Group F ... ဒီအုပ်စုကတော့ စာရွက်ပေါ်မှ လူစာရင်းများ အရ ရှင်းသည်။ အာဂျင်တီးနားမှာ
ဘော့စနီး ယား၊ အီရန်၊ နိုက်ဂျီးရီးယားအသင်းများထက်ခေါင်းတစ်လုံးသာနေသည်။ ဒီတော့ ၏
အာဂျင် တီးနားဆီက မည်သည့်အသင်းက အမှတ်ရ အောင် ယူနိုင်မည်ဆိုသည်ကို စောင့်ကြည့်
ရမလိုဖြစ်နေသည်။
အာဂျင်တီးနားဆီက အမှတ်ရသည့်အသင်းမှာ နောက်တစ်ဆင့် အတွက် အခွင့်အရေးကောင်း
သွားလိမ့်မည် ထင်သည်။ အာဂျင်တီးနားမှာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ဂျာမနီကိုဂိုးပြတ်
ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ ရပြီးနောက် ပြုပြင်မှုများပြုလုပ်ထားသော အသင်း ဖြစ်သည်။
နည်းပြအဖြစ် ဆဘယ်လာ တာဝန်ယူခဲ့ပြီးနောက် အသင်းကို အပြောင်းအလဲများလုပ်ခဲ့ပြီး
လူငယ်လူသစ်များကိုလည်း ပိုပြီးနေရာပေးလာခဲ့သည်။ ထို့ကြောင့်လည်း ခြေစစ်ပွဲအဆင့်တွင်
ထိပ်ဆုံးနေရာမှခြေစစ်ပွဲ အောင်လာခဲ့သည်။ ဆဘယ်လာလက်ထက်အာဂျင်တီးနားအတွက်
တိုးတက်မှုတစ်ခုခု ပြောနိုင်သည့်အချက်က အာဂျင်တီးနားတွင် မက်ဆီ၏သွင်းဂိုးများကို ပိုပြီး
မြင်လာရခြင်း ဖြစ်သည်။
မက်ဆီကိုယ်၌ကလည်း ယခုရာသီ တွင် ဘာစီလိုနာနှင့် အရင်လိုခြေစွမ်းမပြနိုင်မှုကို အာဂျင်တီး
နားနှင့်အတူ ကမ္ဘာ့ဖလား၌ ချေဖျက်ပြရန် ဆန္ဒများပိုမိုပြင်းပြနေနိုင်သည့် အချက်ကလည်း မက်
ဆီ၏ခြေစွမ်းကိုပါစောင့်ကြည့် ရမလို ဖြစ်နေသည်။ အာဂျင်တီးနား၏ လူစာရင်းအရဆိုရလျှင်
လူဟောင်းနှင့် လူသစ်များကို မျှတစွာရွေးချယ် ထားသည်ကို တွေ့နေရသည်။
အထူးသဖြင့် ခံစစ်ကြောင်းတွင် ဒီမစ်ချယ်လီ၊ ကွင်းလယ်တွင် ဂါဂိုနှင့် မာရှေယာနိုကဲ့သို့ လူဟောင်း
များကို အားပြုတည် ဆောက်ထားခြင်းက အသင်းကို ဟန်ချက်ညီအောင် ဖြည့်ဆည်းထားသည့်
ပုံမျိုး ပေါ်နေသည်။ အာဂျင်တီးနားအတွက် အားရ စရာ အကောင်းဆုံးနေရာကတော့ တိုက်စစ်ပိုင်း
ပဲဖြစ်သည်။
အာဂျင်တီးနားတိုက်စစ်တွင် ဟီဂူရင်၊ မက်ဆီ၊ အဂွေရို၊ ဒီမာရီယာ၊ လာဗက်ဇီ၊ ပလာစီယိုတို့ကို
အားပြုရွေးချယ်ထားရာ အာဂျင် တီးနား၏ တိုက်စစ်ပိုင်းက အတော်လေးကို အားရစရာကောင်း
နေသည်။
အာဂျင်တီးနား အသင်း၏ တစ်သင်းလုံးအနေအထားကို ခြံုငုံ ကြည့်မည်ဆိုလျှင် ၀ါရင့်ကစားသမား
ဒီမစ်ချယ်လီတစ်ဦးသာ ပါ၀င်နေသော ခံစစ်ပိုင်းက အားနည်းဖွယ်ရာ အနေအထားပြောနိုင်သော်
လည်း အုပ်စုတွင်းပြိုင်ဘက်များ၏ အနေအထား များအရဆိုရလျှင်တော့ အာဂျင်တီးနားခံစစ်
အနေအထားမှာ ဆိုးရွားသည့်အခြေအနေမျိုး ကြံုရနိုင်ဖွယ်အနေအထားမျိုး မရှိဟုထင်သည်။
ဒီအုပ်စုတွင် အာဂျင်တီးနား၏ အဓိက ပြိုင်ဘက်အဖြစ် ဖြစ်လာနိုင်သည့်အသင်းများ က
ဘော့စနီးယားနှင့် နိုက်ဂျီးရီးယားအသင်းများပဲဖြစ်သည်။ ဒီနှစ်သင်းတွင် ဘော့စနီးယား ထက်
စာလျှင် နိုက်ဂျီးရီးယားက ကမ္ဘာ့ဖလား အတွေ့အကြံုပိုများသော အသင်းဖြစ်သည်။
ထို့ပြင် ဥရောပကလပ်အသင်းကြီးများတွင်ကစားနေသော ကစားသမားအများစုလည်း ပါ၀င်နေရာ
နိုက်ဂျီးရီးယား၏အနေအထားမှာ အုပ်စုတက်ရေးအတွက် မျှော်လင့်၍ရနေသောအခြေအနေမျိုး
တွင် ရှိနေသည်။
နောက်တန်းတွင် ဂျိုးဇက်ယိုဟို၊ ကွင်းလယ်တွင် ကိုဘီ မီခေးလ်၊ တိုက်စစ်တွင် အီမီနီကီတို့ကဲ့သို့
၀ါရင့် ကစားသမားများကိုပိုင်ဆိုင်ထားခြင်းကလည်းနိုက်ဂျီးရီးယားအတွက် မျှော်လင့်လို့ရနေသည့်
အနေအထားပဲဖြစ်သည်။ တစ်သင်းလုံး၏ ပျမ်းမျှအသက်ကိုကြည့်လျှင်လည်း ၂၆ ၀န်းကျင် ခန့်
သာရှိသေးသည့်အပြင် ကစားရမည့် ဘရာဇီးလ်ရာသီဥတုကိုလည်း ခံနိုင်ရည်ပိုရှိနိုင်သည့်
အနေအထားက ဘော့စနီးယားထက်စာလျှင် နိုက်ဂျီးရီးယားအတွက် အားသာမှုတစ်ခုဟု
ပြောရမလိုဖြစ်နေသည်။
ဘော့စနီးယားကတော့ ယခုတစ်ကြိမ် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲကြီးတစ်ခု၏ နောက်ဆုံး
အဆင့်သို့ ပထမဦးဆုံးရောက်ရှိလာခဲ့ခြင်းဖြစ် သည်။ ဘော့စနီးယားအတွက်အမြင့်ဆုံး ရောက်
ရှိခဲ့ဖူးသည်က ၂၀၁၀ ကမ္ဘာ့ဖလားပွဲအတွက် ခြေစစ်ပွဲကစားရာတွင် ရှုံးထွက်အဆင့်သို့ တက်
ရောက်နိုင်ခဲ့ခြင်းပဲဖြစ်သည်။
ထို့ပြင် ယခု ကမ္ဘာ့ခြေစစ်ပွဲအောင်ရာတွင် ဥရောပအဆင့် အုပ်စုတွင်းပြိုင်ဘက်များကို ပြန်ကြည့်
မည် ဆိုလျှင် ဘော့စနီးယားအတွက် အခြားဥရောပ အသင်းကြီးများထက်စာလျှင် အခွင့်အရေး
ကောင်းခဲ့သည်ဟု ပြော၍ရနေသည်။
အုပ်စုတွင်း ၌ ဥရောပတွင် အလယ်အလတ်အဆင့်သာရှိသည့် အသင်းအများစုကိုသာ ရင်ဆိုင်
ကျော်ဖြတ်ခဲ့ရသည်။ အုပ်စုတွင်း၌ ဂရိ၊ ဆလို ဗက်ကီးယားလိုအသင်းများကိုသာ အဓိက ပြိုင်
ဘက်အဖြစ် ရင်ဆိုင်ခဲ့ရပြီး ခြေစစ်ပွဲအောင် လာခဲ့ခြင်းဖြစ်၍ ဘော့စနီးယား၏ ခြေစွမ်းမှာ ယခု
လိုပြိုင်ပွဲကြီးတစ်ခု၏ နောက်ဆုံးအဆင့်တွင် ထိုက်တန်စွာယှဉ်ပြိုင်နိုင်သောအင်အား မျိုး
လိုအပ်နေဦးမည်ဟုထင်သည်။ ဘော့စနီး ယားအတွက် အဓိကအားနည်းမှုက တောင်အမေရိက
ရာသီဥတုကို ခံနိုင်ရည်ရှိနိုင်မှု အားနည်းနေခြင်းပဲဖြစ်သည်။
ထို့ပြင် ဘော့ စနီးယား၏ အုပ်စုတွင်းပွဲစဉ်အနေအထားကို ကြည့်လျှင် အာဂျင်တီးနား၊ နိုက်ဂျီး
ရီးယားလို အသင်းများနှင့် အရင် ရင်ဆိုင်ရမည်ဖြစ်ပြီး အုပ်စု နောက်ဆုံးပွဲရောက်မှသာ အီရန်
လိုအသင်းနှင့် ဆုံနေခြင်းကလည်း ဘော့စနီးယား၏ အနေ အထားမှာ အုပ်စုတက်ရေးအတွက်
အခက် အခဲကြံုနိုင်သည့်အနေအထားမျိုးဖြစ်နေသည်။ ဒီအုပ်စုတွင် အားအနည်းဆုံး အသင်း
ဟုပြောနိုင်သည့်အသင်းက အာရှတိုက်မှ အီရန်ပဲ ဖြစ်သည်။ အီရန်အသင်းကို ၀ါရင့်နည်းပြ
တစ်ဦးဖြစ်သည့် ကွီရော့စ် ကိုင်တွယ်နေသည်မှာ မှန်သော်လည်း အီရန်အသင်း၏ အနေအထား
မှာ မျှော်လင့်၍ရသည့် အနေအထားမျိုးတော့ မဟုတ်။ အသင်းကိုလည်း ပြည်တွင်းကစား သမား
အများစုဖြင့်သာဖွဲ့စည်းထားခဲ့ရခြင်းက ကျန်ပြိုင်ဘက်အသင်းများထက် စာလျှင် တစ်ပန်းရှုံးနေ
သည်ဟု ပြော၍ရသည်။
ထို့ပြင် အီရန်အသင်း၏ လက်ရှိအနေအထားမှာ အလီဒါယီ၊ ခိုဒါဒက်အဇီဇီတို့ ခေတ်ကကဲ့သို့
မဟုတ်တော့။ အသင်းတွင် အတွေ့အကြံုများသူ ဆို၍ ကွင်းလယ်မှ နီကူနမ်နှင့် တေမော်ရီယန်
တို့နှစ်ဦးလောက်သာ ပါ၀င်နေသည်။ သို့သော် အီရန်အတွက် မျှော်လင့်နိုင်သည့် အချက်က
ဘရာဇီးလ်၏ ရာသီဥတုအနေအထားကို ခံနိုင် ရည်ရှိနိုင်သည့် အချက်ပဲဖြစ်သည်။
ထို့ပြင် အီရန်အသင်း၏ ပွဲဦးထွက်ပွဲကိုလည်း နိုက်ဂျီး ရီးယားလိုအသင်းမျိုးနှင့် စကစားခွင့်ရထားခဲ့
ခြင်းက အီရန်အတွက် မျှော်လင့်ချက်ပဲဖြစ် သည်။ အာဖရိကနှင့် အာရှအသင်းများကြား တွင်
ခြေစွမ်းအားဖြင့် သိသာသောကွာဟမှုမျိုး သိပ်မရှိတတ်ရာ အသင်းအတွက် လန်းဆန်း တက်ကြွ
နေနိုင်သည့် အဖွင့်ပွဲမျိုးတွင် ခြေကုန် ထုတ်ကစားပြီး နိုက်ဂျီးရီးယားဆီက အမှတ်ရ အောင်
ယူထားနိုင်ခဲ့ပါက အီရန်အတွက် အုပ်စု တက်ရေး အခွင့်အရေးကောင်းသွားနိုင်သည်ကို လည်း
သတိတော့ထားရလိမ့်မည် ထင်သည်။
ဒီအုပ်စုကိုကြည့်လျှင် နောက်တစ်ဆင့် တက်မည့်အသင်းမှာ အာဂျင်တီးနား သေချာ သလောက်
ဖြစ်နေသော်လည်း ကျန်သုံးသင်း၏ အနေအထားကတော့ သိသာသည့် ကွာဟမှုမျိုး ရှိနေသည်
ဟု ပြော၍မရ။
စာရွက်ပေါ်က စာရင်းများအရ နိုက်ဂျီးရီးယားနှင့် ဘော့စနီး ယားက အီရန်ထက်တစ်ဆင့်သာနေ
သည်ဟု ဆိုနိုင်သော်လည်း နည်းပြပိုင်းတွင် အတွေ့ အကြံုရှိသော အီရန်အသင်း၏ တုံ့ပြန်မှုက
လည်း အုပ်စုတွင်းအနေအထားကို အပြောင်းအလဲဖြစ်သွားနိုင်သည်ကိုလည်း ဂရုပြုရမည် ထင်
သည်။
သို့သော်လည်း ဒီအုပ်စုမှ အာဂျင် တီးနားနှင့်အတူ မည်သည့်အသင်း နောက် တစ်ဆင့်ကိုရောက်
သည်ဖြစ်စေ ထိုအသင်းအတွက် ၁၆ သင်းရှုံးထွက်အဆင့်က နောက်ဆုံး အဆင့်ဖြစ်သွားနိုင်သည်
ကတော့ သေချာ သလောက်ပဲဖြစ်သည်။ ဒီအုပ်စုမှ အာဂျင်တီးနားအတွက်တော့ ဒေသတွင်း
ပြိုင်ပွဲတစ်ပွဲဖြစ်နေသည့်အပြင် အုပ်စုပြိုင်ဘက်များအနေအထား၊ ပွဲစဉ် လမ်းကြောင်း အနေ
အထားများအရတော့ အနိမ့်ဆုံး ဆီမီးအဆင့်လောက်အထိ မျှော်လင့် နိုင်လိမ့်မည်ဟု
ထင်နေမိသည်။















