ့။ပွဲကောင်း
တွေကို ရွေးကြည့်သွားမှာပါ။"ဟု တောင်ဥက္ကလာမြို့နယ်မှာနေထိုင်တဲ့ ကိုရဲထွဋ်အောင်က
ပြောပါတယ်။

တစ်ချို့ပရိသတ်တွေကလဲ ကမ္ဘာ့ဖလားပွဲကြည့်ဖို့အတွက် Sky Net ရုပ်သံလိုင်းကို အချိန်မီ
တပ်ဆင် နေကြပါတယ်။ "မနေ့ကပဲ Sky Net ရုပ်သံလိုင်းကို အိမ်မှာ တပ်လိုက်တယ်လေ။
တစ်သိန်းဝန်းကျင်လောက်ကုန်တယ် ဗျာ။အိမ်က အဖေကလဲ ကမ္ဘာ့ဖလားပွဲကြည့်ချင်တယ်
လေ။ကျွန်တော်ကတော့ အပြင်ထွက်ကြည့်လို့ရပေမယ့် အမေကလဲ ညအချိန်မတော် လက်
ဘက်ရည်ဆိုင်လွှတ်ဖို့ စိတ်မချဘူးလေ။ဒါကြောင့် တပ်လိုက်ရတာပါ။

အိမ်မှာ အခပေးရုပ်သံလိုင်းဖြစ်တဲ့ MRTV-4 လိုင်းတွေ အကုန်တပ်ထားပြီးသားပါ။ MRTV-4 က
မပြဘူးဆိုတော့ ထပ်တပ်ရတော့ပေါ့။အခမဲ့ရုပ်သံလိုင်းတွေက ပြသဖို့မသေချာဘူးလေ။ဒါကြောင့်
စောစောစီးစီ တပ်ထားတာ။လေးနှစ်တစ်ကြိမ်လာတဲ့ ကမ္ဘာ့ပြိုင်ပွဲကြီးဆိုတော့ လက်လွတ်မခံချင်
ဘူး။"ဟု ရန်ကင်းမြို့နယ်က ကိုဝင်းနိုင်ထွေးက ပြောပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အားပေးချင်ပေမယ့် အသက်အရွယ်နဲ့ ကျန်းမားရေး အရအပြင်ကို ထွက်
မကြည့်တဲ့ ပရိသတ်တွေကလဲ အခမဲ့ရုပ်သံလိုင်းတွေ live မပြနိုင်ရင်တောင် Delay သဘောမျိုး
ပြန်ပြတာကို မျှော်လင့် နေကြပါတယ်။

"မြန်မာ့အသံတို့ မြဝတီတို့က live မပြနိုင်ရင်တောင် Delay သဘောမျိုးပြန်ပြမယ်ဆိုရင် ဦးတို့လို
အသက်ကြီးတဲ့ ၀ါသနာရှင်တွေ အတွက် အဆင်ပြေပါတယ်။ညအချိန်မတော်ကြီး အပြင်ထွက်ဖို့
ဆိုတာက အလုပ်လဲ ပျက်တယ်။ကျန်းမာရေးလဲ ထိခိုက်တယ်လေ။လူတိုင်းကြည့်နိုင်တဲ့ ညဦးပိုင်း
အချိန်တွေမှာ Delay ပြန်ပြမယ်ဆိုရင်တောင် ကျေနပ်ပါတယ်။ live ပြမယ်ဆိုရင်တော့ အကောင်း
ဆုံးပေါ့။ဒီရုပ်သံလိုင်းတွေက လုံးဝ ပြန်မပြဘူးဆိုရင် ပွဲကောင်းတွေကို ရွေးချယ်အားပေးမယ်လို့စဉ်း
စားထားပါတယ်"ဟု မင်္ဂလာဒုံမြို့နယ် မှာနေထိုင်တဲ့ အသက် (၆၃)နှစ်အရွယ် ဦးခင်စိုးက ပြောပါ
တယ်။

ကမ္ဘာ့ဖလားဘောလုံးပွဲကို ဘယ်အချိန်ဖြစ်ဖြစ် ကြည့်မယ်ဆိုတဲ့ အမာခံပရိသတ်တွေကတော့
နီးစပ်ရာ ရပ်ကွက်လက်ဘက်ရည်ဆိုင်တွေမှာ ကြည့်ရှုအားပေးကြမှာပါ။ "ကျွန်တော်ကတော့
၄နှစ်တစ်ခါမှ ကြည့်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဆိုတော့ ဘယ်လိုဖြစ်ဖြစ်ကြည့်မှာ ပါ။ဒါပေ
မယ့်အချိန်က ညသန်းခေါင်တွေလာမှာ ဆိုတော့ ပွဲတိုင်းကို မကြည့်နိုင်တော့ဘူးပေါ့။အလုပ်က
လဲရှိ သေးတယ်လေ။ပွဲကောင်းတွေ ကိုပဲ ရွေးကြည့်သွားမှာပါ။ဖြစ်နိုင်တော့ လူတိုင်းကြည့်နိုင်တဲ့ အခမဲ့ရုပ်သံလိုင်း တွေကနေပြစေချင်ပါတယ်။နယ်မြို့တွေက ဘောလုံး-၀ါသနာရှင်တွေ အတွက်
အခက်အခဲ ရှိတယ်လေ။ တစ်ချို့ တွေကတော့ မြို့ပေါ်တက်ပြီးအားပေးကြရတယ်။ဘောလုံး
၀ါသနာပါတဲ့သူတွေ ကတော့ ဘယ်အချိန်ဖြစ်ဖြစ် ကြည့်မှာပါပဲ"ဟု ဆောက်သမ်းမြန်မာအသင်း၏
နောက်ခံကစားသမား သိန်းစိုးမင်းက ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်ပတ်သတ်၍ သူ့အမြင်ကို ပြောပါတယ်။

"ကမ္ဘာ့ဖလားကာလ မှာ ညတိုင်းလူများမယ်လို့ထင်ပါတယ်။ဒီပြိုင်ပွဲက တစ်လတောင် ကြာမှာ
ဆိုပေမယ့် တကယ့်ဝါသနာရှင်တွေကတော့ ညတိုင်းအိပ်ရေးပျက်ခံပြီး အားပေးကြမှာပါ။ရပ်ကွက်
တော်တော်များများကတော့ ဘောလုံးပွဲကြည့်ဖို့ဆိုရင် လက်ဘက်ရည်ဆိုင်ကို ဘဲ အားထားကြပါ
တယ်။ပရီးမီးယားလိဂ်ပွဲစဉ်တွေ ချန်ပီယံလိဂ်ပွဲစဉ်တွေဆိုလဲ အိပ်ရေးပျက်ခံပြီး အားပေးကြတာပဲ။
လူငယ်အများစုဘဲ လာအားပေးကြမယ်လို့ ထင်ပါတယ်။လူကြီးတွေက တော့ အပြင်ထွက်ကြည့်ဖို့အဆင်မပြေနိုင်ဘူးလေ"ဟု မြောက်ဒဂုံမြို့နယ်ရှိ ရွှေကောင်းကြွယ်လက်ဘက်
ရည်ဆိုင်က ပြောပါတယ်။

ပြည်သူအားလုံးကတော့ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လူတိုင်းကြည့်နိုင်တဲ့ အခမဲ့ရုပ်သံလိုင်းကနေ
ပြသပေးဖို့ လိုလားနေကြပါတယ်။

 



ဖတ်ရှုမှုအများဆုံး