ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုရှိခဲ့တဲ့ မြန်မာ - ထိုင်း လက်ဝှေ့ပွဲ

ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုရှိခဲ့တဲ့ မြန်မာ - ထိုင်း လက်ဝှေ့ပွဲ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အစည်းအရုံးနဲ့ Royal Zarmani Creation & Innovation တို့
ပူးပေါင်းစီစဉ်ကျင်းပတဲ့ မြန်မာနဲ့ ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ပြီးခဲ့တဲ့ ဇူလိုင် လ ၆ ရက်
နေ့က ရန်ကုန်မြို့၊ သိမ်ဖြူ လက်ဝှေ့ အားကစားရမှာ ကျင်းပခဲ့ပါတယ်။ ဒီရိုးရာ လက်ဝှေ့စိန်ခေါ်
ပွဲကြီးက အရင်က တစ်ခါမှ မပြုလုပ်ခဲ့ဖူးတဲ့ မြန်မာနဲ့ ထိုင်း သီးသန့်တွဲဆိုင်း ၁၀ ဆိုင်းကို ထည့်
သွင်း ကျင်းပခဲ့သလို ထူးခြားတဲ့ ကြိုးဝိုင်း အပြင် အဆင်တွေနဲ့ ခမ်းခမ်းနားနား ကျင်းပ ခဲ့ပါတယ်။

ရိုးရာလက်ဝှေ့ပွဲတွေကို ရုပ်သံ လိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်မပြသတာ ကြာပြီဖြစ်ပေမယ့်
ဒီပွဲကြီးကိုတော့ မြဝတီ ရုပ်သံလိုင်းနဲ့ ှုပ နြအ ရုပ်သံလိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့
တာကြောင့် ရိုးရာ လက်ဝှေ့ပွဲတွေကို စိတ်ပါ၀င်စားသော်လည်း အချိန်အခက်အခဲနဲ့ လက်မှတ်ခ
မတတ်နိုင်လို့ လာမကြည့်နိုင်ကြတဲ့ မြန်မာနိုင်ငံ အနှံ့အပြား က ပရိသတ်တွေရုပ်သံလိုင်းက
တိုက်ရိုက် ကြည့်ရှုနိုင်ခဲ့ကြပါတယ်။

ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပေမယ့်ပွဲကို ကိုယ်တိုင်လာကြည့် နေကြ အမာခံပရိသတ်အများ
အပြားနဲ့ ဒီပွဲကြီး က စည်းကားခဲ့ပါတယ်။ ဒီမြန်မာနဲ့ ထိုင်း ရိုးရာ လက်ဝှေ့ပွဲတွဲဆိုင်း(၁၀)ဆိုင်းမှာ
ထိုင်းဘက် က တစ်ပွဲနိုင်၊ မြန်မာဘက်က လေးပွဲ အနိုင်ရရှိ ခဲ့ပြီး သရေပွဲ ငါးပွဲရှိခဲ့ပါတယ်။ ဒီလို
နိုင်ငံတကာအဆင့်မီ ကြိုးဝိုင်း အပြင်အဆင်၊ အကြိတ်အနယ်ရှိတဲ့တွဲဆိုင်း တွေနဲ့ ပွဲကြီးက ခမ်းနား
ခဲ့ပေမယ့် လက်ရည်မမျှ တဲ့ တွဲဆိုင်းကို စီစဉ်ထားမှု၊ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တချို့ကြောင့်
အငြင်းပွား ဖွယ်ရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လူငယ်လက်ဝှေ့သမားတွေဖြစ်တဲ့ ရဲမြတ် အောင်(အဖြူရောင်သွေးသစ်)နဲ့ ရန်တိုင်းကျော်(၀ါဆို)
တို့ကို ထည့်သွင်းထိုးသတ်စေခဲ့တာက မျိုးဆက်သစ်တွေအတွက် နိုင်ငံ တကာပွဲ ထိုးသတ်ခွင့်
ရလို့ ကောင်းတယ် ဆိုပေမယ့် ပြိုင်ဘက်တွေနဲ့ လက်ရည်မမျှတဲ့ အတွက် မြန်မာဘက်က အထိ
နာခဲ့ပါတယ်။မျိုးဆက်သစ်မြန်မာ့ လက်ဝှေ့သမားတွေက ပြိုင်ဘက်ထိုင်းလက်ဝှေ့သမားတွေကို
အရပ် အမောင်း၊ ပွဲအတွေ့အကြံု၊ ပညာပိုင်းတွေ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ကြပါဘူး။

"လူငယ်လက်ဝှေ့သမားတွေကို နိုင်ငံ တကာပြိုင်ပွဲတွေမှာ နေရာပေးလာကြတာကောင်းပါတယ်။
ဒါပေမဲ့ ပြိုင်ဘက်တွေကိုတော့သေချာ စီစဉ်သင့်ပါတယ်။ အခုဟာ က ဘယ်လိုလက်ရည်မမျှ
တော့ မြန်မာ လက်ဝှေ့သမားတွေ အထိနာခဲ့ရတယ်။ လက်ရည်မမျှတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်
ရတဲ့အတွက်လူငယ်တွေ စိတ်ဓာတ်ကျသွား နိုင်တယ်။ ဒါကြောင့်တွဲဆိုင်းတွေကို သေချာ စီစဉ်
သင့်ပါတယ်"ဟု နဂါးမာန်မြန်မာ့ရိုးရာ လက်ဝှေ့နည်းပြ ဦးကျော်စိုးက ပြောပါတယ်။

တွဲဆိုင်းတွေ အဆင်မပြေတာကြောင့် ပထမပိုင်းပွဲစဉ်တွေ အကြိတ်အနယ်မရှိခဲ့ ပေမယ့် နောက်
ပိုင်းပွဲစဉ်တွေကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ပါ တယ်။ သတ္တိအောင်က ပြိုင်ဘက် ကို
ပွဲစဉ်တစ်လျှောက် ယှဉ်မထိုး နိုင်ခဲ့ပေမယ့် လေးချီမြောက်မှာ ခေါင်းတိုက်ပြီး ပွဲသိမ်း လိုက်နိုင်တာ။
သပြေညိုက ပြိုင်ဘက် ကို အသာစီးက ထိုးသတ်ပြီး အနိုင်ရလိုက်တာ။ ရဲတံခွန်က ဖက်နီခွန်
ခံနိုင်ရည်မြင့်မားတဲ့ လက်ဝှေ့သမားကို အစီးသရေထိုးနိုင်ခဲ့တာ တွေကြောင့် ပွဲက အသက်ဝင်
ခဲ့ပါတယ်။ အရင် စီစဉ်နေကြပွဲတွေလို နိုင်နေကြ ကစားသမားတွေကို ခေါ်ယူထိုးသတ်တာထက်
ဒီပွဲက ပိုထူးခြားခဲ့ပါတယ်။ ပွဲအဆူဆုံးနဲ့ အကြိတ်အနယ်အရှိဆုံးပွဲစဉ်ကတော့ စိုးလင်းဦးနဲ့ ထိုင်း
၀ါရင့်လက်ဝှေ့ကျော်ပါ၀ိတို့ရဲ့ပွဲစဉ်ပါ။

ဒီပွဲမှာ စောဒကတက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပြီး ကြိုးဝိုင်းဒိုင်နဲ့ ခုံဒိုင်ချုပ်ရဲ့ဆုံးဖြတ်ချက်တွေ
ကို ထိုင်းဘက်က မကျေနပ်ချက်တွေရှိခဲ့ပြီး ဝေဖန်ခဲ့ပါတယ်။ စိုးလင်းဦးက ပါ၀ိရဲ့မျက်လုံး လက်
ချောင်းနဲ့ ထိမိတာတွေ၊ ခေါင်းလောင်းတီးပြီးမှ ပါ၀ိက စိုးလင်း ဦးကို လက်သီးနဲ့ထိုးခဲ့သလို စိုးလင်း
ဦး ကလည်း ခြေနဲ့ ပြန်ကန်တာတွေရှိတာ ရှိခဲ့ပါ တယ်။

စိုးလင်း ဦးက ပါ၀ိရဲ့ ပေါင်ကြားကို ဒူးနဲ့ တိုက်မိတာတွေ အတွက်လည်း ဒိုင်ရဲ့တုံ့ပြန်မှုက ကြမ်း
တမ်း လွန်းတယ်၊ မမျှတဘူးလို့ ထိုင်းဘက်က စွပ်စွဲခဲ့ ပါတယ်။ "စိုးလင်းဦးက ခေါင်းလောင်းတီးမှ
ပါ၀ိ ကို ခြေထောက်နဲ့ ကန်ခဲ့ပါတယ်။ နောက်ပြီး ပေါင်ကြားကို ဒူးနဲ့ တိုက်တာလည်း ရှိပါတယ်။
ဒါကို ဒိုင်က ဘာမှအရေးမယူပေးပါဘူး။ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်က မျှတမှုမရှိပါဘူး"လို့ ချာရာဝတ်
က ပြောပါတယ်။

စောဂေါ်မူဒိုနဲ့ ဖာခေါတို့ရဲ့ပွဲစဉ်မှာလည်း ဒိုင်တွေရဲ့ဆုံးဖြတ်ချက်က မမျှတဘူးလို့ ပြောခဲ့ပါတယ်။
"ကျွန်တော် ပွဲမတိုင်မီ နြနအငညါ မှာ တွေ့ဆုံခဲ့စဉ်က အနားတောင်းခွင့်ရှိတယ်လို့ ကျွန်တော်တို့
ကို ပြောထားပါတယ်။ ဒါပေမဲ့ ပွဲယှဉ်ပြိုင်တော့ ကျွန်တော်ဘက်က အနား တောင်းနေတာကို
မတွေ့ပါဘူး။ ကြိုးဝိုင်းဒိုင် တစ်ယောက်အနေနဲ့ နှစ်ဖက်ကစားသမား တွေရဲ့ အုပ်ချုပ်သူတွေကို
ကြည့်သင့် ပါတယ်။ အခုတော့ ကြိုးဝိုင်းဒိုင်က ခုံဒိုင် ချုပ်ကိုပဲကြည့်ပြီး အရာရာဆုံးဖြတ်ချက်
တဲ့အတွက် မမျှတမှုတွေရှိပါတယ်။ ကျွန်တော်တို့ဘက်က ဒါကို ကန့် ကွက်ခဲ့ပေမယ့် ဒိုင်ကတော့
မြန်မာဘက်ကို အနိုင်ပေးခဲ့ ပါတယ်"ဟုထိုင်းလက်ဝှေ့သမားတွေရဲ့ အုပ်ချုပ်သူချာရာဝတ် က
ပြောပါတယ်။

"ပြီးတော့ ကြိုးဝိုင်းဒိုင်ကလည်း ရှုံးသွားတဲ့ လက်ဝှေ့သမား မောင်းထုတ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်။
ဘန်ကောက်မှာဆိုရင် ဒီလိုမဟုတ်ပါဘူး။ ဒိုင်တွေက ညင်ညင်သာသာ ဆက်ဆံပါတယ်။ မြန်မာ
ဒိုင်တွေ ဆက်ဆံပုံ မှားနေတယ်လို့ မြင်ပါတယ်"လို့ ပြောပါတယ်။

ချာရာဝတ်က ဒီပွဲစဉ်မှာ ထိုင်းလက်ဝှေ့ သမားတွေ အရေးနိမ့်ခဲ့ရတဲ့ အဓိကအချက် နဲ့ ပတ်သက်
လို့ "ထိုင်းနဲ့ မြန်မာရိုးရာလက်ဝှေ့ က သိသိသာသာ ကွာခြားချက်တော့ မရှိပါဘူး။ မြန်မာဘက်
က လက်ဝှေ့သမားတွေက ခေါင်းကို အသုံးပြုပြီး တိုက်ခိုက်ကြပါတယ်။ ဒီအချက် က ကျွန်တော်
တို့အတွက် အားနည်းချက် ဖြစ်နေပါတယ်" လို့ ပြောပါတယ်။

ထိုင်းလက်ဝှေ့သမားတွေရဲ့ အုပ်ချုပ်သူ ချာရာဝတ်က မြန်မာဒိုင်တွေရဲ့ ဆုံးဖြတ်ချက် ကို အပြစ်
တင်ခဲ့ပြီး သူတို့ကို နြနအငညါ မှာ သေချာနားလည်အောင် မရှင်းပြဘူးလို့ ဆိုပေမယ့် ဦးကျော်စိုး
ကတော့ "ထိုင်းဘက်က လာရောက်ထိုးသတ်တဲ့သူတွေထဲမှာ မြန်မာနိုင်ငံကို မကြာခဏလာ
ရောက်ထိုးသတ်နေတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နောကျေတဲ့ သူတွေ
အများကြီးပါ၀င်ပါတယ်။ သူတို့ အနေနဲ့ ဒါကို မသိဘူး။ နားမလည်ဘူးဆိုတာမဖြစ်နိုင်ပါဘူး။သူတို့
ရဲ့အရှုံးကို ကာကွယ်တဲ့ အနေနဲ့ပြောတယ်လို့ပဲ ထင်ပါတယ်"လို့ ပြောပါတယ်။

ဦးကျော်စိုးက မြန်မာ့ရိုးရာလက်ဝှေ့ အားကစားတိုးတက်ရန် မျိုးဆက်သစ်လက်ဝှေ့သမားများလို
အပ်သလို မျိုးဆက်သစ် ဒိုင်လူကြီးများ မွေးထုတ်ရန်လိုအပ်ကြောင်း အကြံပေးပြောကြားခဲ့သည်။

"အခုလက်ရှိတာဝန်ယူနေတဲ့ ဒိုင်လူကြီး တွေက အသက်အရွယ်ကြီးပြီး သူတို့ရဲ့ ကျန်းမာရေး
အခြေအနေကလည်း ရှိသေးတယ်လေ။ နောက်ဒီလိုမျိုးနိုင်ငံတကာ ပြိုင်ပွဲ တွေမှာ တာဝန်ယူနိုင်
တဲ့ မျိုးဆက်သစ် ဒိုင်လူကြီးတွေလည်း မွေးထုတ်သင့်ပါတယ်"လို့ ပြောပါတယ်။

ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တစ်ချို့ကို မကျေနပ်လို့ ဝေဖန်ချက်တစ်ချို့ ရှိခဲ့တယ် ဆိုပေမယ့်
ဒီ ဥညန သည ဥညန ငြါ င်္ငါ့အ ဆိုတဲ့ မြန်မာနဲ့ ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ခမ်းနားတဲ့
အပြင်အဆင်တွေနဲ့ အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေက ရိုးရာလက်ဝှေ့ ပရိသတ်အတွက် အားရ
ကျေနပ်စေ ခဲ့ပါတယ်။



ဖတ်ရှုမှုအများဆုံး