အငြင်းပွားဖွယ်ဂိုးများကို Goal က ဖြေရှင်းနိုင်ခဲ့

အငြင်းပွားဖွယ်ဂိုးများကို Goal က ဖြေရှင်းနိုင်ခဲ့

ဘာလင် - လက်ရှိကျင်းပလျက်ရှိသော ကမ္ဘာ့ ဖလားပြိုင်ပွဲကြီးတွင် ဂိုးဝင် မဝင် အငြင်းပွား
ဖွယ်ကိစ္စများကို ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်သော Goal Control က ထုတ်လုပ်သည့်
အဆင့်မြင့် ကင်မရာများက အကောင်းဆုံးဖြေရှင်းနိုင် လျက်ရှိကြောင်း ကုမ္ပဏီက ထုတ်ပြန်
ကြေညာ လိုက်သည်။

Goal Control ကုမ္ပဏီထုတ် ကင်မရာများ ကို ဂိုးတိုင်တစ်ဖက်စီတွင် ခုနစ်လုံးတပ်ဆင်ထားပြီး
ကွန်ပျူတာအလုံး ၅၀၀ က ထိန်းချုပ် ထားကာ သုံးဖက်မြင်ပုံရိပ်များဖြင့် စက္ကန့်ပိုင်း အတွင်း
အဖြေထုတ်ပေးလျက်ရှိသည်။ Goal Control ကုမ္ပဏီထုတ် ကင်မရာများကို ဘောလုံးပွဲများတွင်
ယခုမှ စတင်အသုံးပြုသော်လည်း အခြားအားကစားနည်းများတွင် ၂၀၁၂ ကတည်းကပင် စတင်
အသုံးပြုလျက် ရှိသည်။

"ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးဟာ အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကြီးဖြစ် တဲ့အတွက်
ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ပတ်သက်လို့နောက်ပိုင်းမှာ ၀ယ်လိုအားတွေ မြင့်တက်လာမယ်လို့
ယုံကြည်ပါတယ်"ဟု ကုမ္ပဏီအကြီးအကဲ ဘရွတ်ရှ်ဟူစင်က ပြောသည်။

Goal Control ကင်မရာများ ထိန်းချုပ်ဆက်စပ်အလုပ်လုပ်ပုံ

Goal Control ကင်မရာများ၏ အကောင်းဆုံး စွမ်းဆောင်နိုင်မှုများနှင့်ပတ်သက်၍ ပြင်သစ်-
ဟွန်ဒူးရပ်စ် ပွဲစဉ်တွင်ပင် သိရှိခဲ့ရသည်။ ထိုပွဲစဉ်တွင် ပြင်သစ်တိုက်စစ်မှူး ဘင်ဇီမာ ကန်သွင်းသည့်
ဘောလုံးသည် ဂိုးတိုင်ကိုထိပြီးလိမ့်သွားချိန်တွင် ဂိုးဝင်သွားခြင်းမရှိ သေးဘဲ ဟွန်ဒူးရပ်စ်ဂိုးသမား
ဗယ်လာဒါ ရက်စ် ဘောလုံးကို ဖမ်းယူလိုက်သည့် အချိန် တွင်မှ ဘောလုံးသည် ဂိုးစည်းကို ကျော်
သွား ကာ ဂိုးဝင်သွားခြင်းဖြစ်သည်ဟု Goal Control ကင်မရာများ၏ ရိုက်ချက်များက အဖြေထုတ်
နိုင်ခဲ့သည်။

ယခုအခါ Goal Control ကုမ္ပဏီထုတ် ကင်မရာများသည် ဘောလုံးထဲသို့ ချစ်ပ် ထည့်သွင်းသည့်
နည်းပညာနှင့် ဆိုနီက ထုတ်လုပ် သော သိန်းငှက်မျက်လုံး နည်းပညာများကို အသုံးပြုခဲ့သော
Cairos GLT System ကုမ္ပဏီ နှင့် Goal Ref ကုမ္ပဏီတို့ကို ဖြတ်ကျော်နိုင် ခဲ့ပြီဖြစ်သည်။

Goal-line နည်းပညာကို ၂၀၁၂ ဖီဖာကမ္ဘာ့ ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှ စတင်စမ်းသပ် အသုံးပြုခဲ့ခြင်း
ဖြစ်ပြီး ထိုအချိန်က အသုံးပြု ခဲ့သော နည်းပညာများသည် အငြင်းပွားဖွယ်ဂိုးကိစ္စများကို မဖော်
ထုတ်နိုင်ခဲ့ပေ။

"ကျွန်တော်တို့ရဲ့ နည်းပညာတွေကို ဥရောပ မှာရှိတဲ့ လိဂ်ပြိုင်ပွဲကြီးတွေမှာ အသုံးပြုနိုင်ဖို့ အတွက်
စတင်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတိုင်း အတာအနေနဲ့က
တော့ နှစ်အနည်းငယ်အချိန် ယူရဦးမှာပါ"ဟု ဘရွတ်ဟူစင်က ဆက်လက် ပြောကြားသည်။ 

Goal Control နည်းပညာကို အသုံးပြုရန် ကိစ္စနှင့်ပတ်သက်၍ ဂျာမန်ပထမတန်းနှင့် ဒုတိယတန်း
က အသင်း ၃၆ သင်းကို ပြီးခဲ့သည့် မတ်လက ဆန္ဒမဲကောက်ခံခဲ့ရာ ငြင်းပယ်ခြင်း ခံခဲ့ရသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး