မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် လာမည့် ဇူလိုင်လ (၂၂)ရက်နေ့တွင် တရုတ်နိုင်ငံ၊
ဟန်ဇူးမြို့တွင် ကျင်းပပြုလုပ်မည့်(၆)ကြိမ်မြောက်နိုင်ငံတကာဖူဆယ်ပြိုင်ပွဲတွင်ဝင်ရောက်
ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါ(၆)ကြိမ်မြောက်နိုင်ငံတကာဖူဆယ်ပြိုင်ပွဲတွင် အိမ်ရှင်တရုတ်လက်ရွေးစင်ဖူဆယ်
အသင်းအပါအဝင် မြန်မာ၊ဗီယက်နမ်၊အီရန် စသည့်နိုင်ငံလက်ရွေးစင်ဖူဆယ်အသင်းများဝင်ရောက်
ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာလက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်ချုပ်သူ၊နည်းပြ အဖွဲ့ဝင်(၅)
ဦးနှင့်ကစားသမား (၁၄)ဦး စုစုပေါင်း (၁၉)ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အဆိုပါပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်
ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခင် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်ဖူဆယ်အသင်းကိုအ ခြေခံ၍ဖွဲ့စည်း
ထားခြင်းဖြစ်သည်။
အီရန်လူမျိုး နည်းပြ Mr.Khodarahml Aseid ကတာဝန်ယူကိုင်တွယ်လျက်ရှိသည့် မြန်မာ့လက်
ရွေးစင်ဖူဆယ်အသင်းကို နိုင်ငံတကာပြိုင်ပွဲအတွေ့အကြံုရှိသောကစားသမား (၈)ဦးနှင့်၂၀၁၄
Ooredoo ဖူဆယ်ပြိုင်ပွဲမှ ထွက်ပေါ်လာသောမျိုးဆက်သစ်ကစား
သမား(၆)ဦး စုစုပေါင်း (၁၄)ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
"မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲမရှိခဲ့ပါဘူး။
ဒီပြိုင်ပွဲ က၂၀၁၄ခုနှစ်အတွင်းမှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ
ဖြစ်ပါတယ်။လာမယ့်စက်တင်ဘာလမှာ ကျင်းပမယ့် ၂၀၁၄ AFF Futsal Championship ပြိုင်ပွဲ
အတွက်အကြိုပြင်ဆင် မှုအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်တာပါ။ဒီ(၆)ကြိမ်မြောက်နိုင်ငံတကာဖူဆယ်
ပြိုင်ပွဲကိုလည်း အောင်မြင်မှုရရှိဖို့ ထက် လက်ရွေးစင်ကစားသမားတွေ နိုင်ငံတကာပြိုင်ပွဲအတွေ့
အကြံုတွေ ရရှိစေဖို့ဝင်ရောက်ယှဉ်ပြိုင်တာပါ"ဟု မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ၏အဖွဲ့ခေါင်း
ဆောင်ဦးကြည်မင်းသိန်းက မြန်မာတိုင်းမ်ကိုပြောသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ဇူလိုင်လ(၂၂)ရက်နေ့တွင် အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်
တရုတ်လက်ရွေးစင်ဖူဆယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဇူလိုင်လ ၂၃ရက်နေ့တွင်
ဗီယက်နမ်လက်ရွေးစင်ဖူဆယ်အသင်း၊ဇူလိုင်လ (၂၄)ရက်နေ့တွင် အီရန်လက်ရွေးစင်ဖူဆယ်
အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားသွား မည်ဖြစ်သည်။ပြိုင်ပွဲကျင်းပပုံစနစ်မှာ အုပ်စု
ပတ်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပွဲစဉ်အားလုံးအပြီးတွင် အ မှတ်အများဆုံးအသင်းက
ဗိုလ်စွဲမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် လာမည့်စက်တင်ဘာလတွင် မလေးရှားနိုင်ငံ၌အိမ်ရှင်
အဖြစ်လက် ခံကျင်းပမည့်၂၀၁၄ AFF Futsal Championship ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်
အတွက် ပြင် ဆင်လျက်ရှိပြီး ယခုသွားရောက်ယှဉ်ပြိုင်မည့် (၆)ကြိမ်မြောက်နိုင်ငံတကာဖူဆယ်
ပြိုင်ပွဲသည် အဆိုပါ၂၀၁၄ AFF Futsal Championship ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်
အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် င်္ဗင်္ ဖူဆယ်ပြိုင်ပွဲအတွက် အကြို
ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံပူးတွဲလေ့ကျင့်မှုများသွားရောက်ပြုလုပ်မည်ဖြစ်သည်။
"ဒီပြိုင်ပွဲအပြီး ဩဂုတ်လအတွင်းမှာ ထိုင်းနိုင်ငံမှာ ပူးတွဲလေ့ကျင့်မှုတွေသွားလုပ်မှာပါ။
၂၀၁၃ခုနှစ်က ဆီး ဂိမ်းအကြိုပြင်ဆင်မှုအဖြစ်ထိုင်းနိုင်ငံကိုပဲ သွားရောက်လေ့ကျင့်ခဲ့ပြီး
အသင်းအတွက်တော်တော် အထောက် အကူဖြစ်တာတွေ့ရပါတယ်။ဒီနှစ်လဲထပ်သွားပြီး ပူးတွဲလေ့ကျင့်မှုတွေပြုလုပ်သွားပါမယ်။လေ့ကျင့်နေစဉ်ကာလအတွင်းခြေစမ်းပွဲ(၅)ပွဲလောက်
ကစားနိုင်အောင်စီစဉ်ထားပါတယ်။"ဟုဦးကြည်မင်းသိန်းကပြောသည်။
ဓါတ်ပုံ။ Myanmar Football Federation















