၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၂)များကို ပြီးခဲ့သည့် ဇွန်လ ၁၄၊ ၁၅ ရက်များတွင် ကျင်းပ
ပြုလုပ်ခဲ့ရာ ရတနာပုံ၊ နေပြည်တော်၊ မကွေး၊ ရန်ကုန် အစရှိသော အမှတ်ပေးဇယား ထိပ်ဆုံး
က အသင်းများအားလုံး ရှုံးပွဲများနှင့် ကြံုတွေ့ခဲ့ရသည်။ အမှတ်ပေးဇယားကို ဦးဆောင်နေသော
ရတနာပုံအသင်းသည် အိမ်ကွင်း(ဗထူး)၌ ကမ္ဘောဇအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်
ရာသီပထမဆုံး ရှုံးပွဲဖြင့် ရင်ဆိုင်ခဲ့ရသည်။
ကမ္ဘောဇအသင်းအတွက် အဖိုးတန် အဝေးဂိုးကို ဂျပန်ကွင်းလယ်လူ ကင်မ်က ၅၈ မိနစ်တွင်
သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့၏
ပွဲစဉ်တွင် ဧရာဝတီအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ GFA အသင်းကြီးတွေ ရလဒ်မကောင်း
ခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့၏ ပွဲစဉ်သည် တစ်ဖက်နှစ်ဂိုးစီဖြင့်
သရေကျ ခဲ့သည်။
အမှတ်ပေးဇယားအောက်ခြေရှိ ချင်းယူနိုက်တက်အသင်းက မကွေးအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်
ရရှိခဲ့သည်။ ဇွဲကပင်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့၏ ပွဲစဉ်သည် ဂိုးမရှိသရေဖြင့် ပြီး
ဆုံးခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၂)တွင် အသင်း ကြီးများအားလုံး ရှုံးပွဲကိုယ်စီ တွေ့ကြံုခဲ့သော
ကြောင့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားတွင် အမှတ်ကွာဟမှု ကျဉ်းမြောင်းခဲ့ပြီး ဇယား
ထိပ်ဆုံးတွင် ရတနာပုံအသင်းက ၂၇ မှတ် ဖြင့် ဆက်လက်ဦးဆောင်နေသည်။
အဆင့်(၂)နေရာက မကွေးအသင်းနှင့် အဆင့်(၃) နေရာက ကမ္ဘောဇအသင်းတို့သည်
ရမှတ် ၂၄ မှတ်စီရရှိ ထားပြီး အဆင့်(၄)နေရာတွင် ရမှတ် ၂၂ မှတ်ဖြင့် နေပြည်တော်အသင်း၊
အဆင့်(၅)နေရာတွင် ရမှတ် ၂၁ မှတ်ဖြင့်ရန်ကုန်ယူနိုက်တက်တို့ ရပ်တည်နေသည်။ အမှတ်ပေး
ဇယားအောက်ခြေတွင် ဆောက်သမ်းမြန်မာအသင်းနှင့် GFA အသင်းတို့က ရပ်တည်နေသည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၃) ကို လာမည့် ဇွန်လ ၁၄၊ ၁၅ ရက်များတွင် ဆက်လက်ကျင်းပ
ပြုလုပ်သွားမည်ဖြစ်သည်။














