Eldrick Tont Tiger Woods လို့ အမည်အပြည့် အစုံရပေမယ့် ဂေါက်သီးပရိသတ်တွေကြားမှာ
ကျားလေးအမည်နဲ့ ထင်ရှားသူ တိုက်ဂါးဝုဒ်စ် ဟာ ဂေါက်သီးကမ္ဘာမှာတော့ ငြင်းပယ်လို့မရတဲ့
ဂန္ထဝင်တစ်ဦးပဲဆိုတာ အားလုံးအသိပဲဖြစ်ပါ တယ်။
ကမ္ဘာ့နံပါတ်(၁) ဂေါက်သီးချန်ပီယံ စာရင်းမှာရက်သတ္တပတ်ပေါင်း ၄၀၀ ကျော် ရပ်တည်နိုင်ခဲ့တဲ့
သူ့ရဲ့စံချိန်ကို လိုက်မီဖို့ဆိုတာ ကလည်း တော်ရုံတန်ရုံအရည်အသွေးနဲ့တော့ မဖြစ်နိုင်တာလည်း
ခြွင်းချက်မရှိ လက်သင့်ခံရ မယ့်အချက်ပါပဲ။ ဂေါက်သီးစံချိန်သစ်များစွာ တင်ရှိထားသူ ၀ုဒ်စ်ဟာ
ကျောဒဏ်ရာကြောင့် မေလတစ်လလုံး ပြိုင်ပွဲတွေနဲ့ ဝေးခဲ့ပြီး ရမှတ်အသာနဲ့ ဩစ တြေးလျဂေါက်
သီးငွေကြယ်ပွင့်အဒမ်စကော့ က ကမ္ဘာ့အဆင့်(၁)နေရာကို လှမ်းတက်လာ တာကိုတော့ လောက
ဓံအတက်အကျသဘော တရားလို့ပဲ နားလည်ပေးရမှာပဲ မဟုတ်ပါလား။
ပရော်ဖက်ရှင်နယ်ဂေါက်သီးကမ္ဘာကို ၁၉၉၆ မှာ ခြေချလာခဲ့သူ ကျားလေးဟာ စတန်းဖို့ဒ်
တက္ကသိုလ်လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့ သလို ပီဂျီအေပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆု
ရ၉ ဆု European Tour တစ်လျှောက် ချန်ပီယံ ဆု ၄၀ အပါအဝင် မာစတာပြိုင်ပွဲချန်ပီယံဆု
၁၄ ဆု ရယူထားနိုင်တာဟာတကယ့်ကို အားကျ အတုယူစရာလို့ဆိုရမှာပါပဲ။
ကမ္ဘာ့ထိပ်တန်း အဆင့်တွေချည်း ယှဉ်ပြိုင်ကြရတဲ့ နာမည်ကြီး ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ
သုံးကြိမ်ဗိုလ်စွဲခဲ့သူ ဟာ အခုနှစ်မှာတော့ ဒဏ်ရာပြဿနာကြောင့် လေးကြိမ်မြောက်ဆုဖလား
ရယူမယ့် အခွင့် အရေးနဲ့ ဝေးခဲ့ရပြီပဲဖြစ်ပါတယ်။ ယှဉ်ပြိုင်ကစား ခဲ့တဲ့ပြိုင်ပွဲတိုင်းရဲ့ နောက်ဆုံး
နေ့ပွဲစဉ်တိုင်းမှာ အနီရဲရဲစပို့ရှပ် ၀တ်ဆင်ယှဉ်ပြိုင်တတ်သူ တိုက်ဂါးဟာ အခုနှစ်လတာအတွင်းမှာ
မေဂျာ ပြိုင်ပွဲနှစ်ရပ်နဲ့ ဝေးခဲ့ရတာကြောင့် ကမ္ဘာ့နံပါတ် (၃)နေရာကို ဆင်းပေးလိုက်ရသလို သူ့ရဲ့
ဂေါက်သီးအနာဂတ် ကာလအတွက်လည်း စိုးရိမ်စရာအခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေခဲ့ ရပြီပဲ
ဖြစ်ပါတယ်။
ကယ်ရိုလိုင်းနားပြည်နယ် Pinehurst မှာ ကျင်းပမယ့် ယူအက်စ်အိုးပင်းပြိုင်ပွဲဟာ
PGA Tour ရဲ့ မေဂျာပြိုင်ပွဲစဉ်တစ်ရပ်ဖြစ်ပြီး ဆုကြေး စုစုပေါင်းက ဒေါ်လာရှစ်သန်းကျော်
ချီးမြှင့် တာကြောင့် အထင်ကရ ဂေါက်သီးငွေကြယ် ပွင့်တွေချည်း စုဝေးနေတဲ့ ပြိုင်ပွဲဖြစ်ခဲ့ရ
ပါတယ်။
လက်ရှိချန်ပီယံ ဂျပ်စတင်ရို့စ်ကပဲ ဆက်လက် သရဖူကာကွယ်နိုင်မလား၊ ကမ္ဘာ့နံပါတ်(၁)
အဒမ်စကော့ကပဲ ဆက်လက်ဗိုလ်စွဲဦးမလား ဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်နေရပါ
တယ်။
"လောလောဆယ်မှာ ကျောဒဏ်ရာ သက်သာပျောက်ကင်းဖို့ပဲ ခေါင်းထဲမှာ ရှိပါ တယ်။
ကမ္ဘာ့အဆင့်ကျသွားတာကိုတော့ နောက်တစ်လှမ်း ဆုတ်ပေးလိုက်ရတယ်လို့ပဲ ခံယူ
ထားပါတယ်။ ဘဝမှာ အကောင်းဆုံးတွေ ကိုချည်း မျှော်လင့်ထားလို့ မရပါဘူး။ မုန်တိုင်း
ထန်တဲ့ မိုးသည်းညတွေကိုလည်း ကျွန်တော် တို့ ရင်ဆိုင်ရဲရမှာပါ။ ပရိသတ်တွေရဲ့ အားပေး
မှုဟာ ကျွန်တော့်အတွက် အားဆေးပါပဲ"လို့ ၀ုဒ်စ်က ESPN နဲ့ အင်တာဗျူးခန်းမှာ ရင်ဖွင့်
စကားဆိုသွားပါတယ်။
တိုက်ဂါးရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သူ ဘတ်ဟာမွန်ကလည်း တပည့်ဖြစ်သူရဲ့ ဒဏ်ရာ
နဲ့ပတ်သက်ပြီး အခုလိုစိုးရိမ်စကား ဆိုလာပါ တယ်။ "ကျားလေးရဲ့ကျောဒဏ်ရာ ပုံမှန် သက်သာ
လာဖို့က ဘုရားသခင်ထံမှာ ဆုတောင်း ကြရမှာပါပဲ။ သူ့အနေအထားက မထင်မှတ်ဘဲ မြက်ခင်း
စိမ်းတွေနဲ့ ဝေးသွားနိုင်တဲ့ အနေ အထားမှာရှိနေပါတယ်။ ထပ်ပြီး ခွဲစိတ်ကုသ မှုခံယူမယ်ဆိုရင်
လည်း အခြေအနေက ပုံမှန် ပြန်ဖြစ်မယ်လို့ မဆိုနိုင်တာဟာ စိုးရိမ်စရာပါ။
ဆက်ပြီးတော့ မေဂျာပြိုင်ပွဲတွေနဲ့ မလွဲချော် စေဖို့ပဲ ဆန္ဒမွန်ပြုပါတယ်"လို့ နှဏြ ကို ဖြေကြား
ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မေဂျာချန်ပီယံဆုဖလားတစ်လုံးရဖို့ အခွင့် အရေးနဲ့ ဝေးခဲ့သလို
လေးထပ်ကွမ်း ယူအက်စ် အိုးပင်းချန်ပီယံအဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်ဖို့ မဖြစ်နိုင်တော့သူ
ကျားလေးရဲ့ အနာဂတ် ဂေါက်သီးအိပ်မက်တွေ ဆက်လက်ရှင်သန်နေ စေဖို့ ပရိသတ်တွေရော၊
ရောင်းရင်းတွေသာမက ဂေါက်သီး ကောင်းကင်ယံမှာလည်း ကျားလေး ဆက်လက်ရှင်သန်
တိုက်ပွဲဝင်နိုင်ပါစေလို့လည်း ESPN က ဆန္ဒမွန်ပြုထားကြောင်း...။















