၂၀၁၄ ကမ္ဘာ့ဖလား၊ အုပ်စု (D)အဖွင့်ပွဲစဉ်တွင် အင်္ဂလန်သည် အီတလီကို ၂-၁ ဖြင့် အရေးနိမ့်
သည်။ တစ်ဖက်တွင် ၂၀၁၀ ကမ္ဘာ့ဖလား၌ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ သော
ဥရုဂွေးသည် မထင်မရှား ကောစတာ ရီကာကို ၃-၁ ဖြင့် အရေးနိမ့်သည်။
သို့ကလို အဖွင့်ပွဲစဉ်၌ အရေးနိမ့်ခဲ့ကြသော အင်္ဂလန်နှင့် ဥရုဂွေးတို့သည် ဇွန်လ ၁၉ ရက်တွင်
ထိပ်တိုက်တွေ့ဆုံကြမည် ဖြစ်သောကြောင့် အရေးပါသော အဆုံးအဖြတ်ပွဲစဉ် ဖြစ်လာ သည်။
ဥရုဂွေးလက်ရွေးစင်ဟောင်း တဖြစ်လဲ ဆန်းဒါးလန်းနည်းပြ ဂူစတာဗိုပိုရက်က ယခု ပွဲစဉ်တွင်
အင်္ဂလန်နှင့် ဥရုဂွေးနှစ်သင်းစလုံး အတွက် သရေဆိုသောအဖြေသည် နောက်တစ်ဆင့်တက်ရန်
မလုံလောက်သေးဘဲ အကယ်၍ အနိုင်အရှုံး အဖြေထွက်ခဲ့ပါက အရေးနိမ့်သည့်အသင်းသည်
အုပ်စု အဆင့်မှ ကျောခိုင်းရမည် ဖြစ် သောကြောင့် နှစ်သင်းစလုံး အတွက် ကမ္ဘာ့ဖလား နောက်
ဆုံး ဗိုလ်လုပွဲပင်ဖြစ်ကြောင်း ပြောဆို လိုက်သည်။
အင်္ဂလန်နှင့်ဥရုဂွေးတို့သည် စုစုပေါင်း ၁၀ ကြိမ်တွေ့ ဆုံပြီးခဲ့ရာ အင်္ဂ လန်က သုံးပွဲ နိုင်ပြီး ဥရု
ဂွေးက လေးပွဲနိုင်ကာ သုံးပွဲ သရေကျခဲ့သည်။ အင်္ဂလန်က ဥရု ဂွေးဘက်သို့ ၁၀ ဂိုးသွင်းယူနိုင်ပြီး
၁၃ ဂိုး ပြန်သွင်းခံ ရသည်။
ယင်းတို့ နှစ်သင်းသည် နောက်ဆုံး တွေ့ဆုံ မှုအဖြစ် ၂၀၀၆ ခု၊ မတ်လ၁ ရက်၊ အင်္ဂလန်မြေပေါ်
တွင် ခြေစမ်းခဲ့ရာတွင် အင်္ဂ လန်က ၂ဪ၁ ဖြင့် နိုင်ခဲ့ သည်။ တွေ့ဆုံပြီးခဲ့သော မှတ်တမ်းမှတ်
ရာများ အရ ဆိုလျှင် ဥရုဂွေး ဘက်မှ အနည်းငယ် အသာစီးရထားသည်။ သို့ရာတွင် ယခုတစ်
ခေါက် အင်္ဂလန်နှင့် ဥရု ဂွေးတို့ ထိပ်တိုက်တွေ့ဆုံ မည့် အနေအထားသည် နှစ်သင်းစလုံး
အကျဉ်းအကျပ်ထဲသို့ ရောက်နေသောကြောင့် အုပ်စုအဖွင့် ပွဲစဉ်ထက် ပို၍ 'ညှစ်'ကစား မှာ
သေချာသကဲ့သို့ နည်း ဗျူဟာနှင့် အခင်းအကျင်း ပိုင်းတွင် အပြောင်းအလဲ များ ပြုလုပ်ရမည်
ဖြစ်သောကြောင့် ပို၍ ခန့်မှန်းရခက်ဖွယ်ရှိ သည်။
အီတလီနှင့် ပွဲအပြီး တွင် အများ ဆုံး၊မေးခွန်း ထုတ်ခံရသူမှာ တိုက်စစ်မှူး ရွန်နေဖြစ်သည်။
ရွန်နေသည် နည်းပြ ရွိုင်းဟော့ဆင်လက်ထက် ပွဲ ၂၀ ကစားပေးခဲ့ရာတွင် ၁၁ ဂိုး သွင်းယူခဲ့
သည်။
သို့ရာတွင် ကမ္ဘာ့ ဖလား ကိုးပွဲကစားခဲ့ရာတွင် တစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိဘဲ ဘေးကျပ်နံကျပ်
အခြေအနေတွင် အင်္ဂလန်အသင်းကို ဦးဆောင်မှုပေးနိုင်သော ကစားသမားမဟုတ် ကြောင်း
အင်္ဂလိပ်မီဒီယာများကပင် ထောက်ပြ လာကြသည်။
အီတလီနှင့်ပွဲတွင် ရွန်နေသည် တောင်ပံကစားသမား (wide-man)နေရာ တွန်းပို့ခံ ရသော
ကြောင့် ပုံမှန်ခြေစွမ်းအောက်ရောက် သွားသည်။ ရွန်နေသည် တောင်ပံထွက် ကစားရသည်
ထက် 'အထောင်'တိုက်စစ်မှူး နေရာတွင် ပို၍ခြေစွမ်းပြနိုင်သည်။ ၎င်းသည် အဆုံးသတ် ဂိုးသွင်း
ယူသူဖြစ်သောကြောင့် link-man နေရာထားကစားလျှင် 'ကစားပေါက်' ကျပ်သွားသည်။
အီတလီနှင့်ပွဲတွင် ရွန်နေသည် ပထမပိုင်းတွင် ဘယ်တောင်ပံ၊ ဒုတိယပိုင်းတွင် ညာတောင်ပံ
'ထွက်'ကစားရသောကြောင့် ခြေစွမ်းမပြနိုင်သော်လည်း အသင်းအတွက် အနာခံကစားပေးကာ
ဂိုးသွင်းခွင့်ကို ဖန်တီးပေးခဲ့သည်။ ဥရုဂွေးနှင့်ပွဲတွင် ရွန်နေကို 'အထောင်'တိုက်စစ်မှူး နေရာပြန်
ထားပြီး လိုအပ်သော ပံ့ပိုးချိတ်ဆက်မှုများ ပြုလုပ်ပေးနိုင်ပါက အင်္ဂလန်၏ အခင်းအကျင်းနှင့်
'ကစားပေါက်' များ ပြောင်းလဲသွားမည် ဖြစ်သည်။
နည်းပြ ရွိုင်းဟော့ဆင်အနေဖြင့် ၄ဪ၃ဪ၂ဪ၁ ကစား ကွက်ကိုသာ ခင်းကျင်းမည်
ဆိုပါက ရွန်နေ သည် ၎င်းအားသန်သော 'ကစားပေါက်' ဖြစ်သည့် 'အထောင်'တိုက်စစ်မှူးနေရာ
သို့ ပြန်လည်ရောက်ရှိသွားနိုင်ရာ ၎င်းကိုသာ စနစ်တကျ ဖန်တီးပံ့ပိုးပေးနိုင်ပါက အင်္ဂလန်တိုက်
စစ်သည် ထိရောက်ထက်မြက်မှု များစွာ ရှိလာမည် ဖြစ်သည်။
တစ်ဖက်တွင် ဥရုဂွေးသည် လည်းပွဲဦးထွက် ကော်စတာရီကာကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့ရာတွင်
အားထားရသော တိုက်စစ်မှူး ဆွာရက်ဇ် ပါ၀င်နိုင်ခြင်းမရှိသော် လည်း အင်္ဂလန်နှင့်ပွဲတွင် ၎င်းပြန်
လည် ပါ၀င် လာနိုင်သောကြောင့် အင်္ဂလန်နောက်တန်း အတွက် များစွာ စိတ်မသက်မသာ ဖြစ်စေ
နိုင်သည်။
ဆွာရက်ဇ်ကို ဘယ်လိုထိန်းရမလဲဆိုသည် မှာ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆင် အတွက်
'ခေါင်းကိုက်'စရာ ဖြစ်လာသည်။ ဆွာရက်ဇ် သည် ပြီးခဲ့သောရာသီက လီဗာပူးအတွက် ၂၇
ဂိုးသွင်း ယူပေးခဲ့သည်။
တစ်ဖန် ပရီမီယာလိဂ်တွင် ကစားနေသောကြောင့် အင်္ဂလန်ကစားသမား များ၏ 'အထာ'ကို
သိနေရာ တိုက်စစ်မှူး ကာဗာနီထက်စာလျှင် အင်္ဂလန်အသင်းကို ဆွာရက်ဇ်က ပို၍ ဒုက္ခပေးနိုင်
စွမ်းရှိသည်။
အီတလီနှင့်ပွဲအပြီး တွင် အင်္ဂလန်ခံစစ် ကြောင်း၏ 'ပျော့ ကွက်'များ ပေါ် သွားပေသည်။ တောင်ပံ
ခံစစ် နှစ်ဖက်စလုံး တွင် 'ပျော့ကွက်' များရှိပြီး ဘယ် တောင်ပံခံစစ်မှူး လေတန်ဘိန်းစ် သည်
အတွေ့အကြံု နုသေးသောကြောင့် အီတလီနှင့်ပွဲတွင် ပျာယာ ခတ်ကာ ၎င်းဘက်မှ 'ပေါက်'
သွားသည်။
တစ်ဖန် ညာတောင်ပံခံစစ်တွင်လည်း ဂလင်း ဂျွန်ဆင်သည် အပြည့်အဝ စိတ်မချရ ၎င်းဘက်ခြမ်း
မှ လစ်ကွက်ဟာကွက်များရှိခဲ့သည်။ အင်္ဂလန်ခံစစ်ကြောင်းသည် ကာဗာနီဪဆွာရက်ဇ် တိုက်
စစ် တွဲကို ပွဲချိန်ပြည့် ထိန်းနိုင် ဖို့အတော်ပင် ရုန်းကန်ရဖွယ် ရှိသည်။ တစ်ဖန် အတွေ့အကြံု များ
သော ဒီယေဂိုဖော်လန်သည်လည်း လူစားဝင်ရောက် ကာ ဒုက္ခပေးနိုင်သည်။
ဥရုဂွေး တိုက်စစ်မှူးများသည် ပရီမီယာလိဂ်တွင် ကစားဖူးသောကြောင့် အင်္ဂလန်ခံစစ်မှူးများနှင့်
ထိတွေ့ ဖူးသော်လည်း အင်္ဂလန်တိုက်စစ်မှူး များမှာ ဥရုဂွေးခံစစ်မှူးများနှင့် ရင်ဆိုင် ထိတွေ့ဖူးခြင်း
နည်းပါးရာ ထို ရှုထောင့်မှကြည့်လျှင် ဥရုဂွေးက တစ်ပန်းသာနေသည်။ အီတလီနှင့်ပွဲတွင် အင်္ဂလန်
သည် တိုက်စစ်မှူး စတားရစ်ချ်နှင့် ကွင်းလယ်တိုက်စစ်သမားများဖြစ်ကြသော ရွန်နေ၊ စတာလင်၊
၀ဲလ်ဘက် တို့ အကြား အပေးအယူလုပ် ချိတ်ဆက် ကြရာတွင် အံ မဝင်ဘဲ လွဲ ချော်မှုများ ရှိခဲ့
သည်။
သို့ရာတွင် ခြံုကြည့်လျှင် အင်္ဂ လန်အသင်း၌ လူငယ် ကစားသမား ပါ၀င်မှုနှုန်း များပြားသော
ကြောင့် ပြေးအား နှင့် ပါ၀ါကောင်းမွန်မှုများ သည် အားသာချက် ဖြစ်လာ သည်။ သို့ရာတွင်
အင်္ဂလန် အသင်းသည် နည်းပရိ ယာယ်ပိုင်းတွင် သာမန်အဆင့်သာရှိသည်။ တစ်ဖန် နယ်မြေ
အကျွမ်းဝင်မှု၊ ရာသီ ဥတု ရှုထောင့်များမှ ကြည့်လျှင် ဥရု ဂွေးက၊တစ် ပန်းသာ သည်။
တစ်ဖန် တောင် အမေရိ က မြေပေါ်တွင် ဥရောပ အသင်းများကို ရင်ဆိုင်ရာ၌ တောင်အမေရိက
အသင်းများသာ အသာစီးရတတ်သော အစဉ် အလာကလည်း ရှိသေးသည်။ သို့ရာတွင် ဘော
လုံးကျွမ်းကျင်သူအချို့က အင်္ဂလန်အနိုင်ရနိုင်သော အကြောင်းရင်း ငါးချက်ကို 'ဆွဲထုတ်'ပြသည်
မှာ စိတ်ဝင်စား စရာကောင်းသည်။
ပထမအချက်မှာ ဥရုဂွေးဂိုးသမား ဖာနန်ဒို မူစလာရာ စိတ်ချရသော အနေအထားတွင် မရှိဘဲ
အမှားအယွင်းများသည်။ တစ်ဖန် ၎င်းသည် ပြိုင်ဘက်အသင်းက ျနအစငနခန များမှတစ်ဆင့်
ဂိုးသွင်းယူသောအခါတွင် ခုခံကာ ကွယ်နိုင်စွမ်း နည်းပါးသည်ကို ကော့စတာရီကာနှင့်ပွဲတွင်
တွေ့ရသည်။
ဒုတိယအချက်မှာ ဥရုဂွေးခံစစ်သမားများ သည် ပြေးအား၊ ပါ၀ါကောင်းသော တိုက်စစ် သမားများ
ကို ထိန်းနိုင်စွမ်း နည်းပါးခြင်းဖြစ် သည်။ သမ္ဘာနှင့်ထိန်းကစားသော ဥရုဂွေးခံစစ်သမားများ၏
အားနည်းချက်မှာ ပြေးအားကျဆင်း ပြီး အနည်းငယ် 'လေး'သည်။ ပွဲချိန်ကြာလာ သည်နှင့်အမျှ
'ဟိုက်'သွားသည်။
တတိယအချက်မှာ နောက်ခံလူ မက်ဆီပါရဲရား သည် ပွဲပယ်ခံထားရသောကြောင့် ဥရုဂွေး
ညာတောင်ပံခံစစ်တွင် 'ပျော့ကွက်' ဖြစ်လာနိုင် သည်။ သို့ကလို ဖြစ်လာနိုင်ခြေရှိသော 'ပျော့
ကွက်'ကို အင်္ဂလန်ဘယ်တောင်ပံတိုက်စစ်သမား များသည် အသုံးချနိုင်စွမ်းရှိဖို့ လိုအပ်သည်။
စတုတ္ထအချက်မှာ ကော်စတာရီကာနှင့်ပွဲကို လွဲချော်ခဲ့သော ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် သည်
အင်္ဂလန်နှင့်ပွဲစဉ်ကိုလည်း လွဲချော်သွား ဖွယ်ရှိသည်။ ဆွာရက်ဇ်သာ မပါ၀င်နိုင်ခဲ့လျှင် အင်္ဂလန်
အတွက် များစွာအားတက်လာမည် ဖြစ်သည်။ ပ ဉ္စမအချက်မှာ အင်္ဂလန်နောက်ခံလူများ ဖြစ်ကြ
သော လေတန်ဘိန်းစ်၊ ဂယ်ရီကာဟေးလ် နှင့် ဂျာဂီရယ်ကာ၊ ကွင်းလယ်လူ စတီဗင်ဂျရတ်၊ ရစ်ကီလမ်းဘတ်တို့သည် ခေါင်းတိုက် ကောင်းသောကြောင့် ျနအစငနခန များမှတစ် ဆင့် ဥရုဂွေး
နောက်တန်းကို များစွာ ပြဿနာပေးနိုင် စွမ်းရှိသည်။
ခြံုကြည့်လျှင် အင်္ဂလန်နှင့် ဥရုဂွေးတို့ ထိပ်တိုက် တွေ့ဆုံမည့်ပွဲသည် အမှားမခံဘဲ သရေကျလျှင်
ပင် နောက်တစ်ဆင့်တက်ရန် အာမခံချက်မရ သေးသောကြောင့် နှစ်သင်းစလုံး ရှိသမျှအစွမ်း အစ
အကုန်ဖျစ်ညှစ်ကစားရဖွယ်ရှိရာ ပရိသတ် အကြိုက်တွေ့မည့် ပွဲကြီးပွဲကောင်းဖြစ်လာနိုင် သည်။
တောင်အမေရိကမြေပေါ်တွင် ကစား ရမည့်အချက်ကို ဆွာရက်ဇ် ပြန်လည်ပါ၀င် လာနိုင်သော
အချက်ဖြင့် ပေါင်းစပ်လိုက်ပါက ဥရုဂွေးဘက် အနည်းငယ် အလေးသာဖွယ်ရှိ သော်လည်း အင်္ဂ
လန်အသင်း၏ 'မြန်နှုန်းမြင့် ပါ၀ါဂိမ်း'ကို ဥရုဂွေးနောက်တန်း ထိန်းနိုင် ပါ့မလားဆိုသော အချက်
ကိုလည်း ထည့်သွင်း စဉ်းစားသင့်သည် မဟုတ်ပါလား။















