လက်တင်အမေရိကနဲ့ အမေရိက အလယ်ပိုင်း က အသင်းတွေ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။လက်တင်အမေရိကအသင်းထဲမှာ အီကွေဒေါ ကလွဲရင်
ကျန်တဲ့အသင်းတွေ ရှုံးထွက် ၁၆ သင်းအဆင့်ထဲကို ရောက်လာခဲ့ကြပြီး ရှုံးထွက်အဆင့်မှာ လက်
တင်အသင်းချင်းထိပ်တိုက်တွေ့လိုက်ခြင်းကြောင့် ချီလီ၊ ဥရုဂွေးတို့ နောက်ကောက်ကျသွားတာ
ကတော့ စိတ်မကောင်းစရာပဲဖြစ်ပါတယ်။
တကယ်လို့ သာ ချီလီဟာ ဘရာဇီးလ်နဲ့မတွေ့ခဲ့ဘူးဆိုရင် ကွာတားဖိုင်နယ်ကို ရောက်လာနိုင်တဲ့
အသင်းပဲ ဖြစ်ပါတယ်။ ဥရုဂွေးဟာလည်းကိုလံဘီယာနဲ့ မတွေ့ခဲ့ဘူးဆိုရင် ကွာတား ဖိုင်နယ်ကို
တက်ချင်တက်လာနိုင်ဖွယ်ရှိနေခဲ့ပါတယ်။ အခုတော့ ဘရာဇီးလ်၊ ကိုလံဘီယာတို့ဟာ ကွာတား
ဖိုင်နယ်ကို တက်လာခဲ့ကြပြီး နောက်ထပ်လက်တင်ဒါဘီပွဲကို နွှဲကြရတော့ မှာဖြစ်ပါတယ်။
ကိုလံဘီယာရဲ့ နောက်ဆုံး အိပ်မက်ဖြစ်လာနိုင်သလို အိမ်ရှင်ဘရာဇီးလ် အနေနဲ့လည်း နောက်
ထပ်ခရီးကြမ်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ ရှုံးထွက်အဆင့်မှာ လက်တင်ဒါဘီ
အဖြစ် ချီလီအသင်းနဲ့ ကစားခဲ့ရပြီး ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းခဲ့ရတာပါ။ နည်းပြစကိုလာရီကိုယ်တိုင်
က လာဘ်ကောင်း ခဲ့လို့ပါလို့ ၀န်ခံသွားခဲ့ပါတယ်။ ဘရာဇီးလ်ဟာ အိမ်ရှင်ဆိုတဲ့ ပရိသတ်အားနဲ့
ကစားပြီး ဖြတ်သန်းလာတဲ့ အသင်းပဲဖြစ်ပါတယ်။
ချီလီ ကို အကောင်းဆုံးခြေစွမ်းနဲ့ ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကိုလံဘီယာကတော့ ဥရုဂွေးနဲ့
လက်တင်ဒါဘီကစားခဲ့ရပေမယ့် ခြေစွမ်းက အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို
တက်လာခဲ့တာကတော့ အိမ်ရှင် ဘရာဇီးလ်နဲ့မတူတဲ့ ကိုလံဘီယာရဲ့ ထူးခြားမှုပဲ ဖြစ်ပါတယ်။
ကဲ ဒီတစ်ခါ အိမ်ရှင်ဘရာဇီးလ် ရဲ့ လက်တင်ပြိုင်ဘက်က ချီလီ၊ ဥရုဂွေးတို့ထက် ပိုကောင်းနေတဲ့
ကိုလံဘီယာကို ဘရာဇီးလ် ဘယ်လိုဖြတ်သန်းလာမလဲဆိုတာ စိတ်ဝင် စားဖွယ်ရာပဲ ဖြစ်ပါတယ်။
ကိုလံဘီယာဟာ တကယ်အားထားရတဲ့ တိုက်စစ်မှူးဖယ်လ်ကာအို ပြိုင်ပွဲမှာ မပါလာ နိုင်လို့ အား
လျော့သွားမယ် ထင်ရပေမယ့် ကိုလံဘီယာရဲ့ခြေစွမ်းက လက်တင်အမေရိက အသင်းတွေထဲမှာ
ဘရာဇီးလ်၊ အာဂျင်တီးနား တို့ထက်ကို ပိုကောင်းတဲ့ လက်တင်အသင်း ဖြစ်လာခဲ့ပါတယ်။
အုပ်စုအဆင့်မှာ သုံးပွဲ စလုံးကို အနိုင်ကစားခဲ့သလို ရှုံးထွက်အဆင့် မှာလည်း ဥရုဂွေးကို ထပ်မံ
အနိုင်ရလိုက်လို့ ကိုလံဘီယာဟာ ဘရာဇီးလ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ထိပ်တန်းအဆင့်အသင်းဖြစ်
နေ ပါတယ်။
ဂရိကို ၃-၀၊ အိုင်ဗရီကို့စ်ကို ၂-၁၊ ဂျပန်ကို ၄-၁၊ ဥရုဂွေးကို ၂-၀၊ သွင်းဂိုး ၁၁ ဂိုး၊ ပေးဂိုးနှစ်ဂိုးရှိထား
တဲ့ တိုက်စစ်ကောင်းတဲ့ အသင်းဖြစ်နေပါတယ်။ တကယ်တော့ကိုလံဘီယာဟာ တိုက်စစ် တင်
ကောင်းတာမဟုတ်ဘဲ ခံစစ်ကပါအကောင်းဆုံးပုံစံရှိထားတဲ့ အသင်းဖြစ်ပါ တယ်။ လေးပွဲမှာ နှစ်ဂိုး
ပဲပေးထားရတဲ့ ကိုလံ ဘီယာခံစစ်ဟာ ပြိုင်ဘက်တွေအတွက် သတိပြုစရာပဲ ဖြစ်ပါတယ်။
ခံစစ်ကို ဖသညေူ ာမေုငညါ ျအပူန နဲ့ တည်ဆောက်ထားခြင်းက ကိုလံဘီယာရဲ့ အဓိကအချက်ပဲ
ဖြစ်ပါတယ်။ တောင်ပံတွေက ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထားသလို နောက်တန်းဘယ်ညာ
အစွန်တွေကလည်း တိုက်စစ်ကို အကောင်းဆုံး လိုက်ပါကစားနိုင်စွမ်းရှိခြင်းက ကိုလံဘီယာ တိုက်
စစ်ကောင်းဖို့ ဖြစ်လာစေတာပဲဖြစ်ပါ တယ်။ အမြန်နှုန်း၊ နေရာလွတ်ပေါ်အောင် ရွေ့လျားခြင်းတို့က
ကိုလံဘီယာကို ကွာတားဖိုင်နယ် ရောက်လာစေတဲ့ နည်းစနစ်ပိုင်း တွေပဲ ဖြစ်ပါတယ်။
ကွင်းလယ်မှာ အရင်က အဓိကအားထားတဲ့ အင်တာမီလန်ကစား သမား ဂွာရင်တောင် ဒီပြိုင်ပွဲမှာ
နေရာပျောက် သွားခဲ့ရပါတယ်။ မိုနာကိုကွင်းလယ်သမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ ဖယ်လ်ကာကို၊
ဂူတီယာရက်ဇ်တို့နဲ့ ခြေစစ်ပွဲကာလမှာ ကတည်းကခြေစွမ်းပြခဲ့သလို အခုပြိုင်ပွဲမှာ လည်း ဂျိမ်းစ်ရို
ဒရီဂွက်ဇ််ဟာ ထိပ်တန်းအဆင့် ခြေစွမ်းတွေပြနေခဲ့ပါတယ်။ သူကိုယ်တိုင်က ခြေစွမ်းပြပေမယ့်
အသင်းကသူ့ကိုဦးစားပေး ထားခဲ့တာမဟုတ်ပါဘူး။
ကိုလံဘီယာအသင်းရဲ့ နည်းပြက အာဂျင် တီးနားလူမျိုးပီကာမင်ပါ။ ၂၀၀၆ ကမ္ဘာ့ဖလား မှာ
အာဂျင်တီးနားအသင်းကို ကိုင်တွယ်ခဲ့သူပဲ ဖြစ်ပါတယ်။ ပီကာမင် မကိုင်တွယ်စဉ်က ကိုလံဘီယာ
ဟာ အခုလိုခြေစွမ်းမျိုးမဟုတ် ပါဘူး။
ပီကာမင်ရောက်ပြီးမှ ကိုလံဘီယာဟာ ပြောင်းလဲသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပီကာမင် ဟာ
ကိုလံဘီယာကို ၄-၂-၂-၂ ကစားကွက်နဲ့ တည်ဆောက်ထားပေမယ့် ဒီပြိုင်ပွဲမှာတော့ ပီကာမင်
ဟာ ၄-၂-၃-၁ ကစားကွက်နဲ့ ဖြတ်သန်းလာခဲ့တာပဲဖြစ်ပါတယ်။ ဗဟိုခံစစ်မှာ အတွေ့အကြံုရင့်တဲ့
ကစားသမား ယီပက်စ် ဟာ ခံစစ်မှာ အဓိကကျသူဖြစ်ခဲ့သလို ခံစစ်အကူ ကစားသမားနေရာမှာ
ပြင်သစ်ကလပ်တူးလောက်စ်ကစားသမား အေဘယ်အဂွီလာ ဟာ ခံစစ် zonal marking မှာတော့
ကိုလံ ဘီယာရဲ့အသက်ပဲဖြစ်ပါတယ်။
ကွင်းလယ်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နောက်ချန်တိုက်စစ် နေရာကနေ နေရာလွတ်တွေပေါ်အောင်
ကစားနိုင်တဲ့သူဖြစ်လို့ တိုက်စစ်က ဂူတီယာ ရက်ဇ်၊ ဂျက်ဆင်မာတီနက်ဇ်တို့အတွက်ကစားရလွတ်
လပ်သွားတာက ကိုလံဘီယာတိုက်စစ်ကောင်းဖို့ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ တောင်ပံမှာ ဖီအိုရင်
တီးနားကစားသမား ကူယာဒရာဒိုနဲ့ နောက်တန်းညာအစွန် က နာပိုလီကစားသမား ဇူနီကာတို့က
လည်းအသင်းနဲ့ အတွဲမိမိကစားနေခဲ့ကြပါတယ်။ ကိုလံဘီယာဟာ ဘရာဇီးလ်၊ အာဂျင်တီးနား၊
ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်တို့လောက် နာမည်ကြီးထင်ရှားခြင်းမရှိပေမယ့် အသင်း လိုက်အနေ
အထားမှာတော့ ကိုလံဘီယာဟာ ထိပ်တန်းအသင်းတွေထက် အရည်အသွေး မလျော့နည်းတဲ့
အသင်း ဖြစ်ပါတယ်။
အသင်းလိုက် အားကောင်းခြင်းအောက် မှာ တစ်ဦးချင်းအရည်အသွေးကပါ ထက်မြက် လိုက်တော့
ကိုလံဘီယာဟာ လာမယ့်ကွာတား ဖိုင်နယ်မှာ အိမ်ရှင်ဘရာဇီးလ် ကစားရခက် မယ့်အနေအထား
ပဲဖြစ်ပါတယ်။
ဥရုဂွေးပွဲမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် သွင်းခဲ့တဲ့ဂိုးကတော့ တကယ့်ထိပ်တန်းအဆင့်ရှိတဲ့ တစ်ဦးချင်း
အရည်အသွေးပဲဖြစ်ပါတယ်။ ဂျိမ်းစ်ရဲ့ဒီဂိုးဟာ ပီလီ၊ မာရာဒိုနာ၊ ရော်နယ်ဒို၊ ဘက်ဂီယို တို့လို
ဂန္ထဝင်ကစားသမားကြီးတွေရဲ့ ဂိုးတွေလို မမေ့နိုင်စရာဂိုးဖြစ်လာတော့မှာပဲ ဖြစ်ပါ တယ်။
မြောက်နေတဲ့ဘောလုံးကို ရင်ဘတ်နဲ့ ထိန်း၊ မြေမကျခင်မှာ ကန်သွင်းလိုက်တဲ့ဘောလုံးက ဂိုးဘား
တန်းကိုထိပြီး ဂိုးဝင်သွား ခဲ့တာပါ။ ဒီဂိုးကြောင့်ပဲ ကိုလံဘီယာ အသာစီး ရသွားတာပဲ ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားဟောင်း ဖီးလ်နဗီးလ်ဆိုရင် "ဒီဂိုးက ကမ္ဘာ့အဆင့်ရှိတဲ့ဂိုး၊ ဒီပြိုင်ပွဲမှာ အကောင်း
ဆုံး ဂိုးပဲ။
ဂျိမ်းစ်ဟာ အသက် ၂၂ နှစ်ပဲရှိသေးပေမယ့် ကိုလံဘီယာကွင်းလယ်မှာ နေရာ လွတ်တွေပေါ်အောင်
ဖန်တီးပေးနိုင်တဲ့သူပဲ"လို့ ချီးကျူးသွားတာတွေ့ရပါတယ်။အခုဆိုရင် ဂျိမ်းစ်ရိုဒရီဂွက်ဇ််ဟာ ၂၀၁၄
ကမ္ဘာ့ဖလားပြိုင် ပွဲမှာ ငါးဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းသူ နေရာကို ဦးဆောင်နေတဲ့ ကွင်းလယ်
သမားဖြစ်နေပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဂိုးအများဆုံး သွင်းထားသူဖြစ်နေပေမယ့် ကိုလံဘီယာ
ဟာ သူ့ကိုမှီခိုကစားနေတာတော့ မဟုတ်ပါဘူး။
ဂူတီယာရက်ဇ်၊ ဂျက်ဆင်မာတီနက်ဇ်၊ ကူယာဒရာဒို၊ ဇူနီဂါ၊ အေဘယ်အဂွီလာ၊ ယီပက်ဇ် တို့ရဲ့
အသင်းလိုက်ဦးဆောင်အားနဲ့သာကစားနေဦးမှာပါ။ လာမယ့် ဇူလိုင် ၅ ရက်နေ့မှာ ကစားမယ့်
အိမ်ရှင်ဘရာဇီးလ်နဲ့ ကစားမယ့်ပွဲမှာ ကိုလံဘီယာဟာ ဘရာဇီးလ်လောက် ရေပန်းစားမှာ မဟုတ်
ပေမယ့် ဒီပွဲစဉ်ဟာ ဘရာဇီးလ်ရဲ့ ဆမ်ဘာတေးသွားတွေ တိတ် ဆိတ်သွားနိုင်တဲ့ အနေအထား
လို့ယူဆနေမိပါရဲ့ ...။















