ကမ္ဘာ့ဖလားမှာ ပေါ်ပြူလာ အင်္ဂလန် ဘာကြောင့် အိမ်ပြန်စောရသလဲ

ကမ္ဘာ့ဖလားမှာ ပေါ်ပြူလာ အင်္ဂလန် ဘာကြောင့် အိမ်ပြန်စောရသလဲ

အင်္ဂလန်အသင်းကတော့ ပြိုင်ပွဲတစ်ခုရောက်ပြီ ဆိုရင်အမြဲတမ်းပဲ ပေါ်ပြူလာဖြစ်တဲ့အသင်း ပါ။
ဒီအသင်းကိုအားပေးတဲ့ ကမ္ဘာတစ်လွှား က ပရိသတ်က အများအပြားရှိနေခဲ့လို့ပါ။ အခုလည်း
ပေါ်ပြူလာအင်္ဂလန်အသင်း ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုကျပ်နေ သည့်တိုင်အောင်
နောက်တစ်ဆင့်တော့ တက်မှာပဲလို့ ထင်ထားခဲ့ကြပေမယ့် နောက် ဆုံးတော့ အင်္ဂလန်ဟာ
အောင်ဖျာလိပ် အိမ်ပြန်စောခဲ့ရပြီဖြစ်ပါတယ်။

အင်္ဂလိပ် တွေ ကိုင်တွယ်ရင် အမြဲတမ်းဒီလိုဖြစ်တတ် ခြင်းက အင်္ဂလန်အသင်းအတွက်တော့
စိတ်ပျက်စရာပဲဖြစ်ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၀၆ ကမ္ဘာ့ပြိုင်ပွဲတို့မှာ အင်္ဂလန်
အသင်းကို ဆွီဒင်နည်းပြအဲရစ်ဆင်ကိုင်တွယ် ခဲ့ပြီး အင်္ဂလန်အသင်း တစ်စုံတစ်ရာ အတိုင်း
အတာအထိရောက်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက
လည်း အီတလီနည်းပြကာပယ်လိုကိုင်တွယ် တဲ့အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်ကနေ
ကျော်လွှားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါအင်္ဂလန်အသင်းကို အင်္ဂလိပ်တစ်ယောက်ကိုင်တော့မှ အင်္ဂလန်အသင်းဟာ
အုပ်စု ပထမနှစ်ပွဲကိုရှုံးနိမ့်ပြီး အုပ်စုကတင်ထွက် လိုက်ရတာကတော့ အင်္ဂလိပ်တွေအတွက်
အတော့်ကို စိတ်ပျက်စရာပဲဖြစ်ပါတယ်။တကယ်လို့သာ အင်္ဂလန်အသင်းကို အင်္ဂလိပ် တစ်
ယောက်မကိုင်ဘဲ အခြားနိုင်ငံခြားသားတစ်ယောက်ယောက် ကိုင်ခဲ့မယ်ဆိုရင် ဒီလို အောင်ဖျာ
လိပ် အိမ်ပြန်စောရတဲ့အဖြစ်မျိုး ဖြစ်လာခဲ့မယ် မထင်ပါဘူး။

အခုတော့ အင်္ဂလိပ် နည်းပြတွေဟာ ကမ္ဘာ့ဘောလုံးဇာတ်ခုံ ရောက်လာပြီဆိုရင် သူတို့ရဲ့
သရုပ်သကန်၊ မျက်နှာဖုံးတွေကို ခွာချခံရခြင်းနဲ့ ကြံုတွေ့ လိုက်ရပြီဖြစ်ပါတယ်။ အသက်မဲ့
နေတဲ့မန်နေဂျာ ကာလတို ပြိုင်ပွဲတိုင်းရောက်ရင် ဘောလုံး အသင်းနည်းပြတိုင်းဟာ စိတ်
လှုပ်ရှားမှု၊ ကစားသမားတွေကို နှိုးဆော်ပေးမှု၊ ပွဲတစ်ပွဲ ကို အလျင်အမြန် ပြောင်းလဲပစ်တတ်
မှုတို့နဲ့ ရှိကြမြဲပဲဖြစ်ပါတယ်။

ဒီတစ်ခါ အင်္ဂလန်အသင်းရဲ့နည်းပြ အင်္ဂလိပ်လူမျိုး ရွိုင်းဟော့ဒ်ဆန်ကတော့ ဒီအမူအကျင့်တွေနဲ့
ပြောင်းပြန် မတုန်မလှုပ်၊ အသက်မဲ့နေ တဲ့ နည်းပြတစ်ယောက် ပဲဖြစ်ပါတယ်။ ရုပ်သံ ကင်မရာ
က အင်္ဂ လန်အသင်းမန်နေဂျာ တန်းလျားကို ရိုက်ပြ လို့သာ ရွိုင်းဟော့ဒ်ဆန်ကိုမြင်တွေ့ရပြီး
အင်္ဂလန်အသင်းဟာနည်းပြမပါဘဲ ပြိုင်ပွဲတစ်ပွဲကိုယှဉ်ပြိုင်နေသလားထင်စရာဖြစ်ခဲ့ပါတယ်။
ကစားသမားတွေကို မည့်သည့် လှုံ့ဆော်မှုမျိုးတွေမှမလုပ်ဘဲ၊ ငုတ်တုတ်ကြီး ထိုင်ကြည့်နေခြင်း
နဲ့ပဲ အချိန်တွေကုန်စေခဲ့သူဖြစ်ပါတယ်။

ထူးခြားတဲ့နည်းစနစ်ပိုင်း၊ ဗျူဟာပြောင်းလဲထားမှုအပိုင်း ဘာမှရှိမထား ဘဲနဲ့ကို အင်္ဂလန်မန်နေဂျာ
ဟာ ထိုင်ကြည့်ရင်း နဲ့ပဲ အီတလီကိုအရှုံးပေးရ၊ ဥရုဂွေးကို အရှုံးပေး ရခြင်းတို့နဲ့ပဲ လည်စင်းခံသွား
ခဲ့သူပဲဖြစ်ပါ တယ်။

ဒီလောက်အသက်မဲ့နေတဲ့ မန်နေဂျာ ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း တော် တော်
သဘောကျပြီး ထုတ်ပယ်ခြင်းမပြုဘဲ ဆက်လက်တာဝန်ပေးထားပြန်တာကတော့ ရွိုင်းဟော့ဒ်
ဆန်တစ်ယောက် ကံကောင်းခြင်း တို့ကို ပိုင်ဆိုင်ထားလျက်ရှိနေခဲ့ပါတယ်။ အင်္ဂလန်အသင်း
အိမ်ပြန်စောရတာနည်းပြရဲ့ စွမ်းဆောင်ရည် အားနည်းချက်အတော်ကြီးမားခြင်းဟာ နံပါတ်
တစ်လို့ သတ်မှတ် ရမှာပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းလို့ခေါ်နိုင်ခြင်း အင်္ဂလန်အသင်းရဲ့ ဦးစားပေးပွဲထွက် ကစားသမားစာရင်းကိုကြည့်
လိုက်ရင် လီဗာပူး ကစားသမားတွေ ထက်ဝက်နီးပါးနေရာရ ကစားခဲ့ခြင်းဆိုတာကို တွေ့ရမှာပဲ
ဖြစ်ပါ တယ်။

ဂျွန်ဆင်(နောက်တန်း)၊ ဂျရတ်နဲ့ ဟန်ဒါဆင်(ခံစစ်အကူအလယ်တန်း)၊ စတာ လင်(တောင်ပံ)နဲ့
စတားရစ်ချ်(တိုက်စစ် အထောင်)ဆိုတဲ့ ကစားသမားငါးဦးကိုပဲ အီတလီနဲ့ပွဲ၊ ဥရုဂွေးနဲ့ပွဲတွေမှာ
ပွဲထုတ်ကစားစေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ ဦးစားပေးကစားသမားတွေထဲမှာ
လီဗာပူး ကစားသမားတွေ များလွန်းခြင်းဟာ အင်္ဂလန်အသင်းရလဒ်ဆိုးရွားစေခြင်းရဲ့ ဒုတိယ
အချက် ဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ပရီမီယာလိဂ်မှာ ခြေစွမ်းကောင်းခဲ့တာမှန်ပါ
တယ်။

ဒါပေမဲ့ အဲဒီလီဗာပူးကစားသမားတွေ ဟာ၊၊၊၊တခြားသော မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊
မန်ယူ၊ စပါးတို့က ကစားသမားတွေ လို ပြိုင်ပွဲအစုံကို ကစားကြရသူတွေမဟုတ် တာကိုတော့
နည်းပြလုပ်စားနေတာကြာပြီ ဖြစ်တဲ့ ရွိုင်းဟော့ဒ်ဆန်တစ်ယောက် ဘာကြောင့်မသိခဲ့ရသလဲ
ဆိုတာ စဉ်းစားစရာပဲ ဖြစ်ပါတယ်။


 

ပရီမီယာလိဂ်က ထိပ်ဆုံးငါးသင်း ဟာ မနှစ်က ပွဲ ၆၀လောက်ကစား ရချိန်မှာ လီဗာပူးကစား
သမားတွေဟာ ပွဲ ၄၀ လောက်ပဲကစားခဲ့ကြရတာ ဖြစ်ပါ တယ်။ ဒီလောက်အနေအထားသာ
ကစားရတဲ့ ကစားသမားတွေကိုအားထားလွန်းတာက အခုလို အိမ်ပြန် စောစေတာ ဖြစ်ပါတယ်။
ဂျရတ်၊ စတားရစ်ချ်၊ ဂျွန်ဆင်တို့လောက်ကို အားကိုးလို့ရနိုင်ပေမယ့် တကယ်အဓိကကျတဲ့
ခံစစ်အကူက ဟန်ဒါဆင် ကို အားကိုးတာ၊ တောင်ပံက စတာလင်ကိုအားကိုးတာတွေကတော့
ရွိုင်းဟော့ဒ်ဆန်ရဲ့ မဟာအမှားပဲ ဖြစ်ပါတယ်။

တကယ်ဆိုရင် ဟန်ဒါဆင်ရဲ့နေရာမှာ အတွေ့အကြံုရင့်တဲ့လမ်းပတ်ကို ဂျရတ်နဲ့တွဲပြီးပွဲထုတ်
သင့်သလို တောင်ပံက စတားရစ်ချ်ရဲ့နေရာမှာ မီလ်နာ ကို ပွဲထုတ်သင့်ခဲ့ပါတယ်။ လမ်းပတ်
ဟာအရွယ်ရင့်နေပြီ ပြောနေကြပေမယ့် ဂျရတ်လောက်တော့ ကစားနိုင် ဆဲဖြစ်ပါတယ်။
ဟန်ဒါဆင် ထက်ပိုပြီး ကစားနိုင် တာ သေချာပါတယ်။ အီတလီအသင်းမှာပီယာလို ကစားနိုင်
သလို လမ်းပတ် လည်း ဘာကြောင့် မကစားနိုင်ရမှာ လဲ။ တိုက်စစ်မှာ စတားရစ်ချ်နဲ့တွဲပြီး
၀ဲလ်ဘက်ကို ဦးစားပေးသုံးတာကလည်း ရွိုင်း ဟော့ဒ်ဆန်ရဲ့အမှားဖြစ်ပါတယ်။

၀ဲလ်ဘက် ဘယ်လောက်ကစားနိုင်ခဲ့ပါသလဲ၊ တကယ် ဆိုရင် ၀ဲလ်ဘက်ကိုမသုံးဘဲ လာလာနာ
ကို သုံးမယ်ဆိုရင် စတားရစ်ချ်ဪရွန်နေတိုက်စစ် အတွဲဖြစ်သွားပြီး ပြိုင်ဘက်ဟာ အခုထက်
ပိုပြီး စိုးရိမ်စရာဖြစ်လာမှာပဲဖြစ်ပါတယ်။

လူစားလဲနှောင့်နှေးခြင်း၊ အားနည်းခြင်း တကယ်လို့ ကိုယ်ပွဲထုတ်လိုက်တဲ့ကစားသမားဟာ
ထိရောက်တဲ့စွမ်းဆောင်နိုင်မှုမရှိခဲ့ဘူးဆိုရင် လူစားလဲရမှာက ရိုးစင်းလွန်းတဲ့ သီအိုရီပါ။ ဘော
လုံးကိုနှစ်သက်သူတိုင်း သိထားတဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလန် မန်နေဂျာဟာ တော်
တော်စိတ်ရှည်လွန်းနေပါ တယ်။ သူကိုယ်တိုင်က အသက်မဲ့နေသူဖြစ် နေတော့ လူစားလဲဖို့
အချိန်တွေက သိပ်ကို နှေးကွေးလွန်းနေခဲ့ပါတယ်။

ဘယ်အချိန်ကို စောင့်နေမှန်း မသိရလောက်အောင်ကို စိတ်ပျက်စရာဖြစ်နေတာပါ။ အင်္ဂလန်
အသင်းရဲ့ ညာတောင်ပံဟာ အသက်မဲ့ဆုံး နေရာဖြစ်ပါတယ်။ စတာလင်ဘက်က အခြမ်းဖြစ်
ပါတယ်။

ဘယ်တောင်ပံကိုအားကိုးမထားဘဲ ညာတောင်ပံကို အားကိုး ပြီး အင်္ဂလန်အသင်းကစားခဲ့တာ
ကို တွေ့ရ ပါတယ်။ အထူးသဖြင့် စတာလင်ကိုအားကိုးထားခြင်းဖြစ်ပါတယ်။ စတာလင် ဟာ
သူ့ရဲ့အလိမ်အခေါက်တွေနဲ့ ထွက်နိုင် ဖို့ ကြိုးစားပေမယ့် ထိရောက်ခဲ့ခြင်းမရှိပါဘူး။

အီတလီကို သွင်းခဲ့တဲ့ဂိုးကို ရွန်နေ က ပံ့ပိုးပေးခဲ့ပြီး စတားရစ်ချ်သွင်းခဲ့သလို ဥရုဂွေးကို ရွန်နီ
သွင်းခဲ့တဲ့ဂိုးက ဂျွန်ဆင်က ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ စတာလင်ရဲ့ ပံ့ပိုးအားမရှိခဲ့ပါဘူး။ ဒါပေမဲ့
စတာလင်က တော့ ရွိုင်းဟော့ဒ်ဆန်ရဲ့ အဓိကအားထား သူဖြစ်နေခဲ့ပါတယ်။

အီတလီ၊ ဥရုဂွေး တို့ကို သွင်းခဲ့တဲ့ တစ်ဂိုးစီဟာ ဖြတ်တင် ဘောတွေကနေ သွင်းခဲ့တာဖြစ်ပါ
တယ်။ဒီနေရာမှာ ဖြတ်တင်ဘောပေးရာမှာကောင်းတဲ့ မီလ်နာသာဖြစ်ခဲ့ရင် အခြေအနေက
တစ်မျိုးဖြစ်ကောင်းဖြစ်လာနိုင် ပါတယ်။ အယ်လ်ဂျီးရီးယားနဲ့ ဘယ်လ်ဂျီယံ ပွဲမှာ ဘယ်လ်ဂျီယံ
ဟာ ၁-၀ နဲ့ရှုံးနေတာ ကို အလျင်အမြန်လူစားလဲလိုက်တော့ ချက်ချင်းပဲလူစားဝင်တဲ့ ဖယ်လိုင်နီ
နဲ့ မာတင်တို့ဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းသွားနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်း ကတော့ ရ၅ မိနစ်မရောက်မချင်း ဒီအတိုင်းပေကပ်ပြီး ကစားနေခဲ့ပါတယ်။
နောက်တန်းအားနည်းလွန်းခြင်း အင်္ဂလန်နောက်တန်းကို ကြည့်လိုက် ရင် ဂျာဂျီယယ်ကာ၊
လေတန်ဘိန်းစ် (အဲဗာတန်)၊ ကာဟေးလ်(ချယ်လ်ဆီး)၊ ဂျွန်ဆင် (လီဗာပူး)ဆိုတာကိုတွေ့
ရမှာဖြစ်ပါတယ်။

ဂျာဂျီယယ်ကာ၊ လေတန်းဘိန်းစ်ဆိုတာ အဲဗာတန်အသင်းမှာ ကောင်းသလောက် အင်္ဂလန်
အသင်းရောက်တော့ သာမန်ကစားသမားတွေ ဖြစ်နေကြပါတယ်။ ဘာအဆင့်မှ ရှိကြသူတွေ
မဟုတ်တော့ပါ ဘူး။ နောက်တန်း အတွင်းနေရာမှာ ကာဟေးလ်ကသာ ဂျာဂျီယယ်ကာကို
ဖေးကူကစားနေရသလို အဲဗာတန်အသင်းမှာ တိုက်စစ်အထိ လိုက်ပါကစားတဲ့ လေတန်ဘိန်းစ်
ဆိုတာ ဘယ်ရောက်နေမှန်း မသိ၊ ဘယ်လိုနေရာ ကစားမှန်းမသိ လောက်အောင်ကို ဖြစ်ခဲ့ကြ
ပါတယ်။

ဥရုဂွေးပွဲမှာ ဆွာရက်ဇ်ခေါင်းတိုက်သွင်းတဲ့ ပထမဂိုးဆိုရင် ဂျာဂျီယယ်ကာ ဘယ်လောက်
ညံ့သလဲ။ လေတန်ဘိန်းစ်ဟာ လိုက်တွဲကစားနိုင်သူမဟုတ်ဘူးဆိုတာကို ရှင်းရှင်း လင်းလင်း
မြင်လိုက်ရတဲ့ အနေအထားဖြစ် ပါတယ်။ အဲဒီမှာ ဆွာရက်ဇ်ဂိုးသွင်းသွား တာပါ။

ဒီနေရာမှာ အက်ရှ်လေကိုးလ်သာ ပါလာရင်၊ ဂျွန်တယ်ရီသာ ပါလာရင် ဒီဂိုးဟာ ပေးရမှာ
မဟုတ်ပါဘူး။ အင်္ဂလန် အသင်းရဲ့ ဘယ်ခြမ်းဆိုတာ တိုက်စစ်ကိုလုံးဝမလိုက်နိုင်တဲ့အခြမ်း ဖြစ်
ခဲ့ပါတယ်။ ကိုယ့်ရဲ့ တကယ့်ပြိုင်ဘက်တွေနဲ့တွေ့တဲ့ ပွဲမှာ အကောင်းဆုံးနည်းစနစ် မချနိုင်ခဲ့ခြင်း
နဲ့ နောက်တန်း ညံ့လွန်းခဲ့ခြင်းက အင်္ဂ လန်ဟာ ရှုံးပွဲကလွဲလို့ ဘာရတော့ပါ့မလဲ။

ပြင်ဆင်မှုအပိုင်းအားနည်းခဲ့ ဒီပြိုင်ပွဲမတိုင်ခင်မှာ အင်္ဂလန်ဟာ ပေါ်တူဂီမှာ လေ့ကျင့်မှုတွေ
လုပ်ခဲ့ပါ တယ်။ ပြီးရင် မိုင်ယာမီကို ထွက်ခွာပြီး ခြေစမ်းပွဲတွေနဲ့ ပြင်ဆင်မှုလုပ်ခဲ့ပြီးမှာဘရာဇီးလ်
ကို ထွက်လာခဲ့တာ ဖြစ်ပါ တယ်။

ခရီးစဉ်အရရှိထားပေမယ့် တကယ် ထိရောက်တဲ့ ပြင်ဆင်မှုအပိုင်းမှာတော့ ရွိုင်းဟော့ဒ်ဆန်ဟာ
အားနည်းခဲ့ပုံရ ပါတယ်။ ဘယ်ပွဲကို ဘယ်လိုကစားမယ်၊ ကစားသမားကို ဘယ်လိုအသုံးချမယ်။
ဘယ်လိုလှုံ့ဆော်မယ်ဆိုတာတွေမှာ အတော့်ကို အားနည်းခဲ့ပုံရပါတယ်။ တကယ်တော့ အီတလီ
ကို ရှုံးတဲ့ပွဲကို လက်ခံနိုင်စရာ ဖြစ်ပေမယ့် ဥရုဂွေးပွဲမှာ တော့ ရွိုင်းဟော့ဒ်ဆန် ပြင်ဆင်မှု အား
ကောင်းခဲ့မယ်ဆိုရင် မရှုံးသင့်ခဲ့တဲ့ပွဲဖြစ် ပါတယ်။ အနည်းဆုံး သရေရခဲ့သင့်တာပါ။

ဒါပေမဲ့ နောက်ဆုံးမှာ ရှုံးသွားခဲ့ပါတယ်။ ဥရုဂွေးရဲ့ကစားပုံက သိပ်ကောင်းလွန်း ခဲ့တာ မဟုတ်ပါ
ဘူး။ အင်္ဂလိပ်မီဒီယာ တွေဟာ အရင် အဲရစ်ဆင်ကိုင်တွယ်စဉ်က မပြတ်တမ်းဝေဖန်ခဲ့ကြ၊
ကာပယ်လိုတုန်း ကလည်း ဝေဖန်ထောက်ပြခဲ့မှုတွေ ဆူညံ နေအောင်ရှိခဲ့ကြပေမယ့် ဒီတစ်ခါ
သူတို့ အင်္ဂလိပ်လူမျိုးဖြစ်လာတဲ့အခါမှာတော့ အဲရစ်ဆင်၊ ကာပယ်လိုတို့လောက် ဝေဖန် ခြင်း
မရှိဘဲ ငြိမ်နေခဲ့တာကလည်း ရွိုင်း ဟော့ဒ်ဆန် ပြင်ဆင်မှုပိုင်း အားနည်းဖို့ဖြစ် သွားစေပါတယ်။

အခုလည်း ရွိုင်းဟော့ဒ် ဆန်ကိုပဲ ဆက်ထားဦးမယ့် အင်္ဂလန်ဟာ ကြိုးကြားကြိုးကြားပွဲလေးတွေ
မှာတော့ အနိုင်ရကောင်း ရနိုင်ပေမယ့် တကယ့်ပြိုင်ပွဲ တစ်ခုရောက်လာရင်တော့ အခုလိုပဲ ဖြစ်
လာမယ်လို့ပဲ သုံးသပ်နေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး