ဘရာဇီးလ်-ခရိုအေးရှား
၂၀၁၄ ကမ္ဘာ့ဖလားပွဲရဲ့ ပွဲဦးထွက်မှာ ခရိုအေးရှားအသင်းအနေနဲ့ အိမ်ရှင်နဲ့တွေ့တာက
ကံမကောင်းခြင်းပဲဖြစ်ပါတယ်။ ဒီပွဲမှာ တိုက်စစ် မှူး မန်ဇူကစ်ကလည်း ပွဲပယ်ခံထားရလို့ ခရို
အေးရှားဟာ တန်ပြန်ထိုးဖောက်ဖို့လည်း အားနည်းနေပါတယ်။ ဘရာဇီးလ်ဘက်ကတော့ ခရို
အေးရှားခံစစ်ကို ဘယ်လိုထိုးဖောက်မလဲ ဆိုတာကို ကြည့်ရပါမယ်။ ဘရာဇီးလ်ကိုရွေးဖို့ တွေဝေ
မနေသင့်ပါ။
မက္ကဆီကို-ကင်မရွန်း
ဒီနှစ်သင်းက မတူညီသောအရပ်က နှစ်သင်း တွေ့နေတာပါ။ ဒီနေရာမှာ မက္ကဆီကိုက တောင်
အမေရိကနဲ့ ပိုပြီးရင်းနှီးမှု ရှိနေပါတယ်။ ကွန်ဖက်ဒရေးရှင်းပွဲလည်း ကစားထားဖူးပါ တယ်။ မက္က
ဆီကိုအသင်း နိုင်ပွဲတွေ့မယ့်ပွဲ ဖြစ်ပါတယ်။ ဒါမှမကြိုက်ဘူးဆိုရင်တော့ ဂိုးအနည်းကို ရွေးလိုက်ပါ။
စပိန်-ဟော်လန်
၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အခုပြန်ကြည့် ရမှာဖြစ်ပါတယ်။ ဟော်လန်မှာက နောက်တန်း
ဟာ လူငယ်အသစ်တွေဖြစ်နေပေမယ့် လျှော့ တွက်လို့မရပါဘူး။ ဟော်လန်ခံစစ်ကို ပိုပြီး ဦးစား
ပေးနိုင်ပါတယ်။ စပိန်ကို အရမ်းယုံလို့ မရပါဘူး။ ခက်ခက်ခဲခဲကစားရမယ့်ပွဲဖြစ်ပါ တယ်။ ဒီပွဲမှာ
ဘယ်အသင်းကိုမှမရွေးဘဲ ဂိုးအနည်းကို ရွေးလိုက်ပါ။
ချီလီ-ဩစတြေးလျ
ချီလီအသင်းရဲ့စတိုင်က တိုက်စစ်ဦးစားပေး တဲ့စတိုင်ဖြစ်ပါတယ်။ စပိန်၊ ဟော်လန်တို့နဲ့
အတူကျနေလို့ ချီလီအနေနဲ့ ဒီပွဲက အရမ်း အရေးပါတဲ့ပွဲဖြစ်ပါတယ်။ ဩစတြေးလျက တော့
အသင်းသစ်ဖြစ်ပါတယ်။ ချီလီနိုင်မှာ သေချာပြီး ဂိုးပြတ်ပါလိမ့်မယ်။
ကိုလံဘီယာ-ဂရိ
ကိုလံဘီယာက လက်တင်အသင်းဆိုတော့ အားသာမှာပါ။ ဖယ်လ်ကာအိုမပါပေမယ့် တိုက်စစ်မှူး
တွေ အများအပြားရှိပါတယ်။ ဒါပေမဲ့ ဂရိကို လျှော့မတွက်ပါနဲ့။ ခံစစ်ကိုအကောင်းဆုံး ကစားနိုင်တဲ့
အသင်းဆိုတာကို မေ့မထားသင့် ပါဘူး။ ဂရိကိုလျှော့မတွက်သင့်တဲ့ပွဲမို့ အသေ ချာဆုံးက ဂိုး
အနည်းကိုရွေးတာ အကောင်းဆုံး ပါပဲ။
အိုင်ဗရီကို့စ်-ဂျပန်
အာရှနဲ့ အာဖရိကနှစ်သင်း တောင်အမေရိက မှာ ထိပ်တိုက်တွေ့နေတာပါ။ အိုင်ဗရီကို့စ်ကတော့
ဂျပန်ထက်စာရင် နာမည်ကြီးကစားသမားတွေ ပိုများတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ အိုင်ဗရီကို့စ်
ခံစစ်ဟာ ထိပ်တန်းအဆင့် မရှိပါဘူး။ ဂျပန်ကို လျှော့တွက်လို့မရပါဘူး။ စည်းကမ်းပိုင်း၊ အာဟာရ
ပိုင်းတွေမှာ အိုင်ဗရီကို့စ်ထက်သာလို့ ဒီပွဲမှာ ဂျပန်ကိုကြိုက်ပါတယ်။
ဥရုဂွေး-ကော်စတာရီကာ
ကော်စတာရီကာရဲ့ ပြိုင်ပွဲအကြို ခြေစမ်းပွဲ တွေမှာ ရလဒ်မကောင်းပေမယ့်ဂိုးသွင်းနိုင်စွမ်း ရှိတာ
တော့ တွေ့ရပါတယ်။ အခုလည်း ဥရုဂွေးကို ခံစစ်နဲ့ ကစားလာမယ်မထင်ပါဘူး။ ကော်စတာ
ရီကာမှာ ဂိုးသမားနာဗက်ဇ်ဟာ သတိထားရ မယ့်သူ ဖြစ်ပါတယ်။ လီဗန်တေးဂိုးသမားဖြစ်ပြီး
လာလီဂါမှာ ၁၆ ပွဲ ဂိုးမပေးရအောင် စွမ်းဆောင် ထားသူဖြစ်ပါတယ်။ ဂိုးအနည်းကိုရွေးတာ
အကောင်းဆုံးပါ။
အင်္ဂလန်-အီတလီ
ဒီပွဲက ဥရောပထိပ်သီးနှစ်သင်းတွေ့တဲ့ပွဲ ဖြစ်ပါတယ်။ လက်ရှိမှာ အီတလီထက် အင်္ဂလန် အသင်း
က ဂိုးသွင်းအားပိုကောင်းနေတဲ့အသင်း ဖြစ်ပါတယ်။ ယူရို ၂၀၁၂ မှာ သရေကျခဲ့ပါတယ်။ အခု
လည်း ပွဲဦးထွက်ဖြစ်နေတော့ နှစ်သင်းစလုံး ထိန်းကစားဦးမှာ သေချာပါတယ်။ ဒီပွဲဟာ၊ သရေ
ကျနိုင်တဲ့ပွဲ ဖြစ်ပါတယ်။
ဆွစ်ဇာလန်-အီကွေဒေါ
ဆွစ်ဇာလန်အသင်းမှာ စီးရီးအေ၊ ဘွန်ဒက်စ် လီဂါတို့မှာ ထိပ်တန်းအဆင့်ကစားနေတဲ့ ကစား
သမားတွေပါ၀င်နေပါတယ်။ ဒါပေမဲ့ တောင်အမေ ရိကမှာ ဆွစ်တွေ ကစားနိုင်ပါ့မလားဆိုတာ
စဉ်းစားစရာပါ။ အီကွေဒေါကို လျှော့တွက်လို့ မရပါဘူး။ နည်းပြ ရူအီဒါဟာ ခံစစ်ကိုအကောင်း
ဆုံး တည်ဆောက်နိုင်စွမ်းရှိလို့ ဂိုးအနည်းနဲ့ အီကွေဒေါကိုရွေးတာ အကောင်းဆုံးပါ။
ပြင်သစ်-ဟွန်ဒူးရပ်စ်
ပြင်သစ်မှာ ရစ်ဘာရီမပါနိုင်တော့လို့ တိုက် စစ်ပိုင်းအားနည်းသွားတယ် ထင်ရပါတယ်။ ဒါပေမဲ့
ဟွန်ဒူးရပ်စ်ကိုတော့ ပြင်သစ်ဟာ အကောင်းဆုံး ယှဉ်နိုင်စွမ်းရှိမယ် ထင်ပါတယ်။ ဟွန်ဒူးရပ်စ်ဟာ
ဒီပြိုင်ပွဲမှာ တတိယ အား အနည်းဆုံးအသင်း ဖြစ်ပါတယ်။ ပြင်သစ် ဂိုးပြတ်အနိုင်ရသွားနိုင်ပါတယ်။
ဂျာမနီ-ပေါ်တူဂီ
ရော်နယ်ဒိုမပါရင် ပေါ်တူဂီရဲ့ ရစ်သမ်ဟာ ထူးထူးကဲကဲ ပြောင်းလဲသွားနိုင်ပါတယ်။ ဂျာမနီကတော့
ပွဲဦးထွက်မှာ ပေါ်တူဂီကို အနိုင် ကစားဖို့ ပြင်ဆင်ထားမှာပါ။ ၂၀၀၆ ကမ္ဘာ့ဖလား မှာလည်း ဂျာမနီ
ဟာပေါ်တူဂီကို အနိုင်ကစားခဲ့ပါတယ်။ ပေါ်တူဂီအနေနဲ့က ဒီပွဲမှာသရေရ အောင်ပဲ အဓိကပြင်ဆင်
လာနိုင်လို့ ဂျာမနီကစားကွက်အသာစီးကစားပြီး အနိုင်ရသွား ပါလိမ့်မယ်။
ဂါနာ-အမေရိကန်
၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂါနာဟာ အမေရိကန် ကို အနိုင်ယူသွားနိုင်ခဲ့ပါတယ်။ အခုပြန်တွေ့နေ
ပြန်ပါပြီ။ ဒီတစ်ခါ အမေရိကန်ကို လျှော့တွက် လို့မရပါဘူး။ ဒိုနိုဗန်မပါတာကလွဲရင် အမေရိကန်
ဟာ လူငယ်တွေနဲ့ ပြောင်းလဲထားတာတွေ့ရပါတယ်။ ပြောင်းလဲထားတဲ့ အမေရိကန်ကိုပဲ ကြိုက်
ပါတယ်။
အာဂျင်တီးနား-ဘော့စနီးယား
အာဂျင်တီးနားက အုပ်စုချောင်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားရဲ့ မက်ဆီ၊ အဂွေရိုတို့ ရွှေဖိနပ်
ဆုရဖို့အတွက် စိတ်ကူးယဉ်လို့ရနေပါ တယ်။ အခုပွဲမှာ ဘော့စနီးယား ခံစစ်ကိုပဲ ဦးစား ပေးထား
မှာပါ။ အာဂျင်တီးနား ဂိုးပြတ်အနိုင်ရ မယ့်ပွဲဖြစ်ပါတယ်။ အီရန်-နိုက်ဂျီးရီးယား အီရန်ကို လျှော့
တွက်ထားကြမှာပါ။ နိုက်ဂျီး ရီးယားမှာက အိုဒမ်ဝီဂီ၊ မီခေးလ်၊ အီမန်နီကီ၊ အိုနာဇီဆိုတဲ့ ထိပ်သီး
ကစားသမားတွေ ပါ၀င် နေလို့ ပိုပြီးကြိုက်ကြပါလိမ့်မယ်။ အီရန်မှာ အသင်းလိုက်စုစည်းမှုအား
ပိုကောင်းနေပါ တယ်။ အီရန်ဟာနိုက်ဂျီးရီးယားကို သရေ ကစားနိုင်ပါလိမ့်မယ်။
ဘယ်လ်ဂျီယံ-အယ်လ်ဂျီးရီးယား
ဒီပွဲမှာ ဘယ်လ်ဂျီယံကအသာစီးမှာ ရှိနေမှာ ပါ။ အားလုံးလည်း ဘယ်လ်ဂျီယံဖြစ်နေပါလိမ့် မယ်။
ဒါပေမဲ့ အယ်လ်ဂျီးရီးယားကို လျှော့တွက်လို့ မရပါဘူး။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ အယ်လ်ဂျီးရီး ယား
ဟာ အုပ်စုကထွက်ရပေမယ့် အင်္ဂလန်ကို ဂိုးမရှိသရေ ကစားသွားခဲ့ပါတယ်။ အခုပွဲမှာ ဂိုးအနည်း
ကို ရွေးတာ အသေချာဆုံးပါပဲ။
ရုရှား-တောင်ကိုရီးယား
ရုရှားကပဲ တောင်ကိုရီးယားကို အနိုင်ရမှာပဲ လို့ ယူဆကြဦးမှာပါ။ တောင်ကိုရီးယားဟာ ရုရှား
ထက် အတွေ့အကြံုပိုသာတာကို သိသင့်ပါ တယ်။ တောင်ကိုရီးယားနဲ့ ဂိုးအနည်းကို ရွေးလိုက်ပါ။














