ဂန္ထဝင် ဖက်ဒရာကို အကြိတ်အနယ်ကစားပြီး ထိုက်ထိုက်တန်တန် အနိုင်ယူလိုက်တဲ့ ၂၀၁၄ ၀င်ဘယ်လ်ဒန်ချန်ပီယံ ဂျိုကိုဗစ်ရှ်

ဂန္ထဝင် ဖက်ဒရာကို အကြိတ်အနယ်ကစားပြီး ထိုက်ထိုက်တန်တန် အနိုင်ယူလိုက်တဲ့ ၂၀၁၄ ၀င်ဘယ်လ်ဒန်ချန်ပီယံ ဂျိုကိုဗစ်ရှ်

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပတဲ့ ၂၀၁၄ ခုနှစ် ၀င်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲကတော့
ဘရာဇီးလ်နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ တိုက်ဆိုင်နေတာကြောင့် ရုပ်သံလိုင်း
ကနေ တိုက်ရိုက်ကြည့်ရှုကြတဲ့သူတွေအတွက် ဒုတိယဦးစားပေးဖြစ်ခဲ့ရပေမယ့် အင်္ဂလန်က
တင်းနစ်ပရိသတ်တွေကတော့ ဇွဲကောင်းကောင်းနဲ့ စောင့်ကြည့်ခဲ့ကြပါ တယ်။

ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ အနိုင်ရရှိခဲ့ကြတဲ့ အမျိုးသားနဲ့ အမျိုးသမီး ချန်ပီယံနှစ်ယောက်
စလုံးဟာ ၂၀၁၁ ခုနှစ်က အနိုင်ရခဲ့တဲ့သူတွေဖြစ်နေတာပါ။ သူတို့ကတော့ ဆားဘီးယား တင်းနစ်
သမား နိုဗက်ဂျိုကိုဗစ်ရှ်နဲ့ ချက်ရီပတ်ဗလစ် နိုင်ငံသူ ကက်ဗီတိုဗာတို့ပဲ ဖြစ်ပါတယ်။ အမျိုး သမီး
ဗိုလ်လုပွဲကတော့ အတွေ့အကြုံရော လက်ရည်ပါ အစစ အရာရာသာတဲ့ ကက်ဗီ တိုဗာက
ကနေဒါနိုင်ငံက တက်သစ်စ တင်းနစ် မယ် ယူဂျီးနီးဘိုချာ့ဒ်ကို တစ်ဖက် သတ် အပေါ်စီးက
ကစားပြီး ၆-၃၊ ၆-၀ နဲ့ ပြတ်ပြတ် သားသားအနိုင်ယူခဲ့တာပါ။

အမျိုးသားချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုကိုဗစ်ရှ်ကတော့ ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒရာကို
လေးနာရီနီးပါးကြာအောင် ငါးပွဲအပြည့် အကြိတ်အနယ်ကစားပြီးမှ ၆-၇၊ ၆-၄၊ ရ-၆၊ ၅-၇၊ ၆-၄ နဲ့
ခက်ခက်ခဲခဲအနိုင် ယူပြီး သူ့ရဲ့ ဒုတိယမြောက် ၀င်ဘယ်လ်ဒန်သရဖူကို ရခဲ့တာပါ။ ၀င်ဘယ်လ်ဒန်
မတိုင်ခင် ကျင်းပတဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာလည်း နောက်ဆုံးဗိုလ်လုပွဲရောက်ခဲ့တဲ့ ဂျိုကိုဗစ်ရှ်
ဟာ ဒီနှစ်ပြိုင်ပွဲမစခင် နိုင်ခြေအဆင့် သတ်မှတ်ချက်မှာ အဆင့်(၁) နေရာမှာ သတ် မှတ်ခံခဲ့ရပြီး
အဲဒီလိုထင်ကြေးပေးခံရတဲ့ အတိုင်းပဲ အနိုင်ရရှိခဲ့တာကြောင့် သူ့အတွက် ကျေနပ်စရာအတိ ဖြစ်ခဲ့
ရပါတယ်။

ဂျိုကိုဗစ်ရှ်ကိုယ်တိုင်ကလည်း မနှစ်က ဗိုလ်လုပွဲ မှာ သူ့ကိုအနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံ ဗြိတိန်
တင်းနစ်သမား အင်ဒီမာရေး၊ အခုပြိုင်ပွဲမစခင် အထိ ကမ္ဘာ့အဆင့် (၁) နေရာမှာရှိတဲ့ စပိန်
တင်းနစ်သမား ရာဖေးလ်အားလ်နာဒါးလ်နဲ့ ၀င် ဘယ်လ်ဒန် ချန်ပီယံ ဆုကို ခုနစ်ကြိမ်တိုင်တိုင်
အနိုင် ရထားတဲ့ ဆွစ်ဇာ လန်တင်းနစ် သမား ရော်ဂျာဖက်ဒရာ တို့ကိုကျော် လွန် ပြီး ချန်ပီယံ
ဖြစ်နိုင်ခြေရှိ တယ်လို့ ဦးစားပေးသတ် မှတ်ခံခဲ့ရတာကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပြီး အနိုင်
ရဖို့ တော်တော်ခက်လိမ့်မယ်လို့လည်း ပြိုင်ပွဲမစတင်မီက ပြောခဲ့ပါတယ်။

တကယ်တမ်း ပြိုင်ပွဲစတော့လည်း သူထင်ထားတဲ့အတိုင်း နဒါးလ်၊ မာရေးနဲ့ ဖက်ဒရာတို့အားလုံး
လက်စွမ်းပြပြီး တောက်လျှောက်အနိုင်ရခဲ့ကြပါတယ်။ မျက်ခင်းပြင်ကွင်းမှာ ကစားရတဲ့
၀င်ဘယ်လ်ဒန်ပြိုင်ပွဲမှာ လက်ရည်အကောင်း ဆုံးတင်းနစ်သမားလို့ သတ်မှတ်ခံရတဲ့ ဖက်ဒရာ
ဆိုရင် နောက်ဆုံးဗိုလ်လုပွဲရောက် တဲ့အထိ စုစုပေါင်းခြောက်ပွဲကစားခဲ့ရပြီး ပွဲလတ် (set)တစ်ပွဲပဲ
ရှုံးခဲ့ပါတယ်။ သူ့လိုပဲ လက်စွမ်းပြလာကြတဲ့ နဒါးလ်နဲ့ မာရေးတို့ ကတော့ စတုတ္ထအဆင့်မှာ မထင်
မှတ်ပဲ ရှုံးနိမ့်ခဲ့ကြပြီး လက်ရှိ ဆုကြေးစားတင်းနစ် လောကကို လွှမ်းမိုးထားတဲ့နာမည်ကျော်
တင်းနစ်သမားတွေထဲက နှစ်ယောက်မပါ တော့တဲ့ ကွာတားဖိုင်နယ်နဲ့ အကြိုဗိုလ်လုပွဲ တွေက
တော့ ထင်သလောက် ကြည့်မကောင်း ခဲ့ပါဘူး။


 

နဒါးလ်ဟာ အသက် ၁၉ နှစ်သာရှိသေး တဲ့ ဩစတြေးလျတင်းနစ်သမား နစ်ခ်ကာ ဂျီးယိုးစ်ကို
ရှုံးခဲ့ပြီး လက်ရှိချန်ပီယံ မာရေး ကလည်း ဘူဂေးရီးယားတင်းနစ်သမား ဒီမီထရော့ဖ်ကို ရှုံးခဲ့ကြ
တာပါ။ ဇူလိုင်လ ၆ ရက်နေ့က လန်ဒန်မြို့ရဲ့ အနောက်တောင်ဘက်က ၀င်ဘယ်လ်ဒန်မှာရှိတဲ့
All Engaland Club ရဲ့ Center Court မှာ ယှဉ်ပြိုင်ကစားရတဲ့ ၀င်ဘယ်လ်ဒန်ဗိုလ်လုပွဲ
ကိုကြည့်ဖို့ တင်းနစ်ပရိသတ်တွေအတွက် ကံကောင်းသွားတာကတော့ ဒီပွဲကစားတဲ့ရက်ဟာ
ကမ္ဘာ့ဖလားနားတဲ့ရက်နဲ့ တိုက်ဆိုင်သွားတာပါပဲ။ ကစားကြမယ့် တင်းနစ်သမား နှစ်ယောက်
ကလည်း တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိနေကြတဲ့ ဂျိုကိုဗစ်ရှ်နဲ့
ဖက်ဒရာတို့ဖြစ်လို့ ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေရရှိထားပြီး ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့
ဖက်ဒရာ ရဲ့ လောင်းရိပ်အောက်မှာ ဂျိုကိုဗစ်ရှ် တစ်ယောက်သိမ်ငယ်စွာနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ပါ။
ဒီအချက်ကို ပိုပြီးထင်ရှားစေတာကတော့ ပွဲကစားချိန်အတွင်း အမှတ်တစ်မှတ်ပြီးတိုင်း အားပေး
ကြတဲ့အချိန်မှာ ဖက်ဒရာ အနိုင်ရ တဲ့ အမှတ်ဆိုရင် ပရိသတ်အားလုံးနီးပါး အချိန်အတော်ကြာ
အောင် လက်ခုပ်တီးအားပေးကြတာက သက်သေပါ။ ဒါပေမဲ့ ဆုကြေးစားတင်းနစ်သမားပီပီ
ဂျိုကိုဗစ်ရှ် တစ်ယောက် ဒီအခြေအနေကို ကြိုးစား ကျော်ဖြတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ၀င်ဘယ်လ်ဒန်ချန်ပီယံ ဂျိုကိုဗစ်ရှ်

ပထမပွဲလတ်ကတော့ သူတင်ကိုယ်တင် ကစားလာကြပြီး ပွဲငယ်ခြောက်ပွဲစီ တူနေလို့ The Break
အဆုံးအဖြတ်ကစားရပြီး ဖက်ဒရာက နိုင်ခဲ့ပါတယ်။ ဒုတိယပွဲလတ်ကို ဂျိုကိုဗစ်ရှ်က ပြန်နိုင်ခဲ့ပြီး
တတိယပွဲလတ်မှာလည်း ွှငန မြနေု ကစားခဲ့ရပြီး ဂျိုကိုဗစ်ရှ် က ထပ်နိုင်ခဲ့လို့ ပွဲလတ်နှစ်ပွဲ တစ်ပွဲနဲ့
ဦးဆောင် နေခဲ့ပါတယ်။ စတုတ္ထပွဲလတ်မှာလည်း ဂျိုကို ဗစ်ရှ်ကပဲ ဦးဆောင်ကစားပြီး ပွဲငယ် ၅-၂
နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီအမှတ်ရောက် တဲ့ အချိန်မှာလည်း စပေးဘောကို ဂျိုကိုဗစ်ရှ် ကပေးရတာပါ။ ဒါကြောင့်
အားလုံးက ပွဲပြီး တော့မယ်လို့ ထင်ထားကြပါတယ်။ ဒါပေမဲ့ လည်း ပရိသတ်အချစ်တော်
ဖက်ဒရာကို လာကြည့်ကြတဲ့ ပရိသတ်အားလုံးနီးပါးက တစ်ခဲနက်အားပေးကြလို့ ဖက်ဒရာ
အားတက် လာပြီး သူ့အရွယ် အသက် ၃၂ နှစ်နဲ့ မလိုက်အောင်ကို လျင်လျင်မြန်မြန်လှုပ်ရှားပြီး
တိကျ တဲ့ရိုက်ချက်တွေနဲ့ ယှဉ်ပြိုင်ခဲ့လို့ စိတ်ဓာတ် ပိုင်းဆိုင်ရာအားနည်းသွားတဲ့ ဂျိုကိုဗစ်ရှ်
တစ်ယောက် အမှားတွေများပြီး ဘယ်လိုမှ မတတ်နိုင်အောင်ကို ဖြစ်ခဲ့ရပါတယ်။

အမှန် ဆိုရင် ဂျိုကိုဗစ်ရှ်ဟာ အဲဒီစတုတ္ထပွဲလတ်ရဲ့ ပွဲငယ်ကိုးခုမြောက်မှာ ချန်ပီယံဖြစ်နိုင်မယ့်
Championship Point အထိတောင် ရခဲ့ ပေမယ့် စိတ်ကိုတည်ငြိမ်အောင် မထိန်းနိုင် လို့
သူအနိုင်မရခဲ့ပါဘူး။

ဒါကြောင့်လည်း ဖက်ဒရာက ပွဲငယ်ငါးပွဲဆက်တိုက်အနိုင်ကစားပြီး ရ-၅ နဲ့ ဒီစတုတ္ထပွဲလတ်ကို
အနိုင်ရခဲ့ပြီး တစ်ယောက်ကို ပွဲလတ် နှစ်ပွဲစီနဲ့ ပြိုင်ပွဲ ကလည်း အကြိတ်အနယ်ရှိခဲ့ပါတယ်။
ကစား ချိန်ကလည်း သုံးနာရီနဲ့ ၁၀ မိနစ် စွန်းစွန်း ရှိလာပါပြီ။ ထုံးစံအတိုင်း နောက်ဆုံး အဆုံး
အဖြတ်ပွဲ ဖြစ်တဲ့ ပ ဉ္စမမြောက်ပွဲလတ်ကို ဆက်ကစားကြ ပါတယ်။ ဒီပွဲကတော့ ကွင်းထဲမှာကြည့်
နေကြ တဲ့ ပရိသတ်တွေရာ ရုပ်သံလိုင်းကနေ တိုက်ရိုက်ကြည့်ကြတဲ့ တစ်ကမ္ဘာ့လုံးက တင်းနစ်
ပရိသတ်တွေပါ ရင်တထိတ်ထိတ်ဖြစ်ခဲ့ရပါ တယ်။

နောက်ဆုံးပွဲဖြစ်တာကြောင့်လည်း ဘယ်သူနိုင်မယ်လို့ ခန့်မှန်းလို့မရတော့ပါဘူး။ နောက်ဆုံးမှာ
တော့ ပွဲစဉ်တစ်လျှောက်လုံး အကြိမ်ကြိမ်ချော်လဲပြီး ဒဏ်ရာတွေလည်း ရကာ ဇွဲကောင်းလှတဲ့
ဂျိုကိုဗစ်ရှ်က ထိုက်ထိုက်တန်တန်အနိုင်ယူခဲ့လို့ ဖက်ဒရာရဲ့ ရှစ်ကြိမ်မြောက် ၀င်ဘယ်လ်ဒန်
သရဖူအိပ်မက်လည်း ပြည့်လုနီးမှ ပျက်ပြယ်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲကို အနိုင်ရလိုက်လို့ ဂျိုကိုဗစ်ရှ်
ဟာ သူ့ရဲ့ ကြေးစားတင်းနစ်သမားသက်တမ်း တစ်လျှောက် ခုနစ်ကြိမ်မြောက် Grand Slam
ချန်ပီယံဆုကိုရခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့အောင်မြင်မှုက ဖက်ဒရာရဲ့ အစွန်းထွက် ပဲရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့
ဖက်ဒရာက ွမညေိ ှူော ချန်ပီယံဆုပေါင်း ၁၇ ခုရထားတဲ့ တစ်ဦးတည်းသော တင်းနစ်သမား ဖြစ်ပြီး
သူ့အနောက်မှာတော့ ရာဖေးအားလ် နဒါးလ်နဲ့ အနားယူသွားပြီဖြစ်တဲ့ အမေရိကန်တင်းနစ်သမား
ပိဆမ်းပရပ်စ်တို့က ၁၄ ဆုစီနဲ့ ရှိနေကြလို့ ဒီလိုအောင်မြင်မှုတွေကို အရယူနိုင်အောင် လက်ရှိ
အသက် ၂၇ နှစ်ရှိပြီ ဖြစ်တဲ့ ဂျိုကိုဗစ်ရှ်တစ်ယောက် အများကြီး ကြိုးစားရဦးမှာပါ။

ဘာပဲဖြစ်ဖြစ် ဇူလိုင်လ ရ ရက်နေ့က ပြန်လည်သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ
aတာ့ ဂျိုကိုဗစ်ရှ်ဟာ အခုလို ၀င်ဘယ်လ်ဒန်ချန်ပီယံဖြစ်ခဲ့လို့ အဆင့် (၁) နေရာကို ရောက်ခဲ့ပါပြီ။
နဒါးလ်ကတော့ အဆင့် (၂) ကိုကျသွားပြီး ဖက်ဒရာ တစ်ဆင့်တက်ကာ အဆင့် (၃) ကိုရောက်
ခဲ့ပါ တယ်။ သူ့အောက်မှာတော့ ကွာတားဖိုင်နယ် မှာ သူအနိုင်ယူခဲ့တဲ့ တစ်နိုင်ငံတည်းသား ဆွစ်
ဇာလန်တင်းနစ်သမား စတန်နစ်လာ ဗာဗင်ကာက အဆင့် (၄) နဲ့ ရှိနေပြီး အင်ဒီမာရေးကတော့
အဆင့်ငါးဆင့်ကျသွားပြီး အဆင့် (၁၀) ကိုရောက်သွားပါတယ်။ ဂျိုကိုဗစ်ရှ်အတွက်ကတော့
အချိုပေါ်သကာဆင့်လို့ ပြောရမလိုပါပဲ။

ဘာကြောင့် လဲဆိုတော့ သူနဲ့နှစ်ရှည်လများတွဲလာတဲ့ အတူနေချစ်သူ ဂျလီနာ ရစ်စတစ်နဲ့ ဇူလိုင်
လ ၉ ရက်နေ့မှာ မွန်တီနီဂရိုးနိုင်ငံက တီဗက်မြို့ မှာ အရင်းနှီးဆုံး မိတ်ဆွေနဲ့ သူငယ်ချင်းတွေ ကို
ပဲ ဖိတ်ကြားပြီး မင်္ဂလာပွဲကျင်းပမှာဖြစ်ပြီး မကြာခင်မှာလည်း သူတို့ရဲ့ပထမဦးဆုံး ကလေးကို
ရရှိတော့မှာ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး