တူးတူးနှင့်စောငမန်းတို့ ရင်ဆိုင် ထိုးသတ်ရန်စီစဉ်နေ

တူးတူးနှင့်စောငမန်းတို့ ရင်ဆိုင် ထိုးသတ်ရန်စီစဉ်နေ

မြန်မာပြည် အလွတ်တန်းချန်ပီယံ စောငမန်း (ရွှေဖူး)နှင့် (၂၇)ကြိမ်မြောက် ဆီးဂိမ်း ရွှေတံဆိပ်
ဆုရှင် တူးတူး(နဂါးမာန်)တို့ ရင်ဆိုင် ထိုးသတ်ကြမည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ကို လာမည့်
ဩဂုတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါပွဲစဉ်တွင် အဓိက ပွဲစဉ်အဖြစ် စောငမန်း(ရွှေဖူး)နှင့် တူးတူး(နဂါးမာန်) တို့က ရင်ဆိုင်ထိုး
သတ်သွားမည်ဖြစ်ပြီး အထူး သုံးချီစိန်ခေါ်ပွဲအဖြစ် မြန်မာပြည်ချန်ပီယံ ဟောင်းများဖြစ်သော
ရွှေဝါထွန်းနှင့် လုံးချော တို့၏ပွဲစဉ်ကို ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။

စောဂေါ်မူဒို၊ ရဲတံခွန်အစရှိသော ပရိသတ်အကြိုက် လက်ဝှေ့သမားများ၏ ပွဲစဉ်များလည်း ပါ၀င်ပြီး
စုစုပေါင်းပွဲစဉ် ရှစ်ပွဲ အထိ ထည့်သွင်းကျင်းပသွားရန် စီစဉ်နေ သည်။ တူးတူးသည် နောက်ဆုံး
ပွဲစဉ်အဖြစ် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ထိုင်းလက်ဝှေ့ သမားခရွမ်နျင့် ထိုးသတ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး