လိမ္မော်ရောင်ဒတ်ချ်တွေရဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ ပိုတောက်ပလာနေပြီ

လိမ္မော်ရောင်ဒတ်ချ်တွေရဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ ပိုတောက်ပလာနေပြီ

လိမ္မော်ရောင်ဒတ်ချ်တွေ အဓိကအတားအဆီး တစ်ခုကို ထပ်ပြီးကျော်ဖြတ်ပြလိုက်ပြန်ပါ ပြီ။
မက္ကဆီကိုကို ၁၆ သင်းရှုံးထွက်အဆင့်မှာ အနိုင်ယူပြလိုက်တာက ဒတ်ချ်တွေအတွက် ဗိုလ်လုပွဲ
ရောက်ရေးလမ်းကြောင်းပေါ်ကို အားကောင်းကောင်းနဲ့ ရောက်လာခဲ့ပြီလို့ တောင် ပြောနိုင်ပါပြီ။

လိမ္မော်ရောင် နယ်သာလန်အသင်းကို ဘရာဇီးလ်ကမ္ဘာ့ဖလားကို စရောက်လာချိန် ကတော့
သိပ်ပြီးအထင်မကြီးခဲ့ကြပါဘူး။ ဗန်ဟားလ်လို နည်းပြကောင်းတစ်ယောက်ကိုင်တွယ်ထားတဲ့
အသင်းတစ်သင်းအဖြစ် သာ သတ်မှတ်ထားခဲ့ကြပြီး ဗန်ဟားလ် ဘရာဇီးလ်ကို ခေါ်ယူလာခဲ့တဲ့
လူငယ်တစ်သိုက်ကိုတော့ အခုလိုအခြေအနေမျိုးအထိ ဖြစ်လာ လိမ့်မယ်လို့ ထင်မထားခဲ့ကြပါ
ဘူး။

ဗန်ဟားလ်ရွေးချယ်ခဲ့တဲ့ ကစားသမားအများစုကို ကြည့်မယ်ဆိုရင်လည်း အသင်းရဲ့ အဓိက
ကျတဲ့ ခံစစ်ပိုင်းမှာ လူငယ်ကစား သမားတွေသာ များနေခဲ့ပြီး ဒီလူငယ်ကစား သမားတွေထဲမှာ
တောင် ရွန်ဗလာတစ်ယောက် ပဲ ပွဲ ၂၀ ကျော်ကစားထားဖူးပြီး ကျန်တဲ့ ကစားသမားတွေကတော့
ပွဲ ၂၀ အောက်သာ ကစားထားခဲ့တဲ့ ကစားသမားတွေဖြစ်လို့ နယ်သာလန်ရဲ့ ခံစစ်ပိုင်းဟာ အတွေ့
အကြံု နုသူတွေကြောင့် အခက်အခဲတွေ့နိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။

ကွင်းလယ်ကိုကြည့်ရင် လည်း ဒီဂျောင်၊ ရှနိုက်ဒါတို့လောက်သာ အတွေ့အကြံုများသူတွေပါပြီး
ကျန်တဲ့ ကစား သမားတွေကတော့ နယ်သာလန်အတွက် ၁၅ ပွဲ ပြည့်အောင်ကစားဖူးကြတဲ့သူ
တွေမဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ခံစစ်နဲ့ ကွင်းလယ်ပိုင်းဟာ နယ်သာလန်ရဲ့ အဓိကအားနည်းမှုတစ်
ခုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒီလိုခန့်မှန်းခဲ့ကြတာလည်း အလ ကားတော့မဟုတ်ပါ
ဘူး။ နယ် သာလန်ရဲ့ အုပ်စုအနေ အထားကို ကြည့်မယ် ဆိုရင် လက်ရှိ ချန်ပီယံစပိန်၊ တောင်
အမေရိက တိုက်ရဲ့ခြေစွမ်း ခြေစရှိပြီး မျိုးဆက်သစ် အသင်းတစ်သင်း ဖြစ်နေတဲ့ ချီလီ၊ အာရှတိုက်
ရဲ့အင်အား အတောင့်ဆုံးလို့ပြောနိုင်တဲ့ ဩစတြေးလျလို အသင်းတွေနဲ့ တစ်အုပ်စုတည်းကျနေ
လို့ပါ ပဲ။

ဒါကြောင့်လည်း ဗန်ဟားလ်ရဲ့ အတွေ့ အကြံုနုနယ်သေးတဲ့ လူငယ်တစ်သိုက်ကို အားပြုထား
တဲ့အသင်းဟာ အုပ်စုတက်ဖို့ တောင် ခက်ခက် ခဲခဲရုန်းကန်ရနိုင်တယ် လို့ ထင်ခဲ့ကြတာပဲဖြစ်တယ်။
ဒါပေမဲ့ ဗန်ဟားလ်ရဲ့လိမ္မော်ရောင်ဒတ်ချ် တွေဟာ အားလုံးရဲ့အမြင်တွေကို ပြောင်းလဲ ပေးခဲ့တယ်။
အခုဆိုရင် မက္ကဆီကို ကိုအနိုင်ရ ခဲ့လို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ပြီ ဖြစ်ပြီး ကွာတားမှာ
တွေ့မယ့် ပြိုင်ဘက် အနေအထား အရ လည်း နယ်သာလန်အတွက် ဆီမီးကိုရောက် ဖို့မခက်ခဲနိုင်
တော့ပါဘူး။

တကယ်လို့ ဆီမီးရောက်ခဲ့ ရင် အဖြစ်နိုင်ဆုံး ပြိုင်ဘက် အသင်းဟာ အာဂျင်တီး နားဖြစ်နိုင်လို့
နယ် သာလန်ရဲ့ လက်ရှိစုဖွဲ့မှု၊ ကစားအားနဲ့ စိတ်ဓာတ်ပိုင်းဆိုင် ရာ အားကောင်းမှု တွေက
အာဂျင်တီး နားကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်မယ့်အင်အားမျိုး ရှိနေတဲ့အတွက်
ဗန်ဟားလ်လက်ထက်အရောက်မှာ အရင်က ကမ္ဘာ့ဖလားမှာဒုတိယမှာချည်း ရပ်တည်နေခဲ့ရတဲ့ အခြေအနေတစ်ခုကို ပြောင်းလဲပစ်နိုင်တော့မလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလာခဲ့
တာ အမှန် ပါပဲ။

နယ်သာလန်အသင်း ဒီအဆင့်ထိရောက် လာခဲ့တဲ့အနေအထားကို ပြန်ကြည့်မယ်ဆိုရင် နည်းပြ
ဗန်ဟားလ်ရဲ့ စွမ်းဆောင်ရည်တွေက အဓိက ချီးကျူးစရာလို ဖြစ်နေပါတယ်။ လူငယ်တွေကို
ယုံယုံကြည်ကြည်နဲ့ ခေါ်ယူ လာခဲ့သလို ဒီလူငယ်စုဖွဲ့မှုနဲ့ပဲ အသင်းကိုအကောင်းဆုံးဖြစ်အောင်
တည်ဆောက်နိုင် ခဲ့သလို စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း အကောင်းဆုံး မြှင့်တင်ပေးထားနိုင်ခဲ့
တာက ဗန်ဟားလ်ရဲ့အားသာချက်တွေလို့ ပြောလို့ ရတယ်။


 

တကယ်တော့ နယ်သာလန်အသင်း အခုလိုခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်း
လာမှုရဲ့ အဓိက အချက်ကတော့ ပွဲဦးထွက်မှာ လက်ရှိချန်ပီယံ စပိန်အသင်းကို ဘယ်သူမှ
မထင်မှတ် လောက်တဲ့ရလဒ်မျိုးနဲ့ အနိုင်ယူပြလိုက်နိုင်လို့ ပါပဲ။ ဒီပွဲပထမပိုင်းကစားနေတဲ့အထိ
နယ်သာ လန်ရဲ့အနေအထားဟာ သာမန်လောက်သာ ရှိပေမယ့် စပိန်ဘက်ကို ချေပဂိုးသွင်းပြီး
နောက်ပိုင်း အသင်းရဲ့စိတ်ဓာတ်ပိုင်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ခဲ့တဲ့အချက်က ဒုတိယပိုင်း
မှာ နယ်သာလန်ဟာ မထင်မှတ် တဲ့ ရလဒ်မျိုးထွက်တဲ့အထိ ကစားပြသွားနိုင်ခဲ့တာလို့ ပြောနိုင်
တယ်။

လက်ရှိချန်ပီယံအသင်းကို ဒီလိုမျိုးဂိုးပြတ် အနိုင်ရလိုက်တဲ့အတွက် အသင်းသားတွေရဲ့စိတ်ထဲမှာ
ယုံကြည်မှုပိုမိုအားကောင်းသွားခဲ့ပြီး ဒီယုံကြည် မှုကို တွန်းအားတစ်ခုအဖြစ် ဗန်ဟားလ်က ကောင်း
ကောင်း အသုံးချသွားနိုင်ခဲ့တာလို့ ထင်ပါတယ်။ တကယ်တမ်း နယ်သာလန်အသင်းရဲ့ ကစားပုံကို
ပြန်ကြည့်မယ်ဆိုရင်တော့ စွဲမက်လောက်တဲ့ ကစားပုံမျိုးတော့မဟုတ်ပါဘူး။

ခံစစ်ပိုင်းမှာ ငါးယောက်ထားကစားပြီး ဂိုးမပေး ရရေးကိုဦးစားပေးပြီးမှ တိုက်စစ်ကို ၀ါရင့်ကစား
သမားတွေဖြစ်တဲ့ ရော်ဘင်၊ ဗန်ပါစီ၊ ရှနိုက်ဒါတို့ရဲ့အားနဲ့ ဂိုးရအောင်ပြန်ကစား တဲ့ ရိုးရှင်းတဲ့ကစား
ပုံကိုပဲ ဗန်ဟားလ် အားပြုခဲ့ တာပါ။

ဒါကြောင့်လည်း ဗန်ဟားလ်ရဲ့ နယ်သာ လန်အသင်းကစားပုံဟာ ပြည်တွင်းပြည်ပမှာ အများစုရဲ့
ဝေဖန် ပြစ်တင်မှုတွေကို ခံခဲ့ရတဲ့အထိပါပဲ။ အရင်နယ်သာလန်အသင်းတွေရဲ့ တိုတယ်ဖွတ်ဘော
ကစားဟန်ကို ဗန်ဟားလ်ကဖျက်ဆီးပစ်လိုက်တယ်ဆိုတဲ့အထိတောင် ဗန်ဟားလ်အပေါ် ဝေဖန်မှု
တွေ ပြင်းထန်ခဲ့တယ်။

ဒါပေမဲ့ ဒီဝေဖန်မှုတွေကို ဗန်ဟားလ်က တော့ သူ့အသင်းရဲ့ကစားပုံဟာ အနိုင်ရရေးကိုပဲ အဓိက
ဦးတည်ထားတဲ့ ကစားပုံမျိုး ဖြစ်ပြီး ရလဒ်တွေကလည်း သူလိုချင်သလို ဖြစ်နေတဲ့အတွက် ဒီက
စားပုံအပေါ်ပဲ ယုံကြည်မှု ရှိစွာနဲ့ ဆက်ပြီးအသုံးပြု သွားမှာလို့ ပြန် တုံ့ပြန်ခဲ့တဲ့အထိ ပါပဲ။

တကယ်လည်း ဗန်ဟားလ်ဟာ သူ့အသင်းရဲ့ခံစစ်အားပြုပုံစံကို အုပ်စုတွင်းသုံးပွဲစလုံး မှာ တောက်
လျှောက်အသုံးပြုသွားခဲ့တယ်။ မက္ကဆီကိုနဲ့ ပွဲအရောက်မှာတော့ သူ့အသင်း ကစားကွက်ကို
အရင်လို ၅ဪ၃ဪ၂ ပုံစံမျိုးမဟုတ် တော့ဘဲ ၄-၃-၃ ပုံစံ ပြောင်းပြီး တိုက်စစ်
အား ပြုဖို့ပြင်ဆင်ခဲ့ပေမယ့် ပွဲအစပိုင်းမှာပဲ ကွင်းလယ်မှာ အားထားရတဲ့ ဒီဂျောင် ဒဏ်ရာ ကြောင့်
လူစားလဲခဲ့ရလို့ နောက်ခံလူ ဘရူနိုမာတင်ကိုထည့်ပြီး ခံစစ်ငါးယောက်ပုံစံကိုပဲ ပြန်အသုံးပြုခဲ့ရတယ်။

ဒါပေမဲ့ တစ်ဂိုးရှုံးချိန် မှာတော့ ဗန်ဟားလ်ရဲ့ နယ်သာလန်အသင်း ဟာ တိုက်စစ်လည်း ကစားနိုင်
တဲ့အသင်း တစ်သင်းဖြစ်ကြောင်း ပူပြင်းတဲ့ အပူရှိန် အောက်မှာ ကစားပြသွားခဲ့ပြီး ချေပဂိုးနဲ့ အနိုင်
ဂိုးတွေ ပြန်ယူပြကာ ကွာတားအထိရောက် လာခဲ့တာပါ။ ဒီနေရာမှာ ဗန်ဟားလ်ကို ချီးကျူးရမှာက ဗန်ဟားလ်ဟာ ပြောင်းလဲလာတဲ့ခေတ်သစ် ဘောလုံးကစားဟန်အပေါ် လိုက်လျောညီထွေ ရှိတဲ့
ပြောင်းလဲမှုတစ်ခုကို လိုက်လုပ်ဖို့ တွန့်ဆုတ်မနေခဲ့တဲ့ အချက်ကိုပါပဲ။ လက်ရှိ ကမ္ဘာ့ဖလားကစား
နေကြတဲ့ အသင်းတွေ ကြားမှာ ခံစစ်ကိုအဓိက အားပြုပြီး တိုက်စစ် ကို အမြန်ဆုံးပြန်ကစားတဲ့
ပုံစံမျိုးကို ပိုပြီး အသုံးပြုလာတာကိုကြည့်ရင် ဗန်ဟားလ်ဟာ သူ့အသင်းကို မှန်ကန်စွာ တည်
ဆောက်နိုင်ခဲ့တယ်လို့ ပြောနိုင်တယ်။

ဂိုးမပေးရဖို့ လူငယ် တွေရဲ့အားနဲ့ တားဆီးပိတ်ဆို့ခဲ့ပြီးမှ ဗန်ပါစီ၊ ရော်ဘင်တို့ရဲ့ပြေးနှုန်း၊ တိကျတဲ့
ကန်သွင်းမှု တွေနဲ့ဂိုးရအောင်ကစားရင်း ဗန်ဟားလ်ရဲ့ ဗျူဟာပိုင်းဟာလည်း အလုပ်ဖြစ်ခဲ့တယ်လို့
ပြောနိုင်တယ်။

အဓိကကတော့ ဗန်ဟားလ်ဟာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို အကောင်းဆုံးဖြစ်အောင် ဖန်တီး
ယူထားနိုင်တဲ့အချက်ပါပဲ။ ဒါကြောင့် လည်း ကစားသမားတွေဟာ နည်းပြရဲ့လိုချင် တဲ့ကစား
ပုံမျိုးကို မရရအောင် လိုက်ကစားပေးကြရင်း နယ်သာ လန်ရဲ့ ရလဒ်တွေကလည်း ပိုပြီး ကောင်း
မွန်လာခဲ့တာလို့ ပြောနိုင် ပါတယ်။

အထူးသဖြင့် ဗန်ဟားလ် ဟာ ရော်ဘင်ဆီကနေ အကောင်း ဆုံးဆိုတာတွေကို ဒီပြိုင်ပွဲမှာ ညှစ်
ထုတ်ရယူနိုင်ခဲ့တဲ့အချက်က လည်း နယ်သာလန်ရဲ့အောင်မြင်မှု မျှော်လင့်ချက်တွေအတွက် အား
တစ်ခုလိုဖြစ်လာပါပြီ။ အခုဆိုရင် နယ်သာလန်ရဲ့ခြေ စွမ်းနဲ့စိတ်ဓာတ်ဟာ ချန်ပီယံဆု အတွက်
မျှော်လင့်လို့ ရနိုင်တဲ့အထိ မြင့်တက်လာခဲ့ပြီဖြစ်သလို ဗိုလ်လုပွဲ အထိ သွားရာလမ်းကြောင်းက
လည်း အခွင့်အရေးပေးထားသလို ဖြစ်နေပြီ ဖြစ်လို့ နယ်သာလန်ရဲ့ မျှော်လင့်ချက်တွေကို
အကောင်အထည်ဖော်နိုင်ဖို့ ရှိ၊ မရှိ စောင့် ကြည့်ရင်းနဲ့ပဲ ရင်ခုန်ကြရပါဦးမယ်။



ဖတ်ရှုမှုအများဆုံး