စံချိန်သစ်တွေကိုယ်စီ ရေးထိုးနိုင်ခဲ့ကြတဲ့ နာဒါးလ်နှင့် ရှာရာပိုဗာ

စံချိန်သစ်တွေကိုယ်စီ ရေးထိုးနိုင်ခဲ့ကြတဲ့ နာဒါးလ်နှင့် ရှာရာပိုဗာ

ဇွန်လ မိုးရေစက်တွေနဲ့အတူ ပါရီမြေက ွRoland Garros မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ရဲ့ ဒုတိယ
မြောက် ဂရင်းဆလမ်ပွဲစဉ် ပြင်သစ်အိုးပင်းတင်းနစ် ပြိုင်ပွဲဟာလည်း ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာ
ကျင်းပပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်။

ကြီးလေးကြီး ဂရင်းဆလမ်ပွဲစဉ်ထဲမှာ တစ်ခုတည်းသော မြေစေးမျက်နှာပြင်ပြိုင်ပွဲမှာ မြေစေး
ဘုရင်လို့ ကျော်ကြားသူ စပိန်တင်းနစ်စတား ရာဖေးလ် နာဒါးလ်က ချန်ပီယံသရဖူကို အောင်
အောင် မြင်မြင် ကာကွယ်နိုင်ခဲ့တာ ငါးနှစ်ဆက်တိုက် ရှိခဲ့ပြီဖြစ်သလို ပြင်သစ်အိုးပင်း ကိုးထပ်
ကွမ်း ချန်ပီယံအဖြစ်နဲ့လည်း ပါရီမြေမှာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီဆိုတာကိုလည်း စပိန်မီဒီ
ယာ တွေက ဂုဏ်ပြုမဆုံးရှိနေကြပါတယ်။

အခုနှစ် ပြိုင်ပွဲမှာ ဆုကြေးစုစုပေါင်း ယူရို ၂၅ သန်း ချီးမြှင့်တာကြောင့် ဆုကြေးအများ ဆုံးဖြစ်
တဲ့နှစ်မှာ စံချိန်သစ်တစ်ခု ဆက်လက်ရေးထိုးနိုင်ခဲ့သူက အမျိုး သမီးတစ်ဦးချင်းချန်ပီယံ ရှာရာ
ပိုဗာပဲ ဖြစ်ပါတယ်။

ဒုတိယမြောက် ပြင်သစ် အိုးပင်း ဆုဖလားရယူနိုင်ခဲ့သူ ရှာရာ ပိုဗာဟာ ဂရင်း ဆလမ်ဆုဖလား
ငါးလုံး ရရှိတဲ့ ပထမဆုံး ရုရှားတင်းနစ် ငွေ ကြယ်ပွင့်အဖြစ်နဲ့လည်း ပါရီမြေမှာ ပျော်ရွှင်ဝမ်းမြောက်
ခွင့် ရရှိခဲ့တာကို လည်း မော်စကိုစာစောင်တွေက ကောင်းချီးပေးနေကြပါတယ်။

၂၀၁၄ ပြင်သစ်အိုးပင်း အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို တက်ရောက်လာကြ သူနှစ်ဦးက
ဆီဒင်(၁)နဲ့ (၂) ရထားတဲ့ နာဒါးလ်နဲ့ မဟာပြိုင်ဘက်ဂျိုကိုဗစ်ရှတို့ဖြစ်တာကြောင့် မှန်းချက်နဲ့
ကိုက်ခဲ့ကာ အကြိတ်အနယ်ယှဉ်ပြိုင် ခဲ့ပြီးနောက်မှာ လက်ရှိချန်ပီယံကပဲ ၃-၆၊ ရ-၅၊ ၆-၂၊
၆-၄ နဲ့ ငါးနှစ်ဆက်တိုက် သရဖူဆောင်း နိုင်ခဲ့ သလို စုစုပေါင်း ဂရင်းဆလမ်ဆုဖလား ၁၄ လုံး
ပိုင်ရှင်ဖြစ်ခွင့် ရခဲ့ပြီပဲ ဖြစ်ပါ တယ်။

လက်ရှိ ဂန္ထဝင် ဖက်ဒါး ရားရဲ့ ဂရင်း ဆလမ် ၁၇ လုံး စံချိန်ကို မြေစေးဘုရင် လိုက်မီဦးမလား
ဆိုတာက လာမယ့် ၀င်ဘယ်လ်ဒန်မှာ စောင့်ကြည့်ကြရ မှာပဲဖြစ်ပါတယ်။ လက်ရှိမှာ ပြင်သစ်
အိုးပင်း ချန်ပီယံကိုးကြိမ်ဖြစ်ထားတာကြောင့် ုငညါ သ် Roland Garros လို့ ပါရီစာစောင်တွေ
က ဂုဏ်ပြု ခဲ့ကြခြင်းပဲဖြစ်ပါတယ်။

"ပါရီမြေဟာ ကျွန်တော့်အတွက်တော့ အောင်မြေလို့ ဆိုနိုင်ပါတယ်။ Roland Garros မှာ
ကစားရင် ပျော်ရွှင်ရတဲ့ပွဲ များတာက အားလုံး အသိပါပဲ။ လေးစားရတဲ့ ပိဆမ်းပရပ်စ်ရဲ့
ဂရင်းဆလမ်ဖလား ၁၄ လုံးစံချိန်ကို လိုက်မီခဲ့တာ ကိုတော့ ကြည်နူးဂုဏ်ယူမိပါတယ်။
လာမယ့် ၀င်ဘယ်လ်ဒန်မှာ ဆက်လက်အကောင်းဆုံး ကြိုးစားသွားမှာပါ"လို့ ရုပ်သံ
အင်တာဗျူးမှာ မြေစေးဘုရင်နာဒါးလ်က ၀မ်းမြောက်စကား ဆိုခဲ့ပါတယ်။

Roland Garros နှစ်ထပ်ကွမ်းချန်ပီယံဖြစ် လာသူ ရှာရာပိုဗာဟာ ပြိုင်ပွဲမစခင်က ဆီဒင် (၇)
သာရထားပြီး ၂၀၁၃ ချန်ပီယံ ဆရီနာနဲ့ လီနာတို့ ထွက်သွားပြီးနောက်မှာမှ ရေပန်းစားလာခဲ့သူပဲ
ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ ရှာရာပိုဗာဟာ ဆီဒင် (၄)ရခဲ့သူ ရိုမေးနီးယားစတား ဆီမိုနာဟာလက်နဲ့ ဆုံတွေ့ခဲ့ပြီး
တကယ့်ကို ခက်ခက်ခဲခဲ ၆-၄၊ ၆-၇၊ ၆-၄ နဲ့ အနိုင်ကစား ပြီးမှ ထိုက်ထိုက်တန်တန်
နဲ့ ဒုတိယမ္ပိ ပြင်သစ်အိုပင်းဆုဖလား ထွေးပိုက် ခွင့်ရရှိခဲ့ခြင်းပါပဲ။ ဂရင်းဆလမ်ဆုဖလား
ငါးလုံးတိတိပိုင်ဆိုင်ခဲ့ပြီဖြစ်သူ ရှာရာပိုဗာက ကမ္ဘာ့အဆင့်(၅)နေရာကို ပြန်လည် လှမ်းတက်
လာနိုင်ခဲ့ပြီး သူ့ရဲ့အဓိကရည်မှန်းချက်က ကမ္ဘာ့ ပြိုင်ဘက်ကင်းနံပါတ်(၁)သရဖူကို ပြန်လည်
ရယူဖို့ပဲဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ရင်ဖွင့်ခဲ့ဖူးပါတယ်။

နာမည်ကြီးကားကုမ္ပဏီ ဏသမျခ့န ရဲ့ မြညေိ ဗာဘေျျေိသမ ဖြစ်သူ ရှာရာပိုဗာက "ဒီနှစ်ဗိုလ်
လုပွဲက ကျွန်မ အတွက်တော့ အခက်ခဲဆုံး ဗိုလ်လုပွဲ ပါပဲ။ ကမ္ဘာ့အဆင့် (၃)နဲ့ ထိုက်တန် သူ
ဆိုတာကို ဒီပွဲမှာ ဆီမိုနာက ပြသ သွားပါတယ်။ ပါရီမြေမှာ ချန်ပီယံ ဖလားကို ထပ်မံနမ်းရှိုက်
ခွင့်ရတဲ့ ပီတိက ဖော်မပြတတ်အောင်ပါပဲ။ လာမယ့် ၀င်ဘယ်လ်ဒန်မှာလည်း ပျော်ရွှင်ခွင့်ရမယ်
လို့ မျှော်လင့် ထားပါတယ်"လို့ ESPN နဲ့ တွေ့ဆုံခန်းမှာ ရင်ဖွင့်စကား ဆိုသွားပါတယ်။

ပွဲကစားချိန် ၃ နာရီ၊ ၂ မိနစ်ကြာပြီး ၁၉၉၆ နောက်ပိုင်း အကြာမြင့်ဆုံး အမျိုးသမီး ဗိုလ်လုပွဲအဖြစ်
မှတ်တမ်းဝင်ခဲ့တဲ့ ရှာရာပိုဗာနဲ့ ဆီမိုနာတို့ရဲ့ ပြင်သစ်အိုးပင်း ဖလားလုပွဲလိုပဲ လာမယ့် ၀င်ဘယ်လ်
ဒန်ဗိုလ်လုပွဲစဉ်တွေဟာလည်း ခက်ခဲ ကြမ်းတမ်းရှည်ကြာဦးမှာ သေချာနေပါ ကြောင်း
တင်ပြရင်း ...။



ဖတ်ရှုမှုအများဆုံး