၂၀၁၄ ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်စွဲမလဲ

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်စွဲမလဲ

အာဂျင်တီးနားအသင်းမှာ တစ်ပွဲကိုတစ်ဂိုးထက် မပိုတဲ့ သွင်းနှုန်းသာ ရှိထားတဲ့အနေအထားကို
မက်ဆီပြောင်းလဲပစ်မယ့်ပွဲဖြစ်လာဖွယ်ရှိနေပါ တယ်။ သူနဲ့ အဂွေရိုဪဒီမာရီယာ ဘယ်လောက်
အတွဲဖက်မိမိ ကစားနိုင်မလဲဆိုတာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ မက်ဆီဟာ တိုက်စစ်မှူးဖြစ် သလို
ကစားကွက်ဖန်တီးပေးနိုင်တဲ့ ပလေး မိတ်ကာတစ်ယောက်လည်းဖြစ်တယ်ဆိုတာကို မေ့ထားလို့
မရပါဘူး။

သူဟာ အာဂျင်တီးနား အသင်းမှာ အထောင်တိုက်စစ်မှာရှိနေမှာ မဟုတ်ဘဲ အဂွေရို၊ ဟီဂူအင်
တို့ရဲ့နောက်ကနေ ကစားမယ့် နောက်ချန်တိုက်စစ်မှူးအနေနဲ့သာ ကစားလာမှာ ဖြစ်ပါတယ်။
သူဂိုးသွင်းတာ မမြင်ဘူးဆိုရင်တောင် သူဖန်တီးပေးတာကို မြင် ရဖွယ်ရှိနေပါတယ်။

ခံစစ်အားနည်းတဲ့ အာဂျင်တီးနား ချန်ပီယံဖြစ်နိုင်တဲ့ အာဂျင်တီးနားအသင်း ကို ကြည့်လိုက်ရင်
အာဂျင်တီးနား နောက် တန်းဟာ အားနည်း တယ်ဆိုတာကို အားလုံး က သတိထားမိကြမှာပါ။
တစ်ဦးချင်းအရည် အသွေးမှာ အာဂျင်တီးနားတိုက်စစ်က ထိပ်တန်းဖြစ်နေပြီး ခံစစ်ကတော့
သင့်တဲ့ အဆင့်လောက်မှာပဲရှိထားတဲ့ အသင်းဖြစ် နေပါတယ်။

အထူးသဖြင့် နောက်တန်းအတွင်း နေရာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ အား အနည်းဆုံးနေရာ
ပဲဖြစ်ပါတယ်။ ဘင်ဖီကာမှာ ခြေစွမ်းပြနေတဲ့ ဂါရေးကို နည်းပြဆဘယ်လာ ဘယ်သူနဲ့တွဲပေးမလဲ၊
ဥရောပထိပ်တန်း လိဂ်မှာ ကစားနေတဲ့ အာဂျင်တီးနား နောက် တန်းသမားတွေထဲမှာ ဂါရေးနဲ့
စပို့တင်း လစ္စဘွန်းက ရိုဂျိုကိုပဲ တွဲပေးဖို့များနေပါတယ်။အာဂျင်တီးနားရဲ့ ခြေစမ်းပွဲတွေမှာ ရိုဂျိုကို
ဂါရေးနဲ့ တွဲပေးနေတာ တွေ့ရပါတယ်။ အာဂျင် တီးနားကို မေးခွန်းထုတ်စရာနေရာက ဒီနောက်
တန်းအတွင်းနေရာပဲ ဖြစ်ပါတယ်။

နည်းပြဆဘယ်လာဟာ ၄-၂-၃-၁ ကစားကွက် ကို အားသန်သူဖြစ်ပေမယ့် အခုနောက်ပိုင်းဘော့
စနီးယားနဲ့ ခြေစမ်းပွဲ၊ ရိုမေးနီးယားနဲ့ ခြေစမ်းပွဲတွေမှာ ၃-၅-၂ ကစားကွက်ကို သုံးနေ
တာတွေ့ရပါတယ်။ ကွင်းလယ်မှာတော့ ဘာစီလိုနာမှာ နောက်တန်းအတွင်းနေရာ ကစားပေးနေ
တဲ့ မာရှေရာနိုကို ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း ဂါဂိုနဲ့ တွဲပေးဖွယ်ရှိပါ တယ်။

ရီးယဲလ်မှာ အောင်မြင်မှုမရခဲ့တဲ့ ဂါဂိုဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာကို ရောက်သွားပြီး
ခြေစွမ်းပြကစားနေသလို နည်းပြ ဖြစ်တဲ့ ကားလို့စ်ဘီယန်ချီက ဂါဂိုကို ထောက်ခံ ပေးထားပါတယ်။
ကွင်းလယ်အတွက် လာဇီယို က ဘစ်ဂလီယာ၊ ဘင်ဖီကာက အင်ဇိုပီရက်ဇ်တို့ လည်း ရှိနေပါ
တယ်။

နည်းပြဆဘယ်လာဟာ ၂၀၁၁ ခုနှစ်ကတည်းက အာဂျင်တီးနားကို ကိုင်လာတာဖြစ်တဲ့အတွက်
ပြင်ဆင်ချိန်က လုံလုံလောက်လောက် ရှိထားလို့ အောင်မြင် မှုရဖို့ လိုအပ်နေပါ တယ်။ ဗိုလ်လုပွဲ
မတက်နိုင်ခဲ့ရင် တော့ ဆဘယ်လာဟာ အထုတ်ခံရမှာပဲ ဖြစ်ပါတယ်။

နောက်တန်းအတွင်း အားနည်းတာကလွဲရင် အာဂျင်တီးနား ဟာ ဘရာဇီးလ်နဲ့ အပြိုင်ချန်ပီယံဖြစ်
နိုင်တဲ့အသင်း ဖြစ်နေတာကတော့ သေချာ နေပါရဲ့။ ဥရောပအသင်းတွေထဲမှာ ချန်ပီယံက ဂျာမနီ
တောင်အမေရိကအသင်းထဲမှာ အိမ်ရှင်ဘရာဇီးလ်ဟာ ချန်ပီယံဖြစ်နိုင်သလို ဒုတိယ ချန်ပီယံ
ဖြစ်နိုင်တဲ့အသင်းက အာဂျင်တီးနား ဖြစ်ကြောင်း တင်ပြခဲ့သလို ဥရောပအသင်းထဲမှာ ချန်ပီယံဖြစ်
နိုင်တဲ့အသင်းက လက်ရှိချန်ပီယံစပိန်အသင်းမဟုတ်ဘဲ ဂျာမနီအသင်းဖြစ်လာနိုင်ပါတယ်။


 

လက်ရှိချန်ပီယံစပိန်ကို လူကြိုက်များနိုင်ပေမယ့် စပိန်ရဲ့ ချန်ပီယံလမ်းကြောင်းဟာ အခက်အခဲ
တွေနဲ့ပဲ ဖြစ်ပါတယ်။ ဂျာမနီဟာ လည်း စပိန်လိုခက်ခဲနိုင်ပေမယ့် စပိန်လောက် တော့ မခက်ခဲတဲ့
အနေအထားလို့ မြင်နေမိပါ တယ်။ ဒါကြောင့် ဥရောပအသင်းထဲမှာ ချန်ပီယံ ဖြစ်နိုင်တဲ့အသင်းက
ဂျာမနီအသင်းလို့ ရွေးချယ် လိုက်တာပဲဖြစ်ပါတယ်။ စပိန်ဟာ အုပ်စုကျော် ဖို့ ဟော်လန်နဲ့ ချီလီ
တို့ကို ကျော်ဖြတ်ရမှာဖြစ်ပါ တယ်။

ကံမကောင်းလို့ အုပ်စုဒုတိယရခဲ့ရင်ဘရာဇီးလ်နဲ့တွေ့ပြီး လက်ရှိချန်ပီယံဟာ ရှုံးထွက်အဆင့်နဲ့တင်
ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။ ဂျာမနီဟာ အုပ်စုပထမရရင် ဘယ်လ်ဂျီယံ၊ ရုရှားတို့နဲ့ တွေ့မှာပါ။ ဒီနှစ်
သင်းကို ဘယ်နည်း နဲ့မဆို ဂျာမနီအနိုင်ရမှာ သေချာပါတယ်။ ပြီးရင် ကွာတားမှာ ပြင်သစ်၊ ဆွစ်
ဇာလန်အုပ်စုက အသင်းနဲ့တွေ့မှာ ဖြစ်ပါတယ်။ ဂျာမနီဖြတ်သန်း မှုလမ်းကြောင်း မဆိုးဘူးလို့
ဆိုရမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ရောက်မှသာ ဘရာဇီးလ်လိုအသင်းနဲ့ တွေ့မှာဖြစ်ပါတယ်။ ဂျာမနီဟာ စပိန် ထက်ပိုပြီး
ချန်ပီယံဖြစ်နိုင်ခြေများနေပါတယ်။ တိုက်စစ်မဈးတစ်ယောက်တည်း ဂျိုအာချင်လိုရဲ့ ဂျာမနီအသင်း
မှာ အထောင် တိုက်စစ်မှူးဆိုလို့ ကလိုဆေးတစ်ယောက်တည်းသာရှိထားပါတယ်။ တိုက်စစ်မှူး
ရှားပါးတဲ့ အသင်းလို့ သတ်မှတ်လို့မရပါဘူး။ တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမားတွေက
တစ်ပုံတစ်ပင်ရှိနေပါတယ်။

တချို့က ဂျိုအာချင် လိုဟာ ဘိုင်ယန်မြူးနစ်ကို တည်ဆောက်ထားတဲ့ ဂွာဒီယိုလာရဲ့ Passing
Style နဲ့ ဒေါ့မွန်ကို တည်ဆောက်ထားတဲ့ ဂျာဂင်ကလော့ရဲ့ Pressing style တို့ကို ပေါင်းစပ်
ထားမယ်လို့ သုံးသပ်နေကြပေမယ့် ဂျာမနီမှာကိုယ်ပိုင်စတိုင် ရှိထားတဲ့ တန်ဖိုးကိုတော့ အထိပါးခံ
မှာ မဟုတ် ပါဘူး။ ဂျိုအာချင်ဟာ သူ့စတိုင်နဲ့သူပဲ ဂျာမနီကို တည်ဆောက်ထားမှာဖြစ်ပါတယ်။
ကလိုဆေး အထောင်တိုက်စစ်အောက်မှာ ဂေါ့ဇီရဲ့နောက်ချန်တိုက်စစ်ကစားဟန်က ဂျာမနီရဲ့
အဓိကအသက်ဖြစ်ဖို့ များနေပါတယ်။

နေရာ လွတ်တွေလိုက်ဖြည့်ကစားမယ့် ကွင်းလယ် ကစား သမားတွေက ဂျာမနီမှာ အပြည့်မို့
ကြိုက်တဲ့ ကစားသမားကို ထည့်ကစားလို့ရတဲ့ အနေ အထားဖြစ်ပါတယ်။ ကွင်းလယ်မှာ
အာဆင် နယ်က အိုဇေးလ်နဲ့ ဘိုင်ယန်က ဂေါ့ဇီတို့ဟာ အဓိကကျသူတွေဖြစ်လာမှာပါ။

ကွင်းလယ်ခံစစ် အတွက်တော့ ဘိုင်ယန်က ရှဝိန်းစတိုင်ဂါနဲ့ ရီးယဲလ်က ခီဒီယာတို့ဟာ အဓိက
ကျသူတွေ ဖြစ်လာမှာပဲဖြစ်ပါတယ်။ အုပ်စုကျပ်တယ်ဆိုသော်လည်း ဂျာမနီရဲ့အုပ်စုကို ကြည့်
လိုက်ရင် ဂျာမနီ၊ ပေါ်တူဂီ၊ ဂါနာ၊ အမေရိကန်တို့ ပါ၀င်တာကို တွေ့ရမှာပါ။ ဂျာမနီအနေနဲ့ အုပ်စု
ကျပ်တယ်လို့ မဆိုနိုင်ပါဘူး။ တခြားအသင်းတွေအတွက်သာ အုပ်စုကျပ်တယ်လို့ ဆိုနိုင်မှာ
ဖြစ်ပါတယ်။

ပေါ်တူဂီကို ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ဂျာမနီက ဂိုးပြတ်နဲ့အနိုင်ယူထားဖူးပါတယ်။ ဂါနာကိုတော့
၂၀၁၀ ကမ္ဘာ့ဖလား အုပ်စုမှာ အတူကျခဲ့ပြီး အနိုင်ယူခဲ့ပါတယ်။ အမေ ရိကန်နည်းပြက ဂျိုအာချင်
လိုရဲ့ဆရာ ကလင်း စမန်း ဖြစ်နေတော့ ဂျာမနီနဲ့ အမေရိကန်ပွဲကို ဘယ်လိုကန်မလဲဆိုတာ စိတ်
၀င်စား စရာဖြစ်ပါတယ်။

ကလင်းစမန်းရဲ့ အမေ ရိကန်အသင်းမှာ ဂျာမန်တွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလား၊
၂၀၁၀ ကမ္ဘာ့ ဖလားတွေမှာ အာဂျင်တီးနားရဲ့ အိပ်မက် တွေကို ဖျက်ဆီးနိုင်သူဟာ ဂျာမနီဖြစ်ခဲ့ပါ
တယ်။

အခုလည်း အာဂျင်တီးနားနဲ့ ကွာတား ဖိုင်နယ် ဒါမှမဟုတ် ဆီမီးဖိုင်နယ်တို့မှာ တွေ့မှာဖြစ်ပါတယ်။
ဂျာမန်တွေဟာ သိပ်ပြီး နေရာမရွေးလို့ ဥရောပအသင်းထဲမှာ အကြိုက်ဆုံးတွေ့မိခြင်း ဖြစ်ပါတယ်။
အုပ်စု အနေအထား၊ ဖြတ်သန်းရာ လမ်းကြောင်း အရတော့ စပိန်ဟာ ဂျာမနီလောက် လွယ်ကူ
ခြင်းမရှိလို့ စပိန်ရဲ့ခရီးဟာ မချောမွေ့နိုင်ပါ ဘူး။

စပိန်ထက်စာရင် ဂျာမနီကသာ ချော့မွေ့ လို့ ဥရောပအသင်းထဲမှာ ဂျာမနီမှတစ်ပါး ချန်ပီယံဖြစ်နိုင်
ခြေရှိတဲ့အသင်းဟာ ရှားပါး နေပါတယ်။ ဒါကြောင့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အိမ်ရှင်ဘရာဇီးလ်၊
တောင်အမေ ရိကရဲ့ အင်အားကြီး အာဂျင်တီးနားနဲ့ ဥရောပအသင်းကြီး ဂျာမနီ သုံးသင်းထဲက
တစ်သင်းဟာ ချန်ပီယံဖြစ်မယ်လို့ သုံးသပ် လိုက်ရပါရဲ့...။



ဖတ်ရှုမှုအများဆုံး