ကိုလံဘီယာ - အိုင်ဗရီကို့စ်
ပထမပွဲမှာ နှစ်သင်းစလုံးနိုင်ပွဲကိုယ်စီရ ထားလို့ ဒီပွဲနိုင်တဲ့အသင်းက နောက်တစ်ဆင့် ကို
တက်မှာသေချာတဲ့ပွဲဖြစ်ပါတယ်။ ကိုလံ ဘီယာမှာ ဖယ်ကာအိုမပါပေမယ့် အသင်း ကစားပုံ
ကပျက်မသွားတာကို တွေ့ရပါတယ်။ အိုင်ဗရီကို့စ်ကလည်း ဒရော့ဘာကိုအားကိုးမထားဘဲ
ဘိုနီကို ဂျာဗင်ဟို၊ ကာလူး တို့နဲ့တွဲပေးထားပါတယ်။ ဒါပေမဲ့ ဂျပန်ပွဲမှာ ဂိုးစပေးခဲ့ရတာက
သတိပြုစရာပဲ ဖြစ်ပါတယ်။အိုင်ဗရီကို့စ်နောက်တန်းဟာ တောင့်တင်းလှခြင်းမရှိလို့ ဒီပွဲမှာ
ကိုလံဘီယာ ဂိုးတွေသွင်းပြဦးမယ့်ပွဲဖြစ်လာပါလိမ့်မယ်။
ဂျပန် - ဂရိ ပထမပွဲမှာ နှစ်သင်းစလုံး ရှုံးခဲ့ကြတဲ့ နှစ်သင်းတွေ့နေတဲ့ပွဲဖြစ်ပါတယ်။
အာရှအသင်း နဲ့ ဥရောပအသင်းတွေ့တဲ့ပွဲမှာ နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားကြမယ့်ပွဲဖြစ်
လာနိုင်ပါ တယ်။ ဂရိက အသင်းအိုကြီးဖြစ်ပါတယ်။ ဒုတိယပိုင်းရောက်လာရင် မလှုပ်နိုင်တော့
ပါဘူး။ ခံစစ်ကိုကောင်းကောင်း ကစားနိုင်ပေမယ့် တိုက်စစ်က ထက်မြက်လှတဲ့အသင်း မဟုတ်ပါ
ဘူး။အခုပွဲမှာ ကစားအားတင်လာကြမှာဖြစ်လို့ အိုကာဇာကီ၊ ဟွန်ဒါ၊ ကာဂါ၀ါတို့အုပ်စု ဒီပွဲမှာ
နိုင်ပွဲတွေ့သွားကြပါလိမ့်မယ်။
ဥရုဂွေး - အင်္ဂလန်
ပထမပွဲမှာ နှစ်သင်းစလုံး ရှုံးပွဲတွေ့ထားတဲ့ အသင်းတွေ ထိပ်တိုက်တွေ့နေတာပါ။ နာမည်
ကြီးနှစ်သင်းမှာ ရှုံးတဲ့အသင်း အောင်ဖျာလိပ် အိမ်ပြန်စောသွားမှာဖြစ်လို့ တော်တော် စိတ်ဝင်စား
စရာကောင်းတဲ့ပွဲ ဖြစ်ပါတယ်။ ဥရုဂွေး က အသင်းအိုကြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့လေးနှစ် က
ကစားသမားတွေကိုပဲ ပြန်သုံးထားတဲ့အသင်း ဖြစ်လို့ ကွင်းလယ်ဟာအတော့်ကို အားနည်းတဲ့
အသင်းဖြစ်ပါတယ်။ အင်္ဂလန်ကတော့ လူငယ် တွေများတဲ့အသင်းဖြစ်လို့ ကစားအားမှာ အင်္ဂ လန်
အသာစီးရနေတဲ့ပွဲဖြစ်ပါတယ်။ ဘရာဇီးလ်နဲ့ ကပ်လျက်ရှိတဲ့ ဥရုဂွေးအသင်းအောင်ဖျာလိပ် အိမ်ပြန်
စောသွားပါလိမ့်မယ်။
အီတလီ - ကော်စတာရီကာ
နှစ်သင်းစလုံး ပထမပွဲမှာနိုင်ပွဲကိုယ်စီရထား ကြပါတယ်။ ကော်စတာရီကာအနေနဲ့ လက်ကျန်နှစ်ပွဲ
သာ သရေကစားနိုင်ခဲ့ရင် အိပ်မက် တွေအကောင်အထည်ပေါ်လာမှာ ဖြစ်ပါ တယ်။ အီတလီက
လည်း ဒီပွဲနိုင်ရင် နောက် တစ်ဆင့်တက်ပြီဖြစ်လို့ သတိထားကစားလာ မယ့်ပွဲဖြစ်ပါတယ်။
အီတလီအနိုင်ရသွားမယ့် ပွဲဖြစ်ပါတယ်။ ဂိုးလည်းပြတ်မှာပါ။
ဆွစ်ဇာလန် - ပြင်သစ်
နှစ်သင်းစလုံး ပထမပွဲမှာ နိုင်ပွဲကိုယ်စီရထား ကြပါတယ်။ ဒီပွဲမှာအနိုင်ရတဲ့အသင်း နောက်
တစ်ဆင့်ကိုတက်မှာဖြစ်ပါတယ်။ ဆွစ်ဇာလန် အနေနဲ့ အီကွေဒေါပွဲမှာ ကံကောင်းခဲ့သလိုမျိုး
အခုပွဲမှာကံမကောင်းနိုင်ပါဘူး။ ပြင်သစ် ကတော့ နောက်ပွဲမှာ အီကွေဒေါဖြစ်နေလို့ အခု ပွဲကို
အနိုင်ရနိုင်ရေး ဦးစားပေးထားနိုင်ပါ တယ်။ နှစ်သင်းရဲ့အင်အားက သိပ်မကွာကြတဲ့ အတွက်
မှားတဲ့အသင်းခံရမှာပဲ ဖြစ်ပါတယ်။ ပြင်သစ်အနိုင်ရသွားနိုင်ပါတယ်။
ဟွန်ဒူးရပ်စ် - အီကွေဒေါ
ဟွန်ဒူးရပ်စ်က ခံစစ်ကို ကောင်းကောင်း ကစားနိုင်ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်က တော့
အတော်အားနည်းတဲ့ အသင်းဖြစ်ပါ တယ်။ အီကွေဒေါဟာ ပထမပွဲမှာ ကံမကောင်း ခဲ့လို့ ဒီပွဲမှာ
အနိုင်ရဖို့အတွက် ကစားအားတင် လာပါလိမ့်မယ်။အီကွေဒေါအနိုင်ရမယ့်ပွဲပါ။
အာဂျင်တီးနား - အီရန်
အာဂျင်တီးနားတိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီ၊ အဂွေရိုတို့ ရွှေဖိနပ်ဆုရယူနိုင်ဖို့ဆိုရင် ဒီပွဲကို
အကောင်းဆုံးကစားနိုင်ဖို့ အရေးကြီးပါတယ်။ ခြေက အရမ်းကွာနေတာ အားလုံးအသိပဲ ဖြစ်
ပါတယ်။ အီရန်ပေးဂိုးနည်းအောင် ဘယ်လို ကစားမလဲဆိုတာ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါ တယ်။
အာဂျင်တီး နား(၃)ဂိုးပြတ်အနိုင်ရမယ့် ပွဲဖြစ်ပါတယ်။
နိုက်ဂျီးရီးယား - ဘော့စနီးယား
ဘော့စနီးယားဟာ အခုမှ ကမ္ဘာ့ဖလားပွဲကစားရပေမယ့် အသင်းလိုက်ကစားအားမှာတော့ အကောင်းဆုံးအသင်း ဖြစ်နေပါတယ်။ နိုက်ဂျီးရီးယားက ခြေရူးအသင်းဖြစ်ပါတယ်။ ခြေပုံမှန်မရှိ
ပါဘူး။ ကစားပုံက ဘော့စနီးယား လို စနစ်မကျပါဘူး။ဘော့စနီးယား အမှားမရှိအောင် ကစား
လာမယ့်ပွဲဖြစ်ပါတယ်။ ဘော့ စနီးယားအနိုင်ရမှာသေချာတဲ့ပွဲဖြစ်ပါတယ်။
ဂျာမနီ - ဂါနာ
ဒီနှစ်သင်း လွန်ခဲ့တဲ့လေးနှစ်က ဒီနှစ်သင်းအာဖရိကမှာ တွေ့ခဲ့ပါတယ်။ ဂျာမနီဂိုးမပြတ် ဘဲ ၁-၀ နဲ့
သာ အနိုင်ရခဲ့ပါတယ်။ အခုပွဲမှာရော ဂျာမနီ ဂိုးပြတ်အနိုင်ရပါ့မလား။ နှစ်သင်းစလုံး အတွက် ဒီပွဲ
ဟာ အရေးပါတဲ့ပွဲဖြစ်ပါတယ်။ အသင်းအင်အားခြင်းမှာတော့ တော်တော်ကွာ နေတဲ့အသင်းဖြစ်
လို့ ဂါနာဘယ်လောက်ခံစစ်ကစားနိုင်မလဲဆိုတာပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဂျာမနီအနိုင်ရ
ပါလိမ့်မယ်။ ဂိုးလည်း ပြတ်ပါလိမ့်မယ်။
အမေရိကန် - ပေါ်တူဂီ
အမေရိကန်ကို ဘောလုံးနဲ့ပတ်သက်ရင်ပေါ်တူဂီလောက်တော့ အထင်မကြီးကြပါဘူး။ ဒီပွဲမှာ
အမေရိကန်က အောက်အသင်းဖြစ်နေပါ တယ်။ ဒါပေမဲ့ အမေရိကန်ကို လျှော့မတွက်ပါနဲ့။ အသင်း
မှာ ဂျာမန်မွေးစားကစားသမားတွေ အများအပြားရှိသလို ကြံ့ခိုင်မှုအပိုင်းမှာလည်း ပြည့်စုံနေကြလို့
ပေါ်တူဂီအခက်အခဲနဲ့ ကြံုရနိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်မယ် ဆိုရင်လည်း ဂိုးမပြတ်နိုင်တဲ့ပွဲဖြစ်
လို့ အမေ ရိကန်ကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ - ရုရှား
ဥရောပနှစ်သင်း ထိပ်တိုက်တွေ့နေတာပါ။ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲဖြစ်လို့ အမှား
အယွင်းနည်းအောင် ပြင်ဆင်လာမယ့် ပွဲဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ ခံစစ်တွေက အကောင်းဆုံး
ပုံစံမှာ ရှိနေကြလို့ ဂိုးသွင်းနိုင်ဖို့ ခက်ခဲမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ဂိုးစသွင်းနိုင်ခဲ့ရင်လည်း
အဲဒီဂိုးစသွင်းတဲ့အသင်းဟာ အနိုင်ကိုထိန်းသွားမယ့်ပွဲဖြစ်လို့ ဂိုးအနည်းကို ရွေးသင့်တဲ့ပွဲဖြစ်ပါတယ်။
တောင်ကိုရီးယား - အယ်လ်ဂျီးရီးယား
အာရှနဲ့ အာဖရိကနှစ်သင်း ထိပ်တိုက်တွေ့နေတာပါ။ တောင်ကိုရီယားက အယ်လ် ဂျီးရီးယားထက်
အတွေ့အကြံုပိုကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ အယ်လ်ဂျီးရီးယား ကိုလည်း လျှော့တွက်
လို့မရပါဘူး။ လူငယ်အများအပြားနဲ့ တည်ဆောက်ထားတဲ့အသင်းဖြစ်ပါတယ်။ နှစ်သင်းရဲ့ ခြေစွမ်း
က မကွာကြ တာကြောင့် ဒီပွဲက သရေကျသွားမယ့်ပွဲ ဖြစ်ပါတယ်။














