၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသော မြန်မာ့ လက်ရွေး
စင်အသင်းသည် ပြီးခဲ့သည့်ဇွန်လ ၂၈ ရက်နေ့က ဂျေလိဂ်ကလပ် ဆီရိုဇိုအိုဆာကာအသင်းနှင့်
ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးဪဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းသည် အဓိကကစားသမားများဖြစ် သော ရန်ပိုင်၊
ဒေးဗစ်ထန်းနှင့် ကြည်လင်း တို့ ဒဏ်ရာပြဿနာကြောင့် မပါ၀င်နိုင်ခဲ့ သော်လည်း ကျော်ကိုကို၊
ကျော်ဇေယျာဝင်း၊ စိုးမင်းဦး၊ ရန်အောင်ဝင်း၊ ရန်အောင်ကျော် အစရှိသော အမာခံကစားသမား
များနှင့် ပွဲထွက်လာခဲ့သည်။ ဂျပန်ကလပ် ဆီရိုဇိုအို ဆာကာအသင်းကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ
၀င်လျက်ရှိသော အသင်း၏ အမာခံ ကစားသမားများ မပါ၀င်နိုင်ခဲ့သော်လည်း ကျန်အဓိက ကစား
သမားအစုံအလင်ဖြင့် မြန်မာအသင်းကို ရင်ဆိုင်ခဲ့သည်။
အိုဆာကာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၄ မိနစ်တွင် ဟီရာနိုက သွင်း
ယူပေးခဲ့သည်။ ဆီရိုဇို အိုဆာကာအသင်း၏ နည်းပြချုပ် ဟိုဂျင်အန်းက မြန်မာ့လက်ရွေးစင်အသင်း
နှင့်ပတ်သက်၍ "မြန်မာအသင်းရဲ့အဓိက အားနည်းချက်ကတော့ ကစားသမားတွေ က မိနစ် ၉၀
ပြည့် ကစားနိုင်ဖို့အတွက် ကြံ့ခိုင်မှုအားနည်းနေတယ်လို့ ထင်ပါ တယ်။ ဒီအားနည်းချက်တွေကို
ပြင်နိုင်မယ်၊ ဒီလိုမျိုး နိုင်ငံတကာပြိုင်ပွဲတွေလည်း မကြာ ခဏယှဉ်ပြိုင်ကစားမယ်ဆိုရင်တော့
မြန်မာ အသင်းရဲ့ ခြေစွမ်း ဒီထက်ကောင်းမွန်လာမှာပါ"ဟု သုံးသပ် ပြောကြားခဲ့သည်။














