၂၀၁၄ ကမ္ဘာ့ဖလားတွင် နယ်သာလန်သည် ပွဲဦးထွက် လက်ရှိချန်ပီယံစပိန်ကို ၅-၁ ဖြင့် နိုင်
လိုက်သောကြောင့် ပရိသတ်ပါးစပ်ဖျား ရေပန်းစားချိန်တွင် နယ်သာလန်နည်းပြ လူးဝစ္စဗန်ဟားလ်
ကလည်း အိမ်ရှင်ဘရာဇီးလ် သည် ပွဲစဉ်လမ်းကြောင်းအရ နယ်သာလန်ကို ရှုံးထွက်အဆင့်များတွင် ရှောင်ကွင်းနိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲရောက်မှသာ တွေ့နိုင်မည် ဖြစ်ရာ
များစွာကံကောင်းသွားကြောင်း ပြောဆိုလိုက်သောကြောင့် 'ပွဲဆူ'သွားသည်။
အုပ်စု (က)နှင့် (ခ)ပွဲစဉ်များအပြီးတွင် အိမ်ရှင်ဘရာဇီးလ်၊ မက္ကဆီကို၊ နယ်သာလန်နှင့် ချီလီတို့
နောက်တစ်ဆင့်တက်လာပြီး ၁၆ သင်း ရှုံးထွက်အဆင့်တွင် အိမ်ရှင်ဘရာဇီးလ်နှင့်ချီလီ၊ နယ်သာ
လန်နှင့် မက္ကဆီကိုတို့ ထိပ်တိုက် တွေ့ဆုံကြမည်ဖြစ်သောကြောင့် စိတ်ဝင်စား စရာ ဖြစ်လာ
သည်။
တိုက်စစ်ကောင်းသော နယ်သာလန်သည် ခံစစ်ကောင်းသော မက္ကဆီကိုနှင့် ရင်ဆိုင်သောအခါ အုပ်စုပွဲစဉ်တွေမှာတုန်းကလို ခြေစွာနိုင်ပါ့မလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ဟော်လန်
အသင်း ကစားပုံသည် ကျစ်လျစ် သည်။ စုဖွဲ့မှုနှင့်ရွေ့လျားပုံများ ချိန်သားကိုက် မှုရှိသည်။
လေ့လာသူများက အုပ်စုပွဲစဉ်များ အပြီး နယ်သာလန်အသင်းနှင့်ပတ်သက်ပြီး အချက်ငါးချက်
'ဆွဲထုတ်'ပြကြသည်။ ပထမအချက်မှာ နယ်သာလန်သည် နာမည်ကျော် တိုတယ်ဖွတ်ဘော
(total football) ကစားဟန်ကို ခေတ်စနစ်နှင့်လျော်ညီ သော ပြုပြင်ဖာထေးမှုများ ပြုလုပ်ပြီး
ပြန်လည် အသက်သွင်းလာနိုင်ခြင်း ဖြစ်သည်။
နယ်သာလန်အသင်းတွင် ကစားသမား များသည် ခံစစ်ဇုန်ထဲထိ ဆင်းကစားပေးနိုင် ခြင်းဖြစ်
သည်။ တိုက်စစ်အားသန်သော အသင်းအနေဖြင့် ခံစစ်ပိုင်းတွင် ထိုမျှလောက် ထိ ကျစ်ကျစ်
လျစ်လျစ် လိုက်ကစားနိုင်ခြင်းမှာ များစွာ အံ့ဩဖွယ်ရာ ဖြစ်သည်။ ကျွမ်းကျင် သူများ အဆို
အရ ဂိုးသမားကို ဖယ်လိုက်လျှင် ကျန်ကစားသမား ၁၀ ယောက်ထဲမှ ခုနစ် ယောက်က ခံစစ်
ကို ဆင်းကူပေးနိုင်ကြခြင်း သည် ယခင် နယ်သာလန်အသင်းများနှင့် မတူသော လက်ရှိနယ်
သာလန်အသင်း၏ 'အားသာချက်'တစ်ခု ဖြစ်သည်။
ဒုတိယအချက်မှာ ဗန်ပါစီဪရော်ဘင်- ရှနိုက်ဒါ သုံးယောက်တိုက်စစ်တွဲကို ထိန်းဖို့
အတော်ခက်သည်။ အထူးသဖြင့် ဘိုင်ယန် မြူးနစ်တိုက်စစ်မှူး ရော်ဘင်၏ ပြေးအားနှင့်
ဘောလုံးအလိမ်အခေါက် (speed and dribbling) သည် လက်ရှိကမ္ဘာတွင် အကောင်း
ဆုံးဟုပင် တင်စားခံနေရသည်။
ကျွမ်းကျင် သူများက ဗန်ပါစီနှင့် ရော်ဘင်တို့သည် ရလာသော အခွင့်အရေးကို အသုံးချနိုင်စွမ်း
တွင် ၁၀၀ ရာခိုင်နှုန်းရှိသည်ဟု ဆိုကြသည်။
အချို့ဆိုလျှင် ဗန်ပါစီနှင့် ရော်ဘင်တို့ကို one chance one goalဟုပင် ဆိုကြသည်။ တတိယ
အချက်မှာ တိုက်စစ်နှင့် ကွင်းလယ် ကို ဟန်ချက်ညီအောင် ၀ါရင့်ကွင်းလယ်လူ ရှနိုက်ဒါက
'သမ္ဘာ'ဖြင့် ကျားကန်ပေးထားခြင်း ဖြစ်သည်။ ရှနိုက်ဒါသည် တိုက်စစ်နှင့်ခံစစ်ကြားတွင် စနစ်
တကျ ချိတ်ဆက်ပေးနိုင် သူဖြစ်ပြီး ကစားကွက်ပုံဖော်ရာတွင်လည်း အဓိကကျသူ ဖြစ်သည်။
တစ်နည်းဆိုရလျှင် ကွင်းလယ်တိုက်စစ် မျှခြေအနေအထားတွင်ရှိအောင် ရှနိုက်ဒါက ပွဲစဉ်
တစ်လျှောက်လုံး ထိန်းညှိပေးထားသည်။ စတုတ္ထအချက်မှာ နယ်သာလန်၏ အဓိက ပြဿနာ
ကို မီးမောင်းထိုးပြထားသည်။
နယ်သာလန်အသင်းသည် သူတို့လိုပင် စုဖွဲ့မှု ကောင်းပြီး တိုက်စစ်နှင့်ခံစစ် စွယ်စုံကောင်း သော
ပြိုင်ဘက်မျိုးကို ဘယ်လိုရင်ဆိုင်မလဲ ဆိုသောမေးခွန်း ဖြစ်သည်။ ပြိုင်ဘက်အသင်း သည်
ဘောလုံးပိုင်ဆိုင်မှုကောင်းပြီး ခံစစ်ကို လည်း စနစ်တကျ ကာကွယ်ပိတ်ဆို့နိုင်သကဲ့သို့
တန်ပြန်တိုက်စစ်ဆင်ရာတွင် ထိရောက်လျင်မြန်သော အသင်းဖြစ်ပါက နယ်သာလန်တို့
ဘေးကျပ်နံကျပ်နှင့် ရုန်းကန် ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။
ရှုံးထွက်အဆင့်တွင် နယ်သာလန်သည် မက္ကဆီကိုနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့်
ကျွမ်းကျင်သူများက ထိုအချက်ကို အာရုံစိုက် ကြသည်။ မက္ကဆီကိုသည် အိမ်ရှင်ဘရာဇီးလ် ကို
ရင်ဆိုင်ခဲ့သော ခြေစွမ်းအရ နယ်သာလန် အတွက် မျှော်မှန်းထားသည်ထက် ပို၍ခက်ခဲ သော
ပြိုင်ဘက် ဖြစ်လာဖွယ်ရှိသည်။
ဘရာ ဇီးလ်မြေပေါ်တွင် ယှဉ်ပြိုင်ရသောကြောင့် ရာသီဥတုနှင့် ရေမြေကျွမ်းဝင်မှုများတွင်
မက္ကဆီကိုက တစ်ပန်းသာနေသည်။ ပ ဉ္စမအချက်မှာ နယ်သာလန်အသင်း သည် ဖိအားများ
သော အနေအထား၌ ပြိုင်ဘက်အသင်းက ခံစစ်ဇုန်တွင် နေရာ ကွက်လပ်လွတ်မရှိအောင်
ပိတ်ဆို့နိုင်ခဲ့ပြီး 'အကျပ်' ကစားခဲ့ပါက ကစားကွက်နှင့် ဂိုးသွင်း ခွင့် ဖန်တီးမှုကျဆင်းသွား
တတ်ခြင်း ဖြစ်သည်။
အထူးသဖြင့် မက္ကဆီကိုသည် ၀ါရင့် ဘာစီ လိုနာနောက်ခံလူဟောင်းမားကွက်ဇ်ကို ဗဟိုပြုပြီး
ခံစစ်ကြောင်းကို တည်ဆောက်ထား သည်။ မက္ကဆီကိုအသင်း၏ 'အသက်'သည် ခံစစ် ဖြစ်
သည်။ မက္ကဆီကို၏ တည်ဆောက်ပုံမှာ ခံစစ်ကိုအားပြုသော (defensively aligned
team) အသင်းဖြစ်သည်။
သို့ကလို အချက်များ ကြောင့် မက္ကဆီကိုခံစစ်ကို နယ်သာလန်တို့ မဖောက်နိုင်လျှင် မက္ကဆီကို၏
တန်ပြန် တိုက်စစ်နှင့် ရေမြေရာသီဥတု ရင်းနှီးကျွမ်း ၀င်မှုတို့ကြောင့် နယ်သာလန်တို့ ရုန်းကန်
ရဖွယ်ရှိသည်။
တစ်ဖက်တွင် လက်ရှိချန်ပီယံ ဘရာဇီးလ် သည် ချီလီနှင့်ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ပွဲကျပ်
သွားသည်။ မှတ်တမ်းများအရ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဘရာဇီးလ်နှင့် ချီလီတို့ ၁၂ ကြိမ်
ဆုံခဲ့ရာတွင် ဘရာဇီးလ်က ၁၀ ပွဲ နိုင်ပြီး နှစ်ပွဲသရေကျခဲ့သည်။ သို့ရာတွင် လက်ရှိ ချီလီအသင်း
သည် လက်ရှိချန်ပီယံ စပိန်ကိုပင် နှစ်ဂိုးပြတ်နိုင်ထားသည့်အသင်း မဟုတ်ပါလား။
နယ်သာလန်နည်းပြ ဗန်ဟားလ်ကမူ ချီလီအသင်းကို ကိုယ်ပိုင်ကစားဟန်ရှိသည်၊ ကျစ်လျစ်ပြီး
တိုက်စစ်အားသန်သည်။ တစ်ဦးချင်းကောင်းသူများ ပါ၀င်နေသောကြောင့် ပြိုင်ဘက်ကို အချိန်
မရွေး ဒုက္ခပေးနိုင်စွမ်းရှိ သည်ဟု သုံးသပ်ထားသည်။ နယ်သာလန်ကို အရေးနိမ့်ခဲ့သောပွဲတွင်
ချီလီကွင်းလယ်က အရေးပါသူ အာကျူရိုဗီဒဲလ် မပါ၀င်ခဲ့ဘဲ ယခု ဘရာဇီးလ်နှင့်ပွဲစဉ်တွင် ပြန်
လည်ပါ၀င်လာမည် ဖြစ်သောကြောင့် နည်းဗျူဟာပိုင်းအရ အပြောင်းအလဲများ ပြုလုပ်လာနိုင်
သည်။
ချီလီတိုက်စစ်သည် လျင်မြန်ပြီး အချိတ်အဆက်မိသည်။ ကွင်းလယ်နှင့် တိုက်စစ်တွင် ထိပ်တန်း
ကလပ် အသင်းများ၌ ကစားနေသူ အများအပြား ပါ၀င် နေသောကြောင့် လျှော့တွက်လို့မရ။
ချီလီအသင်းသည် စုဖွဲ့မှု၊ ကြံ့ခိုင်မှုနှင့် နည်း စနစ် ကျွမ်းကျင်ပိုင်နိုင်မှုများတွင် ကောင်းမွန်သေ
သပ်သည်။
သို့ရာတွင် ကျွမ်းကျင်သူများက ချီလီသည် ခံစစ်ကြောင်းတွင် 'ပျော့ကွက်'ရှိနေကြောင်း
ထောက်ပြသည်။ ချီလီခံစစ်သမားအများစု သည် အရပ်အမောင်း ထောင်မောင်းမြင့်မား ခြင်း
မရှိသကဲ့သို့ အမြင့်ဘော၊ အပေါ်ဘော များတွင် ကာကွယ်ရှင်းထုတ်ရာတွင် ကျွမ်းကျင် မှု
အားနည်းသည်။
သို့ကလိုကြောင့် ပြိုင်ဘက်အသင်းသည် set-pieces များမှတစ်ဆင့် အခွင့်ကောင်းယူ
သွားနိုင်သည်။ နောက် တစ်ချက်မှာ ချီလီတွင် တိုက်စစ်မှူးစစ်စစ် နည်းပါးခြင်း ဖြစ်သည်။
ကွင်းလယ်နှင့် တောင်ပံအားသန်သော တိုက်စစ်သမားများ သာ ချီလီတိုက်စစ်တွင် လွှမ်းမိုး
နေသောကြောင့် 'အထောင်' တိုက်စစ်မှူးတစ်ယောက်ဖြင့် 'တည်'ပြီး ထိုးဖောက်သော နည်း
ဗျူဟာ ပိုင်းတွင် ချီလီတို့အားနည်းသည်။ အဓိက တိုက်စစ်သမားများသာ ဒဏ်ရာရခဲ့ပါက
ချီလီသည် အနခ့ညငခေူူပ ်ူနထငဘူန မဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။
ကျွမ်းကျင်သူများက အိမ်ရှင်ဘရာဇီးလ်သည်လည်း လိုအပ်ချက် အတော်များများ ရှိနေသော
ကြောင့် ချီလီကိုရင်ဆိုင်ရာတွင် အကြိတ်အနယ် ကစားရမည်ဟု သုံးသပ်ကြ သည်။ သူတို့က
ဘရာဇီးလ်သည် ဂိုးရရှိရေးအတွက် တိုက်စစ်မှူး နေမာပေါ်တွင် လိုအပ်တာထက် ပိုမိုမှီခိုနေ
ကြောင်း ထောက်ပြ ကြသည်။
တစ်ဖန် ဘရာဇီးလ်တွင် ဘယ်ခြမ်း၌ 'ပျော့ ကွက်'ရှိပြီး လူးဝစ္စဂူစတာဗိုနှင့် ပေါ်လင်ဟို တို့က
တောက်လျှောက်လိုက်ဖြည့်ပေးနိုင် ၍သာ ခံသာနေကြောင်း ကျွမ်းကျင်သူများက မီးမောင်း
ထိုးပြသည်။
သို့ကလိုကြောင့် နည်းပြ စကိုလာရီသည် (ကင်မရွန်းနှင့်ပွဲတွင်) ကွင်းလယ်ကို ဟန်ချက်
ညီအောင် ထိန်းညှိပေးကာ တိုက်စစ်မှူးနေမာကို စနစ်တကျ ထိရောက်စွာ ပံ့ပိုးပေးနိုင်အောင်
ပြုပြင်ပေးလိုက်မှသာ ဘရာဇီးလ်၏ တိုက်စစ်ကစားဟန် ပေါ်လွင် သွားခြင်း ဖြစ်သည်။
သို့ရာတွင် ဘရာဇီးလ်၏ အားသာချက်နှစ်ခုမှာ တိုက်စစ်မှူးများဖြစ်သော နေမာနှင့် ဟော့ခ်တို့
နှစ်ယောက်စလုံးသည် ဒန်နီရယ် အဲလ်ဗက်စ်နှင့် ဒေးဗစ်လူး ၀စ္စတို့ထံမှ လာ သော အမြင့်ဘော
များကို ထိရောက်စွာ အသုံးချနိုင်စွမ်းရှိကြခြင်း ဖြစ်သည်။
အခြား အားသာချက်တစ်ခုမှာ တိုက်စစ်သမားများ ဖြစ်ကြသော နေမာ၊ ဟော့ခ်၊ ဖရက်ဒ်နှင့်
အော်စကာတို့ လေးယောက်စလုံးသည် ဘောလုံး ကိုယ့်အသင်းခြေထောက်ထဲမှာ မရှိဘဲ
ခံစစ်ကစားရသော အခါတွင် ကွင်းလယ် ခံစစ်ပိုင်းကို 'ဆင်းကူ'ပေးကြခြင်း ဖြစ်သည်။
ချီလီနှင့် မက္ကဆီကိုသည် အုပ်စုပွဲများတွင် ခြေစွမ်းပြခဲ့သောအသင်းများ ဖြစ်ကြသည်။
သို့ကလိုကြောင့် ၁၆ သင်း အဆင့်တွင် နယ်သာ လန်ရော၊ အိမ်ရှင်ဘရာဇီးလ်ပါ နောက်
တစ်ဆင့်သို့ တက်ရောက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရတော့မည် မဟုတ်ပါလား။















