မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် Ooredoo တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၁၄ MFF
Ooredoo Futsal cup ပြိုင်ပွဲ၏ ကွာတား ဖိုင်နယ်ပွဲစဉ်များကို ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊
သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ MFF Ooredoo Futsal cup ပြိုင်ပွဲကို ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့မှ စတင်၍ ပြိုင်ပွဲဝင်
အသင်း ၄၂ သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ဒုတိယအဆင့်ပွဲစဉ်များတွင် အုပ်စု(က)၌
UPT အသင်းသည် သုံးပွဲကစား၊ သုံးပွဲနိုင်ဖြင့် အုပ်စုပထမ၊ ဲသုနမ အသင်းက သုံးပွဲကစား၊
နှစ်ပွဲနိုင်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(ခ)၌ ြှုဃ အသင်းက သုံးပွဲကစား၊ သုံးပွဲနိုင်ဖြင့် အုပ်စု ပထမ၊
ဇွဲကပင်အသင်းက သုံးပွဲကစား၊ နှစ်ပွဲနိုင် ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(ဂ)၌ VUC FC အသင်းသည်
သုံးပွဲနိုင်ဖြင့် အုပ်စုပထမ၊ မျိုးချစ်လူငယ် အသင်းက သုံးပွဲကစား၊ နှစ်ပွဲနိုင် ဖြင့် အုပ်စုဒုတိယ၊
အုပ်စု(ဃ) ၌ NPT အသင်း က သုံးပွဲနိုင်ဖြင့် အုပ်စုပထမ၊ လင်းစဒေါင်း အသင်းက သုံးပွဲကစား၊
နှစ်ပွဲနိုင်ဖြင့် အုပ်စု ဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက် သွားခဲ့သည်။
ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် NPT အသင်းနှင့် မျိုးချစ်လူငယ်အသင်း၊ MIC အသင်းနှင့်
လင်းစဒေါင်းအသင်း၊ VUC အသင်းနှင့် Joker FC ၊ NPT အသင်းနှင့် ဇွဲကပင်အသင်းတို့
ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ဆီးမီးဖိုင်နယ်ပွဲစဉ်များကို ဇွန်လ ၂၁ ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တတိယ
နေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို ဇွန်လ ၂၃ ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းအား ဆုကြေး ငွေ ကျပ်သိန်း ၃၀၊ ဒုတိယ ရရှိသောအသင်းအား
ကျပ်သိန်း ၂၀၊ တတိယရရှိသောအသင်းအားကျပ် ၁၀ သိန်း၊ စတုတ္ထရရှိသော အသင်းအားကျပ်
ငါးသိန်း၊ အသန့်ရှင်းဆုံးဆုအတွက် ကျပ်လေးသိန်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစား
သမားဆုအတွက် ကျပ်သုံးသိန်း၊ သွင်းဂိုး အများဆုံးကစားသမားဆုအတွက် ကျပ်သုံးသိန်း တို့ကို
ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။














