အခုရက်သတ္တပတ် ဂေါက်သီးအားကစား ကမ္ဘာမှာ ရေပန်းစားနေတဲ့ သတင်းထူးတစ်ပုဒ် ကတော့
ပူပူနွေးနွေး ယူအက်စ်အိုးပင်း အမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲမှာ ကိုရီးယား အမေရိကန်ကပြား
ဂေါက်သီးမယ် မီရှဲလ်ဝီလ် လက်စွမ်းပြဗိုလ်စွဲခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။ မြောက်ကယ်ရိုလိုင်း
နားပြည်နယ် Pinehurst Resort 2 ဂေါက်ကွင်း မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲဟာ LPGA ပွဲစဉ်
တစ်ရပ်ဖြစ်ပြီး ၁၉၄၆ ခုနှစ်ကတည်းက ကျင်းပ လာခဲ့တဲ့ သက်တမ်းရှည်ပြိုင်ပွဲတစ်ရပ်ပဲဖြစ်ပါ
တယ်။
စုစုပေါင်းဆုကြေး ဒေါ်လာလေးသန်း ချီးမြှင့်တဲ့ ဒီအထင်ကရပြိုင်ပွဲ ယူအက်စ် အိုးပင်းဟာ
ကျင်း ရ၀ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်ဖြစ် သလို နှစ်စဉ်ကမ္ဘာ့ထိပ်တန်းဂေါက်သီးမယ် တွေ ၀င်ရောက်
လက်စွမ်းပြမြဲဖြစ်တဲ့ ခက်ခဲတဲ့ မေဂျာပွဲတစ်ပွဲ ဖြစ်ပါတယ်။ LPGA ပြိုင်ပွဲ တစ်လျှောက် မေဂျာ
ပြိုင်ပွဲငါးရပ်ထဲက တတိယ မြောက်ပွဲစဉ်ဖြစ်သလို အမျိုးသမီး မေဂျာပြိုင်ပွဲ ထဲမှာတော့ သက်
တမ်းအရင့်ဆုံးပြိုင်ပွဲပဲဖြစ်ပါ တယ်။ အခုနှစ်မှာ ကမ္ဘာကျော်တွေ အားလုံး ထက် ဦးခေါင်းတစ်
လုံး ပိုမြင့် ခဲ့ပြီး လေးရက်တာ ရိုက်ချက် ၂၇၈ ချက်နဲ့ သတ်မှတ်ရိုက်ချက် အောက် နှစ်ချက်
လျော့ရိုက်ကာ ချန်ပီယံ ဖလားရယူသွားခဲ့သူကတော့ ဟိုနိုလူလူ သူချောလေး မီရှဲလ်ဝီလ်
ဖြစ်နေ တာကိုလည်း ကိုရီး ယား ပရိသတ်တွေ က ဂုဏ်ယူမဆုံး ရှိနေကြပါတယ်။
Michelle Sung Wie လို့ အမည် အပြည့် အစုံရသူ ကိုရီးယားကပြားဂေါက်သီးမယ်ဟာ
ဟာဝိုင်ယီမြေမှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် ဆွဲဆောင်မှုရှိတဲ့ အာရှအလှနဲ့ လူငယ် ပရိသတ်
တွေကြားမှာ ရေပန်းစားသူ ငွေကြယ် ပွင့်သစ်တစ်ပွင့်ပဲဖြစ်ပါတယ်။ အသက် ၁၀ နှစ်သမီး
အရွယ်မှာပင် အမေရိကန်ပြည်တွင်း အပျော်တမ်းပြိုင်ပွဲစဉ်တွေမှာ အသက်အငယ် ဆုံး ဂေါက်သီး
မယ်အဖြစ်နဲ့ ၀င်ရောက် လက်စွမ်းပြခဲ့သလို LPGA ပြိုင်ပွဲဝင်ခွင့်ကို လည်း အသက် ၁၆ နှစ်
အရွယ်မှာ ၀င်ရောက် နွှဲခွင့်ရခဲ့တာကိုကြည့်မယ်ဆိုရင်တော့ မီရှဲလ် ရဲ့ ဂေါက်သီးပါရမီကို
မှန်းဆမိနိုင်ကြမှာပါ လို့လည်း ကောင်းချီးပေးသူတွေ များနေပါ တယ်။
Big Wiesy လို့ ဂေါက်သီးပရိသတ်တွေက ချစ်စနိုး အမည်ပေးထားသူ မီရှဲလ်ဟာ LPGA Tour
ကို ၂၀၀၉ မှာ ၀င်နွှဲခွင့်ရပြီး ချန်ပီယံဖလားလေးလုံး ပိုင်ဆိုင်ခွင့်ရထားသူ ဖြစ်ပေမယ့် မေဂျာဆု
ဖလားကိုတော့ အခုနှစ် ဇွန်ကျမှ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အခုနှစ် ဧပြီမှာ မီရှဲလ်ဟာ Lotte ချန်ပီယံရှစ် ဆုဖလား ကို ပွဲဦးထွက်ရယူနိုင်ခဲ့ပြီး အခုဇွန်မှာ
ယူအက်စ် အိုးပင်းဆုဖလား ဆက်လက်ရယူနိုင်ခဲ့တာ ဟာ မကြာခင်မှာ ကမ္ဘာ့ထိပ်တန်း ၁၀
ဦးစာရင်း ထဲ အရောက်လှမ်းလာတော့မယ်ဆိုတာကို အချက်ပေးနေသလိုပါပဲလို့ ESPNက
ကောင်းချီးပေးလာပါတယ်။
လက်ရှိကမ္ဘာ့ အဆင့်(၁) စတေစီလူးဝစ္စနဲ့ မီရှဲလ်ဟာ ပြိုင်ပွဲ နောက်ဆုံးနေ့မှာ အကြိတ်
အနယ်ယှဉ်ပြိုင်ခဲ့ ရပေမယ့် စတေစီက ရိုက်ချက် ၂၈၀ နဲ့ ဒုတိယ လူသာ ဖြစ်ခဲ့ရတာဟာ
လည်း အခုနှစ် ယူအက်စ်အိုးပင်းရဲ့ မထင်မှတ်တဲ့ အလှည့် အပြောင်းလို့ ဆိုရဦးမှာပါပဲ။
လက်ရှိကမ္ဘာ့အဆင့်(၁၆) ဂေါက်သီးမယ် မစ်ရှဲလ်က ယူအက်စ်အိုးပင်း ဆုဖလားနဲ့ ဆုကြေး
ဒေါ်လာ ရှစ်သိန်း ရယူအပြီးမှာ အခုလို ၀မ်းမြောက်ပီတိစကားဆိုခဲ့ပါတယ်။
"ဘဝမှာ တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးသေး တဲ့ မေဂျာဆုဖလားဖြစ်သလို ဇာတိမြေပြိုင်ပွဲ
တစ်ရပ်မှာပါ အောင်ပွဲခံခွင့်ရတာကို ဖော်မပြ တတ်အောင် ကြည်နူးပီတိ ဖြစ်ရပါတယ်။
ကမ္ဘာ့အဆင့်(၁) စတေစီရော၊ ၂၀၁၃ ချန်ပီယံ အင်ဘီပါ့ခ်ရောဟာ ခက်ခဲလှတဲ့ ပြိုင်ဘက်
ကောင်းတွေပါ။ လေးရက်စလုံး ကံကောင်းခဲ့ သလို အမှားအယွင်းကင်းခဲ့တဲ့အတွက် အခုလို
ချန်ပီယံဖလား နမ်းရှိုက်ခွင့်ရတာပါ။ လာမယ့် ပြိုင်ပွဲတွေမှာလည်း ဆက်လက်ကြိုးစားသွား
ပါမယ်"လို့ ESPN ကို ဖြေကြားခဲ့ပါတယ်။
၂၀၁၄ မင်္ဂလာနှစ်မှာ အောင်မြင်မှုတွေ ဆက် နေသူကျန်ရှိနေသေးတဲ့ LPGA မေဂျာပြိုင်ပွဲ
နှစ်ရပ်မှာလည်း မစ်ရှဲလ် အခုလို လက်စွမ်း ပြခွင့်ရရှိပါစေလို့ ဆန္ဒမွန်ပြုရင်း...။















