၂၀၁၄ ရဲ့ ဒုတိယမြောက် ဂရင်းဆလမ် ပြင်သစ် အိုးပင်းမှာ မြေစေးဘုရင်ကို အနိုင်မရခဲ့ပေမယ့်
အခု ဂျာမနီမြေ Halle မှာ ကျင်းပခဲ့တဲ့ မြက်ခင်း ပြိုင်ပွဲမှာတော့ ဆွစ်ဇာလန်ဂန္ထဝင်တင်းနစ် စတား
ဖက်ဒါးရားဟာ သူမအိုသေးဘူးဆိုတာ ကို ခုနစ်ကြိမ်မြောက် Halle Open ချန်ပီယံ ဆုဖလားကို
ရယူပြီး သက်သေပြလိုက်ပြီပဲဖြစ် တယ်လို့ ဂျနီဗာမီဒီယာတွေက ကောင်းချီးပေး နေကြပါတယ်။
၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့ တဲ့ ဒီအေတီပီစီးရီးမြက်ခင်းပြိုင်ပွဲမှာ ဂျာမနီ ငွေကြယ်ပွင့်ငါးဦးဗိုလ်စွဲ
ခဲ့ဖူးပြီး တော်မီဟတ်စ် တစ်ဦးတည်းသာ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်ခဲ့ဖူး ပေမယ့် လက်ရှိကမ္ဘာ့နံပါတ်
(၄) ဖက်ဒါးရားက တော့ ခုနစ်ထပ်ကွမ်းချန်ပီယံအဖြစ်နဲ့ Halle မြေမှာ မှတ်တမ်းသစ်ဖွင့်လှစ်
လိုက်နိုင်ပြီပဲဖြစ် ပါတယ်။
The Gentleman လို့ တင်းနစ်ပရိသတ် တွေ၊ ဝေဖန်ရေးဆရာတွေက ရည်ညွှန်းလေ့ရှိသူ ဖက်ဒါး
ရားဟာ တကယ့်ကိုလည်း တင်းနစ် ကောင်းကင်ယံထက်မှာ ပြိုင်ဘက်ကင်းဖြစ်နေ ဆဲ ငွေကြယ်
ပွင့်တစ်ပွင့်ပါပဲ။ သူရရှိထားတဲ့ ဂရင်းဆလမ်ဆုဖလား ၁၇ လုံးစံချိန်ကို အမီလိုက် နေသူ မြေစေး
ဘုရင် နာဒါးလ်ရဲ့လက်ရှိဂရင်း ဆလမ်ဆုဖလားက ၁၄ လုံးပဲရှိသေးတာ ဖြစ်ပါ တယ်။
ATP World Tour ရဲ့ မြက်ခင်းပြိုင်ပွဲငါးရပ် မှာ တစ်ပွဲအပါအဝင်ဖြစ်တဲ့ ဒီ Gerry Weber Open
ပြိုင်ပွဲဟာ နာမည်ကျော်ဝင်ဘယ်လ်ဒန် အကြိုပြိုင်ပွဲတစ်ရပ်ဖြစ်သလို ဒီပွဲမှာနိုင်ရင် ၀င်ဘယ်လ်ဒန်
မှာ အခြေအနေကောင်းတတ်တဲ့ အစဉ်အလာရှိတာကြောင့် တင်းနစ်စတား တော်တော်များများက
ဒီဆုဖလားကို တပ်မက် ကြတာပဲဖြစ်ပါတယ်။ ဆုကြေး ယူရို ခုနစ်သိန်း ချီးမြှင့်တဲ့ ဒီမြက်ခင်းပြိုင်ပွဲ
ဗိုလ်လုပွဲကို ရောက်ရှိလာ ကြသူနှစ်ဦးက မြက်ခင်းဘုရင်လို့ တင်စားနိုင်သူ ဖက်ဒါးရားနဲ့ ကမ္ဘာ့
အဆင့်(၆၉) ကိုလံဘီယာ လူငယ်လက်တက် အလီဂျန်ဒရိုဖယ်လာတို့ နှစ်ဦးပဲဖြစ်ပါတယ်။
အေတီပီပြိုင်ပွဲဗိုလ်လုပွဲကို ပထမဆုံးတက်ရောက်လာသူ အလီဂျန်ဒရိုဟာ ဖက်ဒါးရားအတွက်
ခက်ခဲလှတဲ့ ပြိုင်ဘက် မဖြစ်ခဲ့ပေမယ့် ပွဲကစားချိန် ၁ နာရီနဲ့ ၂၈ မိနစ် ကြာမြင့်ခဲ့ပြီး ရမှတ် ရ-၆၊
၇-၂၊ ရ-၆၊ ရ-၃ နဲ့ ၂၀၁၄ ချန်ပီယံဆုဖလားကို ဖက်ဒါးရား သိမ်းပိုက်နိုင်ခဲ့ ခြင်းကိုလည်း ဂျာမနီ
ပရိသတ်တွေက သဘော တွေ့ခဲ့ကြပါတယ်။
Halle Open ချန်ပီယံဆုဖလားဟာ ဖက်ဒါး ရားရဲ့ ပရော်ဖက်ရှင်နယ်ဘဝတစ်လျှောက် ရယူ
နိုင်ခဲ့တဲ့ ရ၉ လုံးမြောက် ချန်ပီယံဖလားပဲဖြစ်ပါ တယ်။ ခုနစ်ထပ်ကွမ်း ၀င်ဘယ်လ်ဒန်ချန်ပီယံ
ဟာ စံချိန်တင် ရှစ်ထပ်ကွမ်းဖြစ်ဖို့ ခြေလှမ်းအစ မှာ အခုလို အောင်ပွဲနဲ့ လှမ်းခွင့်ရတာဟာ အတိတ်
နိမိတ်ကောင်းပါပဲလို့ ဖွသူကလည်း ဖွနေကြပါတယ်။
ဘရာဇီးလ်မြေက ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆွစ်ဇာလန်အသင်းရဲ့ အောင်ပွဲကို ကိုယ်တိုင်ကိုယ်ကျ
သွားရောက်အားပေးခွင့်မရ ခဲ့သူ ဖက်ဒါးရားက "Halle မြေဟာ ကျွန်တော့် အတွက်တော့
အောင်မြေလို့ ခံစားရပါတယ်။ လှိုက်လှိုက်လှဲလှဲအားပေးခဲ့ကြတဲ့ ဂျာမနီ ပရိသတ်တွေကိုလည်း
အထူးကျေးဇူးတင်ရှိပါ တယ်။ လာမယ့်ဝင်ဘယ်လ်ဒန်မြက်ခင်းပြင် မှာလည်း အခုလို အောင်ပွဲ
ခံနိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ"လို့ ESPN နဲ့ တွေ့ဆုံခန်းမှာ ပြောကြားသွား
ပါတယ်။
၂၀၀၂ ကာလက စတင်ပြီး ကမ္ဘာ့ထိပ်တန်း တင်းနစ်ငွေကြယ်ပွင့် ၁၀ ဦးစာရင်းထဲမှာ အမြဲ ပါ၀င်ခဲ့
သူ ဖက်ဒါးရားဟာ ကမ္ဘာ့နံပါတ်(၁) နေရာကို ရက်သတ္တပတ်ပေါင်း ၃၀၂ ပတ်တိတိ ပိုင်ဆိုင်ထားခဲ့
သူဖြစ်ပြီး ၂၀၀၄ ကနေ ၂၀၀၈ အထိ လေးနှစ်တာကာလ ရက်သတ္တပတ်ပေါင်း ၂၃၇ ပတ်ဆက်
တိုက် ပိုင်ဆိုင်ခဲ့သူ ဂန္ထဝင်တစ်ဦး ပါပဲ။
ဘေဆယ်သား ဖက်ဒါးရားဟာ ကမ္ဘာ့ ၀င်ငွေ အကောင်းဆုံးအားကစားငွေကြယ်ပွင့် ငါးဦး စာရင်း
မှာလည်း ပါ၀င်ခဲ့ပြီး ဆုကြေးနဲ့ စပွန်ဆာကြေး နှစ်စဉ် ယူရိုသန်း ၄၀ ကျော်ရရှိနေ တဲ့ လက်ရှိ
ကမ္ဘာ့အဆင့်(၄)နေရာက သူ့ရဲ့ တစ်ကျော့ပြန်ဝင်ဘယ်လ်ဒန်အောင်ပွဲခရီးကို စောင့်မျှော်
အားပေးရင်း...။















