၂၀၁၄ အမ်အက်ဖ်အက်ဖ် အော်ရီဒူး ဖူဆယ်ဖလားပြိုင်ပွဲ တွင် NPT ကို အနိုင်ယူပြီး MIC အသင်း ဗိုလ်စွဲ

၂၀၁၄ အမ်အက်ဖ်အက်ဖ် အော်ရီဒူး ဖူဆယ်ဖလားပြိုင်ပွဲ တွင် NPT ကို အနိုင်ယူပြီး MIC အသင်း ဗိုလ်စွဲ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် Ooredoo တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၁၄ MFF Ooredoo
Futsal Cup ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ် နှင့် တတိယနေရာလုပွဲစဉ်တို့ကို ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်
နေ့က သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်လုပွဲစဉ်တွင် NPTအသင်းနှင့် MIC အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး MIC အသင်းက
၄-၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ အဆိုပါပွဲစဉ်သည် ဗိုလ်လုပွဲစဉ်ဖြစ်သောကြောင့် ပွဲအစပိုင်းတွင်
နှစ်သင်းစလုံး ထိန်း ကစားခဲ့ကြပြီး ဂိုးရဖို့ထက် ဂိုးမပေးရဖို့ကို ဦးစားပေးကစားခဲ့ကြသည်။

ပထမပိုင်းပြီးခါ နီးတွင် MIC အသင်းအတွက် ဦးဆောင်ဂိုးကို ခင်ဇော်လင်းက သွင်းယူပေးခဲ့သည်။
ဒုတိယ ပိုင်းတွင် ဖူဆယ်အမှတ်ပေးချန်ပီယံ NPT အသင်း အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ခဲ့ပြီး
ချေပဂိုးနှင့် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

သို့သော် ပွဲချိန်ကြာလာသည်နှင့်အမျှ MIC အသင်း၏ လွှမ်းမိုးမှုကိုခံခဲ့ရသည်။ MIC အသင်း၏
အတင်းဝင်၊ အတင်းထွက် ကစားပုံ ကြောင့် NPT အသင်း၏ တိုက်စစ်မှူးများ အခက်တွေ့ခဲ့ကြ
သည်။ MIC အသင်း၏ ကစားသမားများကလည်း ရရှိသော အခွင့် အရေးများကို အကောင်းဆုံး
အသုံးချနိုင်ခဲ့ကြ ပြီး အနိုင်ဂိုးများကို သွင်းယူကာ ပွဲအပြီးတွင် ဖူဆယ်အမှတ်ပေး (၃)နှစ်ဆက်
ချန်ပီယံ NPT အသင်းကို ၄ဪ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

"ကျွန်တော် နည်းပြဘဝအစမှာ ပထမဆုံး ရရှိတဲ့ဖလားဆိုတော့ အရမ်းပဲ ၀မ်းသာမိပါ တယ်။
ကျွန်တော်တို့အသင်းရရှိတဲ့ အခွင့် အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့ တာကြောင့် အခုလို
ချန်ပီယံဖြစ်ခဲ့တာပါ။ ဖိုင်နယ်ပွဲစဉ်မှာ ရင်ဆိုင်ခဲ့ရတဲ့ နေပြည်တော် အသင်းက တည်ငြိမ်တဲ့ကစား
ဟန်ရှိတဲ့ အသင်းပါ။ ဒီလိုအသင်းမျိုးကို အတင်းဝင်၊ အတင်းထွက်ကစားပုံနဲ့ ရင်ဆိုင်ကစားခဲ့ပြီး
သူတို့အသင်း တည်ငြိမ်မှုလျော့နည်းချိန်မှာ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာကြောင့် အနိုင်
ရရှိခဲ့တာပါ။ ကျွန်တော်အသင်းကို ဆက်စုဖွဲ့ထားပြီး ဖူဆယ်လိဂ်ပြိုင်ပွဲ ၀င်ဖို့ အတွက်ြ ပင်ဆင်
သွားမှာပါ"ဟု MIC အသင်း နည်းပြချုပ်ကို သန်းဝဏ္ဏအောင်က ပွဲအပြီး တွင် ပြောကြားခဲ့သည်။

တတိယနေရာလုပွဲအဖြစ် UPT အသင်း နှင့် VUC အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး
VUC အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး