နယ်သာလန်ရဲ့ အားသာချက်၊ အားနည်းချက်

နယ်သာလန်ရဲ့ အားသာချက်၊ အားနည်းချက်

၂၀၁၄ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှစ၍ အင်္ဂလိပ်မီဒီယာသည် မန်ယူနည်းပြဖြစ်လာ မည့်
လူးဝစ္စဗန်ဟားလ်ကို တောက်လျှောက် အာရုံစိုက်လာသည်။ ဒါကလည်း ဖြစ်သင့် သည်။

သူတို့ မျက်စိဒေါက်ထောက်ကြည့်ရ မည့် အင်္ဂလန်အသင်းသည် အုပ်စုအဆင့်တွင် ပြုတ်သွား
ပြီးနောက် သူတို့ပရိသတ် စိတ်ဝင်စား မည့်အရာကို အမြန်ဆုံး ရှာဖွေအစားထိုးမှု ပြုလုပ်ရတော့
မည် မဟုတ်ပါလား။ အင်္ဂလိပ်မီဒီယာက လက်ရှိဟော်လန်အသင်းကို ကိုင်တွယ်နေသော
လူးဝစ္စဗန်ဟားလ်ကို နည်းပရိယာယ်ပိုင်းကျွမ်းကျင်သူပိုင်နိုင်သူ၊ ဆုံးဖြတ်ချက်မှန်သူအဖြစ်
ပုံဖော်လာသည်ကို တွေ့ရသည်။

အင်္ဂလိပ်မီဒီယာများ ပထမဆုံး ထောက်ပြ သောအချက်မှာ ဗန်ဟားလ်သည် ဟော်လန်တို့၏
နာမည်ကျော် တိုတယ်ဖွတ်ဘော (အသအေူ ်သသအဘေူူ) ကစားဟန်ကို သုံးယောက်တိုက်
စစ်ပုံစံဘက်သို့ အားပြုသော ၄ဪ၃ဪ၃၊ တန်ပြန် တိုက်စစ်ကို ထိရောက်စွာကစားနိုင်သော
၅-၃-၂ ပုံစံများဖြင့် ကျွမ်းကျင်စွာ ပေါင်းစပ် ကစားနိုင်ခြင်းဖြစ်သည်။ အုပ်စုသုံးပွဲ၊ ရှုံးထွက်နှစ်ပွဲ
ကစားပြီးချိန်ထိ ဟော်လန်နည်းပြ ဗန်ဟားလ်သည် နည်း ပရိယာယ်ပိုင်နိုင်ပြီး တစ်ပွဲချင်း game
plan ချမှတ်ရာတွင် ပီပြင်သည်ဟု အင်္ဂလိပ်မီဒီယာ အချို့က ထောက်ပြသည်။

အထူးသဖြင့် ဟော်လန်အသင်းသည် တိုက်စစ်မှ ခံစစ်၊ ခံစစ်မှ တိုက်စစ်သို့ ရုတ်တရက်
အသွင်ကူးပြောင်းရာတွင် ထိရောက်ကျွမ်းကျင်သည်။ ကစားကွက် တစ်ခုမှ တစ်ခုသို့ ကူးပြောင်း
ရာတွင် ကစားသမားများသည် နည်းပြလိုချင် သော ပုံစံသို့ 'ချောကနဲ' ၀င်သွားသောကြောင့်
ကစားကွက်ပြောင်းလို့ ပြောင်းမှန်းပင် မသိနိုင် လောက်အောင် ညက်ညောသည်။

တိုက်စစ်အားသန်သူကို အများဆုံး ထည့် သုံးလေ့ရှိသောကြောင့် ဟော်လန်တို့၏ 'တိုတယ်ဖွတ်
ဘော' ကစားဟန်သည် ရုပ်လုံး 'ကြွ'လေ့ရှိသော်လည်း ဗန်ဟားလ်သည် ဟော်လန်ကစားသမား
များကို ခံစစ်တွင် ပိုမိုလိုက်ပါကစားစေခြင်းဖြင့် ပြိုင်ဘက်ကစားသမားများအတွက် နေရာကွက်
လပ်လွတ် (ျစခေန) များကို လျှော့ချခြင်း၊ ဖြတ်တောက် ခြင်းများ ပြုလုပ်နိုင်ခဲ့သည်။

အင်္ဂလိပ်မီဒီယာတွေက မီးမောင်းထိုးပြ သောဒုတိယအချက်မှာ ရော်ဘင်ကိုနေရာ ချထားခြင်း
ဖြစ်သည်။ အ မှန်တကယ်တွင်ရော်ဘင် သည် ဘယ်သန် တောင်ပံတိုက်စစ်သမားသာ ဖြစ် သည်။

သို့ရာတွင် နည်းပြဗန်ဟားလ်သည် ဘိုင်ယန်မြူနစ်နည်းပြ ဖြစ်လာခဲ့သောအခါ ရော်ဘင်ကို တိုက်စစ်မှူးအဖြစ် ပြောင်းရွှေ့ နေရာချထားရာ အောင်မြင်ခဲ့ပြီး ရော်ဘင်၏ အခန်းကဏ္ဍသည်
လည်း မြင့်တက်လာသည်။ ယင်းနောက်ပိုင်းတွင် ရော်ဘင်ကို တောင်ပံ တိုက်စစ်သမားထက်
တိုက်စစ်မှူးနေရာ သုံးရကောင်းမှန်းသိလာကြသည်ဟု ဂါးဒီးယန်း သတင်းစာ ဆောင်းပါးရှင်
မိုက်ကယ်ကော့စ် က ရေးသားသည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဟော်လန်နည်းပြ ဗန်ဟားလ်သည် ရော်ဘင်ကို တောင်ပံ နှစ်ဖက်
စလုံးတွင် လွတ်လပ်စွာ ပြောင်းရွှေ့ ကစားစေသည်။ ရော်ဘင်သည် ပြိုင်ဘက်အနေအထားပေါ်
ကြည့်ကာ ဘယ်၊ ညာ တောင်ပံခံစစ်နှစ်ဖက်ကို ရွှေ့ပြောင်းထိုးဖောက် သောကြောင့် ပြိုင်ဘက်
အသင်းသည် ရော်ဘင်ကို ပုံသေလူကပ်ကစားဖို့ (man marketing) အခွင့်မသာတော့ဘဲ
ကွင်းလယ်ခံစစ်သမားတစ်ယောက်သည် ရော်ဘင်နှင့် အနီးဆုံးနေရာသို့ ဆင်းလာရတော့သည်။

သို့ရာတွင် ဗန်ဟားလ်က ရော်ဘင်ကို ဗန်ပါစီနှင့်တွဲပြီး တိုက်စစ်မှူးနေရာသို့ လည်း ပို့ထားပြန်
သည်။ ထိုအချက်သည် ဟော်လန်အသင်း တိုက်စစ်ဆင်လာ သောအခါတွင် ဗန်ပါစီနှင့် ရော်ဘင်
တို့ နှစ်ယောက် နေရာယူပုံ၊ ရွေ့လျားပုံ များကို ကြည့်ပါက သဘော ပေါက်နိုင်သည်။

ရော်ဘင်ကို ဗန်ပါစီနှင့်တွဲပြီး တိုက်စစ်မှူး နေရာ ချထားလိုက်ချိန်တွင် ရှနိုက်ဒါက ကစားကွက်
ပုံဖော်သူဖြစ်လာပြီး ကွင်းလယ် နှင့် တိုက်စစ်ကြားမှာ ဟန်ချက်ညီအောင် 'ထိန်း'ပေးသော
နည်းဗျူဟာချမှတ်ခဲ့သည်။

သို့ကလိုကြောင့် ဟော်လန်အသင်းသည် 'တိုတယ်ဖွတ်ဘော'နှင့် သုံးယောက်တိုက်စစ်
(three men attack) ကစားဟန်တို့ကို ပေါင်းစပ်သည့် 'စပ်ကြား' အသင်း ဖြစ်လာသည်။

သို့ရာတွင် ရော်ဘင်နှင့်ပတ်သက်သော အဓိကအားနည်းချက်နှစ်ခုကို ထောက်ပြ သည်။
ပထမတစ်ချက်မှာ အဆုံးသတ်ဂိုးသွင်းယူ မှု ညံ့ဖျင်းသူ ဖြစ်သည်။ ဒုတိယ အချက်မှာ ပြိုင်ဘက်
အသင်း ပင် နယ်တီဧရိယာထဲတွင် ဟန်ဆောင် ဒိုင်ဗင်ထိုးတတ်သည်။ ရော်ဘင်သည် ဘောလုံး
အလိမ်အခေါက် ကျွမ်းကျင်ပြီး ထိုးဖောက်ကစားနိုင်စွမ်း ရှိသော်လည်း ဟော်လန်တိုက်စစ်ကို
ဦးဆောင်ပုံဖော်နိုင်မှု နည်းပါးသည်။

တစ်ခါတစ်ရံတွင် တစ်ကိုယ်ကောင်းဆန်သူ၊ ဘောလုံးကို တစ်ကိုယ်တော် 'ကိုင်'ကစားသူအဖြစ်
ဝေဖန်ခံရသည်။ သို့ရာတွင် ရော်ဘင်သည် အောက်ထိလိုက်ဆင်းပြီး တောင်ပံနှစ်ဖက်လုံးတွင်
ဖြန့်ထွက်နိုင်သော ကစားသမားအမျိုးအစား ဖြစ်သည်။ အင်္ဂလိပ်မီဒီယာများက မီးမောင်းထိုးပြ
သော နည်းပြဗန်ဟားလ်၏ နည်းပရိယာယ် ပိုင်း ကျွမ်းကျင်ပိုင်နိုင်သည့် တတိယအချက် မှာ
တိုက်စစ်သမားများကို နောက်ခံလူ (full back) အဖြစ် ထည့်သွင်းရင်းမှ တိုက်စစ်တွင် ထိရောက်
စွာ လိုက်ပါကစားနိုင်ခြင်း ဖြစ် သည်။

ကော်စတာရီကာနှင့် ပွဲတွင် ်ကူူဘခေု အဖြစ် နေရာချထားခြင်းခံရ သော ဒါ့ကောက်သည်
ပြိုင်ဘက်ကို pressing လုပ်ရာတွင် အန္တရာယ်ပေးနိုင်သူ ဖြစ်လာ သည်။ ဗန်ဟားလ်၏
နည်းဗျူဟာကျွမ်းကျင်မှု မှာ တိုက်စစ်အားသန်သော ဒါ့ကောက်ကို ်ကူူဘခေု နေရာချပြီး
တောင်ပံခံစစ်မှ တောင်ပံတိုက်စစ်ကို လိုက်ပါကစားစေခြင်း ဖြစ်သည်။

လီဗာပူးတွင်ရှိစဉ်က တိုက်စစ်မှူး ဖြစ်ခဲ့သူ ဒါ့ကောက်သည် ဟော်လန် ညာ တောင်ပံတွင်
တိုက်စစ်သမားအဖြစ် ပြိုင်ဘက် ဘယ်တောင်ပံ ခံစစ်ဇုန်ထဲသို့ မကြာခဏ တက်ရောက်
'ဖိ'ကစားနိုင်သည်။ ဟန်တယ်လာကို ထည့်သွင်းလိုက်သောအခါတွင် တိုက်စစ်မှူးလေး
ယောက် ထည့်သုံးထားသော်လည်း နေရာအလိုက် လုပ်ဆောင်ရ သည့် တာဝန်များ ကွဲပြားပြီး
ထိရောက်မှုရှိနေ ခြင်းမှာ နည်းပြဗန်ဟားလ်၏ နည်းဗျူဟာ ကျွမ်းကျင်ပိုင်နိုင်မှု တစ်ရပ်ပင်ဖြစ်သည်။

တစ်ဖန် အုပ်စုပွဲစဉ်များအတွင်း ကွင်းလယ် လူ မန်ဖစ်ဒီပေးကို လူစားလဲထည့်ပြီး ကစားကွက်
ပြောင်းလဲကာ ပြိုင်ဘက်ကို အသာစီးရယူသွားသော နည်းပရိယာယ်ကို ဟော်လန်နည်းပြ
၏လူးဝစ္စဗန်ဟားလ်က ထိထိရောက် ရောက် အသုံးချသွားသည်။ အများစု၏ အာရုံ သည်
ရော်ဘင်ပေါ်တွင် ရောက်နေသော် လည်း မန်ဖစ်ဒီပေးသည် လူစားဝင်ကာ ပြိုင်ဘက်ကို
ဒုက္ခပေးသွားတာကိုတော့ ပရိသတ်တွေ သတိမပြုမိလိုက်ကြောင်း ဂါးဒီယန်းသတင်းစာဆောင်း
ပါးရှင် မိုက်ကယ်ကော့စ်က ထောက်ပြသည်။ အင်္ဂလိပ်မီဒီယာများ မီးမောင်းထိုးပြသော စတုတ္ထ
အချက်မှာ ကော်စတာရီကာနှင့်ပွဲတွင် ဂိုးသမား တင်ခရူးလ် ကို လူစားလဲထည့်လိုက်ခြင်း
ဖြစ်သည်။

ပုံမှန်စဉ်းစားမည်ဆိုလျှင် တိုက်စစ်အားသန်ပြီး ကစားကွက်စီးမိနေသော ဟော်လန်အသင်း
အတွက် လူစား လဲထည့်မည် ဆိုလျှင် တိုက်စစ်သမားတစ်ယောက်ကိုသာ ထည့်သွင်း ပြီး
ပြိုင် ဘက်ကို 'ဖိအား' ပေးခြင်းသာ ဖြစ်မည်။ သို့ရာတွင် နည်းပြ ဗန်ဟားလ်ကတော့ အခြေ
အနေ ကို ခြံုငုံပြီး ပင်နယ်တီအဆုံးအဖြတ် ကန်သွင်း ရဖွယ်ရှိသည်ဟု ယူဆပုံရသည်။

သို့ကလို ကြောင့် ပင်နယ်တီကာကွယ်ရာတွင် ပိုမိုစိတ်ချရသော တင်ခရူးကို အမှတ် မထင်
ထည့်သွင်းလိုက်သည်။ သို့ရာတွင် ယင်းဆုံးဖြတ်ချက်သည် ဟော်လန်တို့ ပင်နယ်တီဖြင့်
နိုင်သွားသောကြောင့် ဗန်ဟားလ် တစ်ယောက် ချီးကျူးခံရပြီး တင်ခရူးလ်မှာ လူစွမ်းကောင်း
ဖြစ်သွားသော်လည်း အတိမ်း အစောင်းဖြစ်ခဲ့ပါက ဗန်ဟားလ် သည် လက်ညှိုးထိုးဝေဖန်မှုများ
ကို မလွဲမသွေ ရင်ဆိုင်ရဖွယ်ရှိသည်။ အင်္ဂလိပ်မီဒီယာများက ဟော်လန် နည်းပြ ဗန်ဟားလ်
နည်းဗျူဟာ ကျွမ်းကျင် ပိုင်နိုင်ခြင်းနှင့် ဆုံးဖြတ်မှန်ကန်ခြင်း များကို မီးမောင်းထိုးပြချိန်မှာပင်
နည်းစနစ်ပိုင်းအရ ကသိ ကအောက်ဖြစ်မှု (အနခ့ညငခေူ ကဈနအ) ကို လည်း ဖော်ပြကြသည်။

အားထားရသော ကွင်းလယ်လူ ဒီဂျောင်းသည် ဒဏ်ရာရသွား သောကြောင့် ဟော်လန်အသင်း၏
ဘယ်ခြမ်း သည် 'ဟာ'သွားသည်။ ဒီဂျောင်းသည် ပြိုင်ဘက် အသင်း၏ ဘောလုံးပိုင်ဆိုင်မှုနှင့်
တိုက်စစ် အားကို 'ချပစ်'ရာတွင် အရေးပါသော ကစား သမားဖြစ်ကြောင်း အုပ်စုပွဲစဉ်များတွင်
သက်သေပြခဲ့သည်။

သို့ရာတွင် ကော်စတာရီကာနှင့်ပွဲတွင် ဟော်လန်ဘယ်ခြမ်းကို 'ကျားကန်ဖြည့်ဆည်း' ရာ၌
မန်ဖစ်ဒီပေးကို ထည့်သွင်းခြင်းသည် အကောင်းဆုံး လူစားထိုးမှုပင် ဖြစ်သည်။ ဒီပေးသည် ဘယ်တောင်ပံတိုက်စစ်သမား ဖြစ်သောကြောင့် ဟော်လန်ဘယ်ခြမ်းတွင် ခံစစ်ပိုင်း အားနည်းခြင်း
ကို တိုက်စစ်ပိုင်း အား ဖြည့်လိုက်ခြင်းဖြင့် အသွင်မတူသောနည်း ပရိယာယ်ကျင့်သုံးမှုဖြင့် ဖြေရှင်း
သွားသည်။

ဒုတိယပိုင်း၌ ကော်စတာရီကာခံစစ် 'ဟိုက်'သွားသောအခါ နည်းပြဗန်ဟားလ် သည် ဒီပေးကို
ထုတ်ပြီး 'ကစားပေါက်'တူသော ဂျာရီမိန်းလန်းစ်ကို ထည့်သွင်းသည်။ သို့ရာတွင် ကော်စတာရီကာ
ခံစစ်ကြောင်းကို လှုပ်ခါ သွား အောင် 'ပျော့ကွက်'များ ဖော်ထုတ်ရန် လိုအပ်လာချိန်တွင်
တိုက်စစ်မှူး ဟန်တယ်လာကို ထည့်သွင်းလိုက်သည်။

ဟန်တယ်လာ ၀င်လာပြီးနောက် ကော်စတာရီကာခံစစ်ကြောင်းသည် ပို၍ 'လှုပ်'သွားသည်။
ဆိုရပါလျှင် အင်္ဂလိပ်မီဒီယာက မန်ယူ နည်းပြဖြစ်လာမည့် ဗန်းဟားလ်၏ နည်းစနစ် ပိုင်း ကျွမ်း
ကျင်ပိုင်နိုင်မှုကို ဖော်ထုတ်ကာ 'ဖွ'ခဲ့ ကြသည်။ သူတို့ 'ချပြ'သည်မှာ ဘောလုံးကစားရာ၌ ကွင်း
ထဲတွင် ကစားနေသော ဘောလုံး သမားများကသာ နောက်ဆုံးတွင် အောင်ပွဲကို ရယူပေးနိုင်သည်။

သို့ရာတွင် နည်းပြတစ်ယောက်အနေဖြင့် ကစားသမားတွေကို တွန်းတွန်းတိုက်တိုက် ကြိုးစားချင်
စိတ်ဖြစ် အောင်နှင့် ၎င်းတို့၏ အကောင်းဆုံးအစွမ်း အစများ ထွက်ပေါ်လာအောင် အခြေအနေ
များ ဖန်တီးပေးနိုင်သည်။ နည်းပရိယာယ်ပိုင်း အရ ပြုပြင်ပေးနိုင်သည်။ သို့ကလို အကွက်ချ
လုပ်ဆောင်သော အပိုင်းတွင် ဗန်ဟားလ် သည် 'ဆရာကြီးတစ်ပါး' ဆိုတာကို အင်္ဂလိပ် မီဒီယာ
များက မီးမောင်းထိုးပြလိုက်သည်ဟု ဆိုရမည်။



ဖတ်ရှုမှုအများဆုံး