ပရန်ဒယ်လီရဲ့ အီတလီ ဘာလဲ ဘယ်လဲ ၀ဏ္ဏ(စမ်းချောင်း)

ပရန်ဒယ်လီရဲ့ အီတလီ ဘာလဲ ဘယ်လဲ ၀ဏ္ဏ(စမ်းချောင်း)

၂၀၁၄ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွင် အီတလီ အသင်းသည် လူဇင်ဘတ်နှင့် ၁-၁ သရေကျခဲ့
ရာ နာမည်ကျော် ဂဇက်တာဒယ်လိုစပို့စ်က 'အောင်ပွဲဆိုတာ ဘယ်မှာလဲ'ဟု စာလုံးမည်းကြီး
တပ်ကာ ထုနှက်လိုက်သည်။

လတ်တလောတွင် အီတလီအသင်းသည် ခုနစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေသည်။ တစ်ဖန်
နည်းပြ ပရန် ဒယ်လီ ဆန်ခါတင် ၂၃ ယောက် ရွေးချယ်မှုနှင့် ပတ်သက်ပြီး လက်ခံသူများရှိသကဲ့
သို့ ဝေဖန်သူများလည်း ရှိနေကြရာ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့် အီတလီအသင်းသည် စိတ်
၀င်စား စရာ ဖြစ်လာသည်။

ပြီးခဲ့သော ခြေစမ်းပွဲ ခုနစ်ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့ရာတွင် အီတလီသည် ဒိန်းမတ်၊ အာမေးနီး
ယားနှင့် နိုက်ဂျီးရီးယားတို့ကို ၂ဪ၂ သရေကျသည်။ ဂျာမနီ၊ လူဇင်ဘတ်တို့နှင့် ၁-၁ သရေ
ကျပြီး အိုင်ယာလန်နှင့် ဂိုးမရှိသရေကျ သည်။ ၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်တွင် ကစား ခဲ့သော
ခြေစမ်းပွဲ၌ စပိန်ကို ၁-၀ ဖြင့် အရေးနိမ့် ခဲ့သည်။ အီတလီဘောလုံးအကဲခတ်များက လူရွေး
ချယ်မှုနှင့် နည်းစနစ်ပိုင်း ဝေဖန်သုံးသပ်ကြရာ တွင် အဓိက 'ဆွဲထုတ်'ပြသော အချက်မှာ
ကွင်းလယ်ဖြစ်သည်။

နည်းပြ ပရန်ဒယ်လီသည် ဆန်ခါတင် ၂၃ ယောက် ရွေးချယ်လိုက်သောအခါ ရိုးမားအသင်း
ခေါင်းဆောင် တော့တီ၊ ဇင်းနစ် ဘယ်တောင်ပံ ကစားသမား ဒိုမီနီကို ခရစ်စီတို၊ ဆန်းဒါးလန်း
တွင် ခြေစွမ်းပြနေသော ကွင်းလယ်တိုက်စစ် သမား ဂီယာချီရီနီနှင့် ရိုးမားကွင်းလယ်တိုက်စစ်
သမား အဲလက်စ်ဖလိုရန်ဇီ၊ ဖီအိုရင်တီးနားတိုက်စစ်မှူး ဂူဆစ်ပီရော့စီ၊ ခြေစစ်ပွဲတစ်လျှောက်
အားထားခဲ့ရသော ၀ါရင့်ဂျီနိုအာတိုက်စစ်မှူး ဂီလာဒီနို၊ ရိုးမားတိုက်စစ်မှူး ဒက်စထရိုတို့ကို
ချန်လှပ်ခဲ့ရာ မေးခွန်းထုတ်မှု များစွာဖြင့် ဝေဖန်ခံနေရသည်။

အထူးသဖြင့် အီတလီလက်ရွေးစင် ကွင်းလယ် လူများကို အပြီးသတ် ရွေးချယ်ရခြင်းမှာ
နည်းပြ ပရန်ဒယ်လီအဖို့ အတော်ပင် 'ခေါင်းခဲ'သွား သည်။ အီတလီတွင် ခြေစွမ်းထက်မြက်
သော ကွင်းလယ်ကစားသမား အတော်များများ ရှိနေ သည်။ အိုင်ယာလန်နှင့် ခြေစမ်းပွဲတွင်
အေစီ မီလန်အသင်းခေါင်းဆောင် မွန်တိုလီဗို ဒဏ်ရာ ရသွားသောကြောင့် ပီအက်စ်ဂျီကွင်း
လယ်လူ မာကိုဗာရက်တီ (၂၁ နှစ်)ဖြင့် အားဖြည့်လိုက် သည်။ ခြေစမ်းပွဲများမှာ ဗာရက်တီ
သည် ဘောလုံး 'ကိုင်' ခြင်းနှင့် 'ဖြန့်ထုတ်'ခြင်းများ ပြုလုပ်ရာတွင် ယုံကြည်မှု ရှိလာသည်။

တစ်ဖန် ဗာရက်တီ သည် ပါ၀ါကောင်းပြီး ကွင်းလယ်တွင် နေရာစုံ ရွှေ့ပြောင်းကစားနိုင်ခြင်း
ကြောင့် အီတလီ အသင်း၏ ၀ှက်ဖဲတစ်ချပ် ဖြစ်လာနိုင်သည်။ ဗာရက်တီသည် ငယ်ဂုဏ်ရှိပြီး
'လှုပ်'သောကြောင့် ပီယာလို၊ ဒီရော့စီတို့လို သမ္ဘာရှိသူတွေ နှင့် ထိန်းကျောင်းပေးလိုက်လျှင်
အီတလီ ကွင်းလယ်ကစားအား 'တက်'လာနိုင်သည်။ တစ်ဖန် တိုက်စစ်နှင့်ခံစစ်ကြားတွင်
လွန်းထိုးပြီး အတက်အဆင်းလုပ်ကာ ချိတ်ဆက်ပေးနိုင်ကြောင်း ကျွမ်းကျင်သူများက
သုံးသပ်ကြသည်။

ဗာရက်တီသည် ပီယာလိုနှင့် တွဲကစားရာတွင် ကျေနပ်စရာကောင်းသော စွမ်းဆောင်ရည်မျိုး
ထွက်ပေါ်လာသည်။ ကျွမ်းကျင်သူအချို့က ကွင်းလယ်သည် အီတလီအသင်း၏ အကောင်းဆုံး
အစိတ်အပိုင်း ဖြစ်သောကြောင့် နောက်တန်းနှင့် တိုက်စစ်ကို ယခုထက်ပို၍ကောင်းမွန် တောင့်
တင်းအောင် အာရုံစိုက်သင့်ကြောင်း ထောက်ပြသည်။ ကွင်းလယ်တွင် လူကျပ်သော ကစား
ပေါက်၌ ဗာရက်တီသည် ပီယာလိုနှင့် အတိုင်အဖောက်မညီသေးသော်လည်း ဘောလုံး
ပိုင်ဆိုင်မှုနှင့် creative vision ပိုင်းတွင် ယုံကြည်မှုရှိလာသည်။


 

ကွင်းလယ်တွင် ဒီရော့စီသည် ဗဟိုချက်ဖြစ် ပြီး နောက်တန်းကို ဆင်း'ထိုင်'ပေးသကဲ့သို့ တိုက်စစ်
တွင်လည်း လိုက်ပါကစားတတ် သည်။ ပြီးခဲ့သော ခြေစမ်းပွဲများတွင် ပီယာလို ကို ကွင်းလယ်
ဘယ်ခြမ်း၌ ကစားစေရာ ၂၀၁၁ ခုနှစ်တုန်းက အေစီမီလန်တွင် ကစားခဲ့ရသော ပုံစံမျိုးဖြစ်ပြီး
ထိုကစားပေါက်ကြောင့် ပီယာလို သည် ခြေစွမ်းမပြနိုင်တော့ဘဲ အေစီမီလန်မှ ဂျူဗင်တပ်သို့
ပြောင်းရွှေ့သွားကြောင်း ကျွမ်းကျင်သူအချို့က ထောက်ပြသည်။

ပီယာလိုသည် နေရာကွက်လပ်လွတ် (space) ရှာဖွေပြီး နေရာယူပုံ ကျွမ်းကျင်သည်။ နေရာ
လွတ်ရလျှင် ပီယာလိုထံသို့ ဘောလုံး ရောက်လာသည်။ ထိုအခါမျိုးတွင် ပီယာလိုက အီတလီ
တိုက်စစ်ကို ပုံဖော်ပေးပြီး ဂိုးသွင်းခွင့် များ ဖန်တီးပေးလေ့ရှိသည်။ ပီယာလို၏ ပြောဆို ချက်အရ
ဂိုးသွင်းခွင့်ဖန်တီးပေးခြင်းသည် ဂိုးသွင်းယူရခြင်းထက် ပိုမိုခက်ခဲသည်။ သင့်လျော်သော နေရာ
ကွက်လပ်လွတ် လိုအပ် သည်။

ကိုယ့်အသင်းဖော်က မငါ့အ စသျငအသည မှ ဂိုးသွင်းနိုင်ရန်အတွက် ပေးပို့ရမည့် ဘောလုံး
အချိန်အဆကို တွက်ချက်ရင်းမှ အပြီးသတ် ဂိုးသွင်းယူမည့်တိုက်စစ် မှူးအတွက် right positon
ကို ရှာဖွေရသည်။

၄-၃-၂-၁ ကစားကွက်သာ အသုံးပြုခဲ့ပါက တိုက်စစ်မြားဦးတွင် ဘာလိုတယ်လီကို တင်ထား ပြီး
ကွင်းလယ်တိုက်စစ်သမားများဖြစ်ကြသော ကင်နရီဗာ (၂၇ နှစ်) နှင့် မာချီစီယို (၂၈ နှစ်)တို့က
အနီးကပ် ပံ့ပိုးပေးထားသည်။ ၎င်းတို့နှစ်ယောက် စလုံးသည် ဘာလိုတယ်လီကို ပ့ံပိုးပေးရင်း
ကွင်းလယ်တိုက်စစ်သမား (ာငိ်ငနိူ အေအခေုနမ) အနေဖြင့် ဂိုးတက်သွင်းနိုင်သည်။

ကွင်းလယ် အတွင်းဘက်ကို ၀င်ကစားရင်း ဘောလုံး လမ်းကြောင်း ဖွင့်ထုတ်ပေးသကဲ့သို့
ဂိုးသွင်းခွင့် များလည်း ဖန်တီးပေးသည်။ အခြားရှုထောင့်တစ်ခုကကြည့်လျှင် အီတလီကွင်း
လယ်တွင် ကစားသမားများ စုပြံုနေသောကြောင့် ကွင်းလယ်တွင် ကြိမ်ဖန်များစွာ 'လူကျပ်' သွားပြီး တောင်ပံတွေမှာ နေရာကွက်လပ်လွတ် တွေ ဖြစ်ပေါ်လာတတ်ကြောင်း၊ ပြိုင်ဘက်
အသင်းများသည် အီတလီတောင်ပံများမှ တစ်ဆင့် အများဆုံး ထိုးဖောက်တိုက်စစ်ဆင်မှု
များ ပြုလုပ်ခဲ့ကြကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။

အီတလီကွင်းလယ် အားသာချက်တစ်ခုမှာ ခံစစ်ကြောင်းကို စနစ်တကျ အကာအကွယ်ပေး
နိုင်ခြင်းဖြစ်သည်။ နောက်ခံလူများ ခံစစ်တွင် အသက်ရှူချောင်စေရန် ၀န်ထုပ်ဝန်ပိုးများကို
လျှော့ချပေးလေ့ရှိသည်။ တစ်ဖန် အီတလီအသင်းသည် နည်းစနစ်တစ်ခုမှ အခြားတစ်ခု သို့
လျင်မြန်စွာ ပြောင်းလဲကစားနိုင်သော အနခ့ညငခေူ်ူနထဘငူငအပ မြင့်မားသည်။

ကစားကွက် အပြောင်းအလဲတွင် အံဝင်ခွင်ကျရှိသော ကစား သမား များစွာရှိသည်။ တိုက်စစ်မှူး
များဖြစ်သော ကာဆာနို၊ ကာချီတို့ကို လူစားထည့်သွင်းသော အခါ တောင်ပံများတွင် ၀င်ဖြည့်
ကစား ပေးနိုင်သကဲ့သို့ ဘာလိုတယ်လီနောက်မှ ်မနနမသောငညါ ကစားနိုင်ကြသည်။

တစ်ဖန် နာပိုလီ ကွင်းလယ်တိုက်စစ်သမား အင်ဆစ်ဂနီ (၂၂ နှစ်)သည် ကွင်းလယ်နှင့် တောင်ပံ
တိုက်စစ်များတွင် နေရာစုံ ရွေ့လျား ကစားနိုင်သောကြောင့် နည်းပြ ပရန်ဒယ်လီအနေဖြင့် ကစား
ကွက် အပြောင်းအလဲလုပ်ပြီး ထည့်သွင်းနိုင်သည်။

'အထောင်'တိုက်စစ်မှူး ဘာလိုတယ်လီနောက်တွင် ျကစစသမအျအမငုနမ တစ်ယောက်ထားပြီး
ကစားမည်ဆိုလျှင် အင်ဆစ်ဂနီနှင့် အံဝင်ခွင်ကျ ရှိသွားနိုင်သော ကြောင့် ၄-၃-၃ ကစားကွက်သာ
ပြောင်းလဲ သုံးစွဲမည်ဆိုပါက အင်ဆစ်ဂနီသည် တောင်ပံ တိုက်စစ် (တငိနာညေ)နေရာတွင်
ပါ၀င်လာ ဖွယ်ရှိသည်။

အီတလီဘောလုံး အကဲခတ်များက အခြေခံကျကျ 'ဆွဲထုတ်'ပြသောဒုတိယအချက်မှာ အီတလီ
အသင်းတွင် အဓိက 'ပျော့ကွက်' သုံးခု ဖြစ်သည်။ ပထမပျော့ကွက်မှာ ဘယ်တောင်ပံခံစစ် ဖြစ်
သည်။

အီတလီတွင် ဘယ်တောင်ပံ ခံစစ်သမားစစ်စစ် တစ်ယောက်သာရှိသည်။ ဘယ်တောင်ပံတွင်
အေစီမီလန်ကစားသမား ဒီဆစ်ဂလီယို (၂၁ နှစ်) တစ်ယောက်သာရှိသည်။ နည်းပြ ပရန်ဒယ်လီ
သည် ဇင်းနစ်ဘယ်တောင်ပံ ကစားသမား ခရစ်စီတိုကို ချန်လှပ်ထားခြင်း ကြောင့် ဒီဆစ်ဂလီယို
သာ ဒဏ်ရာရခဲ့လျှင် မည်သူနှင့် အစားထိုးမည်နည်းဆိုတာ မေးခွန်း ထုတ်ခဲ့ကြသည်။

ဒုတိယပျော့ကွက်မှာ ကွင်းလယ်ကစားသမား များသည် '၀န်ပိ'(သလနမူသေိ)နေကြခြင်းဖြစ်
သည်။ ကွင်းလယ်ယန္တရားသည် တစ်သင်းလုံး ဟန်ချက် ညီအောင် ထမ်းထားရသောကြောင့်
ကွင်းလယ်ဟန်ချက်ပျက်ခြင်း သို့တည်းမဟုတ် တောင်ပံတွင် လစ်ကွက် ဟာကွက်များ ဖြစ်ပေါ်
လာပါက ပြိုင်ဘက်ကစားကွက်အောက်တွင် ထိန်းချုပ်ခံ သွားရဖွယ်ရှိကြောင်း ကျွမ်းကျင်သူ
အချို့က ထောက်ပြကြသည်။

တတိယပျော့ကွက်မှာ ထိရောက်ထက်မြက် သော 'သုံးယောက်တိုက်စစ်တွဲ' မရှိခြင်း ဖြစ် သည်။
သို့ကလိုကြောင့် 'အထောင်'တိုက်စစ်မှူး ဘာလိုတယ်လီတွင် ၀န်ပိသွားနိုင်ပြီး ပြိုင်ဘက် အနေဖြင့်
ဘာလိုတယ်လီကို စနစ်တကျ လူကပ် ထိန်းချုပ်မှုများ ပြုလုပ်နိုင်ခဲ့ပါက အီတလီ အသင်းအနေဖြင့်
အခက်တွေ့သွားနိုင်သည်။

ခြံုကြည့်မည်ဆိုလျှင် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အီတလီအသင်းသည် အုပ်စုကျပ်ထဲ သို့
ကျရောက်နေသော်လည်း နောက်တစ်ဆင့် တက်ရန် အလားအလာများစွာရှိသည်။

၂၀၀၆ ကမ္ဘာ့ဖလားတွင် အီတလီအသင်းကို ဗိုလ်စွဲ အောင် ကိုင်တွယ်ခဲ့သော နည်းပြဟောင်း
မာဆယ်လိုလစ်ပီက အီတလီအသင်းသည် အုပ်စုအဆင့်ကို ကျော်နိုင်မည်ဟု ဟောကိန်း ထုတ်
လိုက်ပြီး ပွဲဦးထွက် အင်္ဂလန်ကို နိုင်မည်ဟု ထင်ကြေးပေးလိုက်သည်။ လစ်ပီက ခြေစမ်းပွဲ များတွင်
အီတလီအသင်း နိုင်ပွဲမရတာ ဘာမျှ ပြဿနာမရှိဘဲ ကိုယ့်အသင်း လိုအပ်ချက်ကို ရှာဖွေဖော်
ထုတ်ခြင်းဖြစ်သောကြောင့် ရလဒ်က အဓိကမကျကြောင်း ပြောဆိုသည်။

အီတလီအသင်းကို အထင်ကြီးသူများထဲတွင် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုလည်း ပါ၀င်နေ သည်။
မော်ရင်ဟိုက အီတလီအသင်းကို ဗိုလ်လုပွဲ ရောက်မည်ဟု ထင်ကြေးပေးလိုက်ရာ အီတလီ ကစား
သမားများအကြား အတော်ပင် လှုပ်ခတ် သွားသည်။ အကယ်စင်စစ် အီတလီအသင်းတွင် 'ပျော့
ကွက်' အချို့ရှိသော်လည်း နည်းပြပရန်ဒယ်လီ က အချိန်မီ ဖာထေးနိုင်မည်ဟု ယုံကြည်ကြောင်း
ထုတ်ဖော်ပြောဆိုထားသည်။ သို့ကလိုကြောင့် အီတလီတို့ ယခုပြိုင်ပွဲတွင် အလားအလာ ကောင်း
များစွာ ရှိနေသည် မဟုတ်ပါလား။



ဖတ်ရှုမှုအများဆုံး