၂၀၁၄ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်ပွဲစဉ်တွင် ချီလီကို ပင်နယ်တီဖြင့် နိုင်ပြီးနောက် အိမ်ရှင်
ဘရာဇီးလ်အသင်းသည် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသည်။ သို့ရာတွင် ချီလီနှင့် ပွဲတွင်
ထွက်ပေါ်ခဲ့သော ခြေစွမ်းအရ ဘရာဇီးလ် အသင်းသည် ဗိုလ်စွဲနိုင်ခြေမရှိဟု ဘောလုံး ကျွမ်းကျင်
သူ အားလုံးလိုလိုက မှတ်ချက်ပေးကြသည်။
အာဂျင်တီးနား ဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာဆိုလျှင်ဘရာဇီးလ်သည် ကွာတားဖိုင်နယ်တွင် ကိုလံ
ဘီယာကို အရေးနိမ့်လိမ့် မည်ဟု ပြတ်သားစွာထင်ကြေးပေးထားသည်။ အုပ်စုသုံးပွဲ၊ ရှုံးထွက်တစ်
ပွဲ ကစားပြီး နောက် ဘရာဇီးလ်ခြေစွမ်းသည် အားရဖွယ် ရာ လုံးဝမရှိတာကို တွေ့ရသည်။
၀ါရင့်နည်းပြ စကိုလာရီသည် အခြေအနေ၊ အချိန်အခါနှင့် အညီ ၄-၂-၃-၁ ကစားကွက်ကို
အသုံးပြုခဲ့သော်လည်း တိုက်စစ်မှူးနှစ်ယောက်ဖြစ်သော ဖရက်နှင့် နေမာတို့ကို ထည့်သွင်း
လိုက်ခြင်းကြောင့် ၄-၄-၂ ပုံစံပေါက်သွားသည်။
ဘောလုံးကျွမ်းကျင်သူများက လက်ရှိ ဘရာဇီးလ်အသင်း၏ အားနည်းချက်၊ အား သာချက်
များကို အတိတ်ဘရာဇီးလ်အသင်းများနှင့် နှိုင်းယှဉ်ကာ 'မီးမောင်းထိုး'ပြကြရာတွင် အကောင်း
ထက် အဆိုးဘက်က ချိန်ခွင် လျှာ အလေးသာနေတာကို တွေ့ရသည်။ ပထမဆုံး မီးမောင်းထိုး
ပြသောအချက်မှာ ဘရာဇီးလ်အသင်းသည် လူအခင်းအကျင်း ပိုင်းတွင် အပြောင်းအလဲနည်းပါးပြီး
'လူထုတ်ပုံ' တည်ငြိမ်ခြင်း ဖြစ်သည်။
ချီလီနှင့်ပွဲတွင် ကွင်းလယ်ကစားသမား ပေါ်လင်ဟိုနေရာ၌ ဖာနန်ဒင်ဟိုကို ထည့်သွင်းလိုက်ခြင်း
မှလွဲပြီး ကျန်ကစားသမားများကို အုပ်စုပွဲစဉ်အတိုင်း ပင် ပုံသေထည့်သွင်းထားသည်။
သို့ရာတွင် ဘရာဇီးလ်အသင်းသည် technical flexibilityနည်းပါးပြီး အရန်အင်အား
တောင့်တင်း မှု မရှိခြင်းကြောင့် နည်းပြစကိုလာရီအနေဖြင့် ယခုကဲ့သို့ လူအခင်းအကျင်းပိုင်းကို
စွန့်စား ပြောင်းလဲမှုမျိုး မလုပ်ခြင်းသာဖြစ်သည်ဟု ကျွမ်းကျင်သူ အချို့က ထောက်ပြသည်။
ဘရာဇီးလ်အသင်း၏ technical flexibility နည်းပါးခြင်းကို ချီလီနှင့်ပွဲတွင် တွေ့မြင် ရသည်။
ချီလီအသင်းသည် တိုက်စစ်မှူး နေမာကို ပံ့ပိုးပေးမည့် လမ်းကြောင်းများကို တွက်ဆကာ စနစ်
တကျ ဖြတ်တောက်ပိတ်ဆို့ ကစားသွားသည်။ နေမာသည် ပွဲချိန်အတော်များများတွင် အသင်း
ဖော်များနှင့် ချိတ်ဆက်မှု ပြတ်တောက်ခြင်းမရှိရန် ကြိုးပမ်းသည့်အနေဖြင့် ကွင်းလယ်အတွင်းပိုင်း
ထိ ဆင်းပေးနေရ သည်။
နေမာသည် ကွင်းလယ်ထဲသို့ ဆင်းလာ သောအခါ လစ်ဟာသွားသော တိုက်စစ် ကွက်လပ်ကို ဖရက်၊ ဟော့ခ်တို့ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတာကို တွေ့ရသည်။ ၀ါရင့် တိုက်စစ်မှူးဖရက်ဆိုလျှင်
နေမာကို '၀န်းရံ'ပေး သော အနေအထားတွင်သာရှိပြီး 'အထောင်' တိုက်စစ်မှူးအဖြစ် 'တင်'ကစား
လိုက်လျှင် ဘရာဇီးလ်တိုက်စစ်၏ ထိုးဖောက်နိုင်စွမ်း ကျဆင်းသွားတတ်သည်။
technical flexibility ကောင်းမွန်ခြင်းမရှိ သောအချက်သည် တောင်ပံခံစစ်များတွင် သွားပေါ်နေ
သည်။ တောင်ပံခံစစ်သမားများ ဖြစ်သော မာဆယ်လိုနှင့် ဒါနီအဲလ်ဗက်စ်တို့သည် တိုက်စစ်တွင်
လိုက်ပါကစားလိုစိတ် အကဲပိုသူများ ဖြစ်သော်လည်း ခံစစ်ကစားရာတွင် ထောင့်စေ့ခြင်း မရှိပေ။
တစ်ဖန် ခံစစ်တွင် အာရုံစူးစိုက်မှု နည်းပါးသော အချက်ကို တွေ့ရသည်။ ချီလီနှင့်ပွဲတွင် ပြန်ပေး
လိုက်ရ သော ချေပဂိုးမှာ ဘရာဇီးလ်ခံစစ်သမားများ ပေါ့ဆမှုကို မီးမောင်းထိုးပြနေသည်။ ဘယ်
တောင်ပံခံစစ်တွင် မာဆယ်လို သည် တိုက်စစ်တွင် လိုက်ပါကစားလိုစိတ် များပြားသော်လည်း
တကယ်တမ်းတွင် တိုက်စစ်ကို ထိထိရောက်ရောက်ပံ့ပိုးနိုင်ခြင်း မရှိတာကို တွေ့ရသည်။
တစ်ဖန် အတက် အဆင်း တောက်လျှောက်ကစားသောအခါ ပြေးအားကျဆင်းလာပြီး ဘယ်
တောင်ပံခံစစ် တွင် 'ပျော့ကွက်' ဖြစ်ပေါ်လာသည်။ ဒုတိယအချက်မှာ တိုက်စစ်မှူး နေမာက လွဲပြီး
ကျန်ကစားသမားများသည် ထူးထူး ခြားခြား ခြေစွမ်းပြနိုင်ခြင်းမျိုး မရှိသေးဘဲ အများစုသည်
ကလပ်အသင်းများတွင် ကစား ကြသည့် ခြေစွမ်းမျိုးကိုပင် မရကြသောကြောင့် below-average
ဟုပင် မှတ်ချက်ပေးခြင်းခံရသည်။
သို့ရာတွင် လက်ရှိ ဘရာဇီးလ် အသင်းသည် ယခင်အသင်းများထက် ခံစစ်ပိုင်းကို ပို၍အာရုံစိုက်
ကြသည်။ တစ်ဖန် တိုက်စစ်သမားများဖြစ်သော နေမာ၊ ဖရက်ဒ်၊ ဟော့ခ်၊ အော်စကာတို့ကိုယ်တိုင်
ခံစစ်တွင် အတွင်းကျကျ ဆင်းကူပေးသောကြောင့် ရုတ်တရက် တန်ပြန်တိုက်စစ်ဆင်သောအခါ
တွင် တိုက်စစ်သမားများ အဆင်သင့်ဖြစ် မနေကြဘဲ ဘရာဇီးလ်ကစားဟန် ပျောက် သွားသည်။
ဘရာဇီးလ်အသင်းသည် ကစားကွက် ပုံဖော်ခြင်းနှင့် ဂိုးသွင်းခွင့် ဖန်တီးမှု၊ အဆုံးသတ် ဂိုးသွင်းခြင်း
များ သေသပ်ကောင်းမွန်ခြင်း မရှိတာကို တွေ့ရသည်။ အထူး သဖြင့် တိုက်စစ်ကို effec -
tive play ကစားနိုင်ခြင်း မရှိဘဲ ဂိုးရရှိရေး အတွက် နေမာကို မှီခိုမှု များပြား လွန်းသည်။
အရန်တိုက်စစ်အင် အား မတောင့်တင်းခြင်းသည် ဘရာဇီးလ်အသင်း၏ အားနည်းချက်တစ်ခု ဖြစ်
လာသည်။ ချီလီနှင့်ပွဲအပြီးတွင် ဖရက်ဒ်၊ ဂျိုအစရှိသော တိုက်စစ်မှူးများကို ဘရာဇီးလ်သမိုင်းတွင်
အဆိုးဝါးဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဝင် တိုက်စစ်မှူးများ ဟုပင် ဝေဖန်ခဲ့ကြသည်။
နေမာကလွဲပြီး ဂိုးရရှိရေးအတွက် အားထားရသော တိုက်စစ်မှူး ပီပီပြင် ပြင် မရှိခြင်းကြောင့်
ကွာတားဖိုင်နယ် ကိုလံဘီယာနှင့်ပွဲအမီ နေမာသည် ဒဏ်ရာက ပြန်သက်သာပြီး ပါ၀င်ကစားနိုင်
ဖို့ကိုသာ မျှော်လင့်နေရ သည်။ အကယ်၍ ကိုလံဘီယာနှင့် ပွဲကို နေမာသာ လွဲချော်ခဲ့ပါက
ဘရာဇီးလ်တိုက်စစ်သည် ပိုမိုဆိုးရွားဖွယ်ရှိပြီး ဂိုးရရှိဖို့ အတွက် မည်သူ့ကို အားကိုး ရမည်နည်း
ဆိုသောအချက် သည် နည်းပြစကိုလာရီအတွက် 'ခေါင်းကိုက်'စရာ ဖြစ်လာမည်။
အဆိုးရွားဆုံးမှာချီလီနှင့်ပွဲတွင် ဘရာဇီးလ် အသင်းသည် ၎င်းတို့၏ သမိုင်းတစ်လျှောက် ကျင့်သုံး
ခြင်းမရှိသလောက်ဖြစ်သော အဝေး ဘော၊ အပေါ်ဘောများကို အားပြုကစားသွားရခြင်း ဖြစ်သည်။
'အတို'လေးများဖြင့် စနစ်တကျ ချိတ်ဆက်ကာ ဘောလုံးကျွမ်းကျင် မှုကို အသားပေးသော ဘရာ
ဇီးလ်တို့၏ 'ဘော လုံးရသ'သည် ချီလီနှင့်ပွဲတွင် အနည်းနှင့် အများတော့ ပျောက်ဆုံးသွားသည်။
ချီလီနှင့်ပွဲတွင် ဘရာဇီးလ်သည် သူတို့ ကျွမ်းကျင်သည့် ကစားပေါက်မဟုတ်သော အဝေးဘော၊
အမြင့်ဘောများကို အားပြုခဲ့ခြင်း နှင့်ပတ်သက်ပြီး ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်မှူးဟောင်း
ဂျော်ဂျင်ဟိုက 'ကျွန်တော် တို့ဟာ အဝေးဘောတွေ ဘယ်လိုကစားရမလဲ ဆိုတာ နားမလည်ကြ
ပါဘူး။
တကယ်ဆိုရင် ကျွန်တော်တို့ ကွင်းလယ်မှာပဲ ကစားသင့် တယ်။ နောက်တစ်ချက်က နေမာ
အပေါ်မှာ မှီခိုလွန်းအားကြီးတယ်' ဟုဆိုသည်။
တတိယအချက်မှာ လက်ရှိ ဘရာဇီးလ်အသင်းသည် ပြိုင်ဘက်များ 'ရှိန်' သွား လောက်သည့်
ဟိတ်ဟန်မျိုးမရှိခြင်း ဖြစ်သည်။ ကျွမ်းကျင်သူအချို့က ဘရာဇီးလ်အသင်းတွင် သမ္ဘာရှိသူများ၊
နာမည်ကြီးသူ အရည်အတွက် ကို ယခုထက်ပို၍ ထည့်သွင်းရွေးချယ်သင့်ကြောင်း ထောက်ပြ
သည်။
အတိတ် ဘရာဇီးလ်အသင်းတိုင်းသည် ပြိုင်ဘက်တို့ 'ရှိန်'သွားတာကို အခွင့်ကောင်း ယူပြီး
ဘောလုံးကို စိတ်ကြိုက်'ကိုင်'ကစား သည်။ ကိုယ့်ခြေထောက်ထဲတွင် ဘောလုံးကို ကြာကြာ
ထားကစားသည်။
ပြိုင်ဘက်အသင်း ကို ဘယ်၊ ညာ၊ အလယ်အူကြော နေရာစုံမှ လှည့်ပတ်ထိုးဖောက်ရင်း တောက်
လျှောက် 'ဖိ'ထားသည်။ ပြိုင်ဘက်အသင်း 'ပုံပျက်' သွားလျှင် သို့တည်းမဟုတ် 'ပျော့ကွက်'တွေ့
လျှင် ထိုနေရာမှ ထိုးဖောက်ကာ ဂိုးသွင်းခွင့် များ ရယူဖန်တီးနိုင်စွမ်းရှိသည်။
အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း အလန်ရှီးယား ထောက်ပြသောအချက်မှာ ဘရာဇီးလ်
ကစားသမားများသည် ၎င်းတို့ရှိ သင့်သော 'အဆင့်' (ူနလနူ) ကို မရောက်ကြ သေးခြင်းဖြစ်သည်။
ဘရာဇီးလ် အသင်းသည် ဘောလုံးဖြန့်ထုတ်ရာတွင် ထိရောက်မှု နည်း ပါးကာ ဘောလုံး ဆုံးရှုံးမှု
များရှိသည်။
တိုက်စစ် ဆင်ရာတွင်လည်း နေမာကလွဲပြီး လစ်ဟာ ကွက်များ ဖြစ်ပေါ်နေသည်။ ကျွမ်းကျင်သူများ
ထောက်ပြသော စတုတ္ထအချက်မှာ နည်းပရိယာယ်ပိုင်းတွင် အားနည်းချက်များရှိနေခြင်းကြောင့်၊ပြိုင်
ဘက် အသင်းများသည် ဘရာဇီးလ်အသင်း၏ တည်ဆောက်ပုံကို အလွယ်တကူ ဖော်ထုတ်
နိုင်ခြင်းဖြစ်သည်။
လက်ရှိ ဘရာဇီးလ်အသင်းတွင် မည်သူက အန္တရာယ်ပေးနိုင်မည်နည်း၊ မည်သူ့ကို 'ပိတ်ဆို့'ကစား
လျှင် ဘရာဇီးလ်ကစားကွက် 'ကျုံ့' သွားမည်နည်း ဆိုသည်များ ကို အချိန်တိုအတွင်းမှာပင်
အလွယ်တကူ တွက်ထုတ်နိုင်သည်။ တစ်ဖန် ဘရာဇီးလ်ကို ဘယ်လို 'ပြန်ဖိ'မလဲ၊ နေရာကွက်လပ်
နည်းပါး အောင် ဘယ်လိုဖြန့်ကြက်ပိတ်ဆို့မလဲ၊ ၎င်း တို့၏ တိုက်စစ်နှင့် ကစားကွက်ပျက်အောင်
သို့တည်းမဟုတ် ထိရောက်မှု နည်းပါးသွား အောင် မည်သို့ပြုလုပ်ရမည်ကို ပြိုင်ဘက်တို့ အလွယ်
တကူ ဖော်ထုတ်သိရှိသွားနိုင်သည် ဟု ကျွမ်းကျင်သူများက 'ဆွဲထုတ်' ပြသည်။
ဆိုရပါလျှင် အိမ်ရှင်ဘရာဇီးလ်အသင်း သည် ကိုလံဘီယာကဲ့သို့ ရှေ့လယ်နောက် တောင့်တင်း
ကျစ်လျစ်ကာ တိုက်စစ်'မြိုင်'သော အသင်းမျိုးကို ထိပ်တိုက်ရင်ဆိုင်ရသော အခါ အာဂျင်တီးနား
ဂန္ထဝင်ကစားသမား မာရာဒိုနာ ကြိုတင်ဟောကိန်းထုတ်ထားသကဲ့သို့ ရှုံးနိမ့်ဖို့ အလားအလာများ
သည်ဟုပင် ကောက်ချက်ဆွဲလိုက်မိသည်။















